စတုတ္ထ အကြိမ် လွတ်ငြိမ်း ချမ်းသာခွင့်နှင့် စပ်လျဉ်း၍ နယ်ပယ် အသီးသီးမှ ပညာရှင် များ၏ သဘောထား အမြင်

ဒေါက်တာ အောင်ထွန်းသက်
(ကုလသမဂ္ဂ အကြီးတန်းအကြံပေးအရာရှိ)
“စတုတ္ထအကြိမ် လွတ်ငြိမ်းချမ်းသာ ခွင့်ကိစ္စ ကတော့ ကြိုဆိုရမှာပေါ့။ ပြည်သူ လူထုကလည်း လိုလားတယ်လေ။ အခုဆို ရင် စတုတ္ထ အကြိမ်မြောက်ရှိပါပြီ။ ယုံ ကြည်ချက် ကြောင့် အကျဉ်းချ ခံနေရသူတွေ ရှိနေသေးတယ် ဆိုတဲ့ကိစ္စဟာ နောင်အချိန် မှာ ပြောစရာ၊ ထည့်သွင်းစ ဉ်းစားစရာ၊ ဆွေး နွေး စရာမလိုတဲ့ ကိစ္စတစ်ခု ဖြစ်လာ စေဖို့ဆု တောင်း ရမှာပေါ့။ ၀န်ကြီးချုပ်ဟောင်း လွတ် လာတာနဲ့ ပတ်သက်ပြီး ၀မ်းသာမိပါတယ်။ သူပြန်လွတ် လာတာဟာ အားလုံး အတွက် ကောင်းပါတယ်။ ဒါပေမဲ့ ဆရာက တော့ ရာထူးနဲ့ သတ်မှတ်ချက်ကို ထည့်သွင်း မစဉ်း စားစေချင်ဘူး။ ယုံကြည်ချက်ကြောင့် အ ကျဉ်းချ ခံနေရသူအားလုံး လွတ်လာရင် ၀မ်းသာ စရာပေါ့။ ရာထူး၊ အဆင့်အတန်း၊ အတန်း အစားမခွဲခြား စေချင်ဘူး။ အား လုံးကို တစ်ပြေးညီ သတ်မှတ် စေချင်တယ်။ အားလုံး လွတ်စေချင်တယ်”
ဒေါက်တာထွန်းလွင်
(မိုးလေ၀သပညာရှင်)
“ဒါကတော့ တစ်တိုင်းပြည်လုံး၊ တစ် ကမ္ဘာလုံး က တောင်းဆိုနေတဲ့ ကိစ္စပဲလေ။ အစိုးရအနေနဲ့လည်း ဒီလို တောင်းဆို ချက်တွေကို အပြုသဘော ဆောင်စွာနဲ့ တုံ့ပြန်ပေးတဲ့အတွက် အကောင်းဆုံးလို့ ဆိုရမှာပေါ့။ ဒါဟာလူတိုင်း တောင်းဆို နေတဲ့ ကိစ္စဖြစ်ပြီး လိုလားတဲ့ ကိစ္စတစ်ခု ပဲလေ။ ဒါကြောင့် ဒီလို စတုတ္ထအကြိမ် လွတ်ငြိမ်းချမ်းသာ ခွင့်ပြုလိုက်တဲ့ကိစ္စ ကို အားလုံး ကကြိုဆိုမှာပါ။ အားလုံး လည်း ၀မ်းသာနေမယ်လို့ ထင်ပါတယ်။ ခိုး၊ ဆိုး၊ လုယက် လို့ အကျဉ်းကျသူတွေ ထက်စာ ရင် ယုံကြည်ချက် ကြောင့် အကျဉ်းကျနေ သူတွေ လွတ်မြောက်လာတာက ပိုကောင်း တာပေါ့။ တိုင်းပြည်အတွက် လည်း ပို ကောင်း လာမယ်လို့ ယူဆတယ်။ ၀န်ကြီး ချုပ်ဟောင်း လွတ်မြောက် လာတာကို တော့ အရမ်းဝမ်းသာပါတယ်။ သူလည်း လွတ်ချင် မှာပဲလေ။ ကိုယ်ချင်း လည်းစာ ပါတယ်။ အားလုံး အတွက် ကောင်းတယ်လို့ ယူဆပါတယ်”
ဦးကျော်တင့်ဆွေ
(ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်)
“နိုင်ငံတော် သမ္မတရဲ့ စတုတ္ထအကြိမ် လွတ်ငြိမ်းချမ်းသာ ခွင့်အမိန့်ကို ကြိုဆို ကြောင်း အမျိုးသား လူ့အခွင့်အရေးကော် မရှင်က တရားဝင် ကြေညာချက် ထုတ်ပြန် ခဲ့ပြီးဖြစ်ပါတယ်။ ဇန်န၀ါရီ ၁၄ ရက် (စနေနေ့) မှာကြေညာချက် ထုတ်ပြီး နိုင်ငံ ပိုင် သတင်းစာများ၌ ဖော်ပြခဲ့ပါတယ်။ ဒါဟာ ၀မ်းသာစရာ သတင်းဖြစ်ပါတယ်။ ဘယ်သူပါတယ်၊ မပါဘူးဆိုတာ မသိ သေး တဲ့အချိန်ကတည်းက ၀မ်းသာ နေခဲ့တာ ပါ။  အလွန်ကောင်းတဲ့ လုပ်ရပ် တစ်ခုဖြစ် ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူတွေကို အခုလိုလွှတ်ပေးတဲ့ အ တွက် အလွန် ၀မ်းမြောက်မိပါတယ်”
ဦးစစ်မြိုင်
(အတွင်းရေးမှူး၊အမျိုးသားလူ့အခွင့်အရေးကော်မရှင်)
“ဒီကိစ္စက ကောင်းတဲ့ လုပ်ရပ်လို့ အန်ကယ် မြင်တယ်။ ကြိုဆိုတယ်။ ၀မ်းသာ တယ်။ နိုင်ငံတော် အစိုးရအနေနဲ့ အမျိုး သားလူ့အခွင့် အရေးကော်မရှင်က တင်ပြ ထားတဲ့အတိုင်း အတတ်နိုင်ဆုံးဆောင် ရွက်ပေးခဲ့တာ ကြောင့် အရမ်း ကျေနပ်မိ တယ်။ လူ့အခွင့် အရေးကော်မရှင် အနေနဲ့ အကျဉ်းသား တွေလွှတ်ပေးဖို့ကိစ္စနဲ့ပတ် သက်ပြီး နိုင်ငံတော် သမ္မတထံ သုံးကြိမ် တင်ပြခဲ့ပါတယ်။ တတိယ အကြိမ်ကို ဒီဇင်ဘာ ၃၀ ရက်မှာ တင်ပြခဲ့ ခြင်းဖြစ်ပြီး ဇန်န၀ါရီ ၂ ရက်မှာ တတိယ အကြိမ် လွတ်ငြိမ်း ချမ်းသာ ခွင့်ပြုခဲ့တယ်။ အနာဂတ် မြန်မာနိုင်ငံရေး အခင်းအကျင်းမှာ အားလုံး ပါဝင်နိုင်ဖို့ အဆိုပြုချက် တောင်းဆိုမှုတွေ ရှိ တယ်။ နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာ ခွင့်အမိန့်ထဲမှာ အဲဒီရည်ရွယ် ချက် တွေကို ဖော်ပြ ထားတာရှိတယ်။ ယုံ ကြည်ချက် ကြောင့် အကျဉ်းကျ ခံနေရသူ တွေကို လွှတ်ပေးလိုက်ခြင်း ဟာနိုင်ငံတော် ရဲ့ဒီမိုကရေစီ ခရီးစဉ်မှာ မှတ်တမ်း တင်ရ မယ့် ခိုင်မာတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ဒါကို နိုင်ငံတကာက လည်း အသိအမှတ် ပြုမှာပါ။ ဒီလို လွှတ်ပေးခြင်းဟာ ဒီမိုက ရေစီစနစ် ကိုဆက်လက် အကောင်အထည် ဖော်ရာမှာ အဓိကကျမှာပါ။ ၀န်ကြီးချုပ် ဟောင်းဦးခင်ညွန့်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုလိုက် တာကလည်း အလွန်ကောင်း ပါတယ်။ သူလည်းပဲ နိုင်ငံတော်အတွက် အကျိုးပြုလုပ်ငန်းတွေ အများကြီးလုပ် ဆောင်ခဲ့ပါတယ်။ နိုင်ငံတော်တည်ဆောက် ရေးနဲ့ capacity building အတွက် အများကြီး လုပ်ခဲ့တာတွေ့ရပါတယ်။ဒါဟာ နိုင်ငံတော် သမ္မတကြီးအနေနဲ့ လူသားချင်း စာနာထောက်ထားမှုကို သဘော ထားကြီး စွာဖြင့်ပြသရာရောက်ပါတယ်။ အားလုံး လည်းကြိုဆို ကြမှာပါ”
ဦးခင်မောင်ဆွေ
(အမျိုးသားဒီမိုကရေစီအင်အားစု)
“ကျွန်တော်သိသလောက် ၈၈ ကျောင်း သားဟောင်းတွေအများကြီး ပါတယ်လို့ ကြားတယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီစတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နဲ့ ပတ်သက် တာတွေ အားလုံးနီးပါး လွှတ်ပေးလိုက် တယ်လို့ကြားတယ်။ ယုံကြည်ချက် ကြောင့် အကျဉ်းကျ ခံနေရသူ တွေကို လွှတ်ပေး လိုက်တာဟာ အလွန်ကောင်းတဲ့ လုပ်ရပ် တစ်ခုပါ။ ဒီအတွက် မြန်မာ့နိုင်ငံရေး အခင်း အကျင်း တွေ ပြောင်းလဲ သွားနိုင်သလားဆို တာက ထင်ထင် ရှားရှားမြင်ကွင်း တော့မ တွေ့ရသေးပါဘူး။ ခန့်မှန်း ပြောဆိုကြတဲ့အ ဆင့်ပဲ ရှိပါသေးတယ်။ ဗိုလ်ချုပ်ကြီး ဟောင်း ဦးခင်ညွန့်ကတော့ ပြီးခဲ့တဲ့ ၁၉၉၀ ပြည့် နှစ်ဝန်းကျင် က တိုင်းရင်းသား တွေရဲ့ အပစ်အခတ်ရပ်စဲရေး ကို အားသွန်ခွန် စိုက် ဆောင်ရွက်ခဲ့သူ ဖြစ်ပါ တယ်။ ဒါကြောင့် သူပြန် လွတ်လာတာကလည်း မြန်မာနိုင် ငံ အတွက် ကောင်းပါတယ်။ နိုင်ငံတော် အစိုးရ အနေနဲ့လည်း နိုင်ငံတကာရဲ့ တောင်းဆိုမှု တွေကို လိုက်လျောလိုက်ခြင်း ဖြစ်ပါတယ်။ တစ်ဖက်မှာ ပြည်တွင်းငြိမ်း ချမ်းရေး ဆွေးနွေးပွဲတွေကလည်း တိုးတက် လာတယ်။ အခြား တစ်ဖက်မှာလည်း နိုင်ငံ တကာရဲ့တောင်းဆိုချက် အတိုင်း အကျဉ်း သားတွေလွှတ်ပေး၊ ဥပဒေသစ်တွေပြဋ္ဌာန်း ပေးပြီး ဒီမိုကရေစီ လမ်းကြောင်းအတိုင်း ဆက်လက် လျှောက်လှမ်းရင် ကျွန်တော် တို့နိုင်ငံ တိုး တက်လာမှာပါ”
ဦးစောဆေးဝါး
(ဒုတိယဥက္ကဋ္ဌ၊ ကရင်ပြည်သူ့ပါတီ)
“အသေးစိတ်တော့ မသိသေးဘူး။ အကျဉ်းကျခံ နေရသူတွေထဲက လွတ် မြောက်လာ သူစာရင်းကို အတိအကျ မသိသေးတော့ ပြောဖို့တော့အခက်သား။ ဘာပဲဖြစ်ဖြစ် ၀မ်းသာတယ်။ ဘယ်လိုမြင် သလဲ ဆိုတော့ ဒါဟာ အစိုးရဘက်က အကောင်းဆုံးလုပ်ပေးနိုင်တယ်လို့ ယူဆ မိပါတယ်။ အခုဆိုရင် တပ်မတော်နဲ့ ကရင် လူမျိုးတွေကြားမှာ cease fire လည်း ပြုလုပ်ပြီးဖြစ်တာ ကြောင့် ပြည်သူ တွေလည်း အေးချမ်းသွားမယ်။ အားလုံး စိတ်ချမ်းသာမယ်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ကတော့အတွေ့အကြုံ တော်တော် ရှိတဲ့လူပါ။ ဒီလို လူတွေ လွတ်လာတာ အများကြီးဝမ်းသာတယ်။ အပစ် အခတ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး စတာ တွေမှာ သူ စိတ်ဝင်တစား ပါဝင်လာမယ် ဆိုရင်တော့ ကရင်ပြည်သူ့ ပါတီအနေနဲ့ ရော၊ တစ်မျိုးသားလုံး အနေနဲ့ရော ကြိုဆို ပါတယ်။ ဘာပဲဖြစ်ဖြစ် အလွန်ဝမ်းသာပါ တယ်”
ဦးအုန်းကြိုင်
(ပြန်ကြားရေးတာဝန်ခံ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
“အရမ်းဝမ်းသာပါတယ်။ တိုင်းပြည် အတွက်ရော၊ ကာယ ကံရှင်တွေအတွက် ရော၊ နိုင်ငံတော် အစိုးရအတွက်ရော မင်္ဂလာရှိတဲ့လုပ်ရပ်ပါပဲ။ မင်္ဂလာ ရှိတဲ့ အခါသမယပါပဲ။ အခုအချိန်မှာ အမျိုး သားပြန်လည် သင့်မြတ်ရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး တို့အတွက် အမြင်ရှင်းရှင်းနဲ့ လုပ်ဆောင် နိုင်ဖို့လိုတယ်။ အားလုံးသင့် သင့်မြတ်မြတ် လုပ်ဆောင်ဖို့ လိုတယ်။ နိုင်ငံရေး ကတော့ အခုအချိန်မှာ ပြည်သူ လူထုက  လန်းလန်းဆန်းဆန်း၊ တက် တက်ကြွကြွ ဖြစ်နေပုံပါပဲ။ မကြာသေးမီက KNU နဲ့ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ဟာလည်း နှစ်ပေါင်း ၆၀ အတွင်း အလွန်ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုပါ။ အခု လည်း prominent figure တွေဖြစ်တဲ့ ကိုမင်းကိုနိုင်တို့လို ကျောင်းသားခေါင်း ဆောင် တွေကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြု လိုက်ခြင်းဟာ အလွန် ကောင်းမွန်တဲ့လုပ် ရပ်၊ အလွန် ထူးခြားတဲ့ဖြစ်ရပ် တစ်ခုပါ။ ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့် လွတ်လာ တာကိုလည်း ၀မ်းသာပါတယ်။ ကိုယ်တိုင် အကျဉ်းကျ ခံခဲ့ရဖူးတာကြောင့် အကျဉ်း သားဘ၀မှာ ဘယ်လောက်ခက်ခဲ သလဲဆို တာသိနေပါတယ်။ ဒါကြောင့် အားလုံး ကိုလွတ် စေချင်ပါတယ်။ ဘယ်နေရာက ဘယ်သူက ဘယ်လိုပဲလွတ်မြောက်လာ သည်ဖြစ်စေ အားလုံးအတွက်ဝမ်းမြောက် မိပါတယ်”
ဒေါက်တာဒေါ်သန်းနွဲ့
(ပါမောက္ခ၊ ဌာနမှူး(ငြိမ်း)၊
ဥပဒေပညာဌာန၊ ရန်ကုန်တက္ကသိုလ်)
“တီချယ်ကြီး အနေနဲ့ အတိုင်းထက် အလွန်ဝမ်းသာ မိပါတယ်။ နာမည်ကြီးတဲ့ ကျောင်းသား ခေါင်းဆောင်တွေ အားလုံး ပါဝင်တာ တွေ့ရတယ်။ လိုအပ်တဲ့ လူတွေ အားလုံး ပါတာတွေ့ရလို့ကျေနပ် ၀မ်းမြောက် မိပါတယ်။ prominent figure တွေ တော်တော်များများပါဝင်တာတွေ့ရတယ်။ အားလုံးက ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းကြောင်းထက်၌ ညှိညှိ နှိုင်းနှိုင်းနဲ့ လက်တွဲ ဆောင်ရွက် မယ်ဆိုရင် အကောင်း ဆုံးဖြစ်မှာပဲ။ သူ့အမြင်၊ ကိုယ့်အမြင်တွေ ကို ညှိနှိုင်းဆောင်ရွက်ဖို့ လိုတယ်။ ၀န်ကြီး ချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုလိုက်ခြင်းနဲ့ ပတ်သက်ပြီး လည်း တီချယ်ကြီး တို့ကဘာ ပဲဖြစ်ဖြစ် ၀မ်းသာတာပဲ။ သူလည်း တိုင်း ပြည် အတွက် အလုပ်တွေ အများကြီးလုပ်ခဲ့ တာပဲလေ။ အားလုံးအပြု သဘောဆောင်ပြီး ပိုမို တိုးတက် လာမယ်လို့ မြင်ပါတယ်”
ဦးသန်းလွင်
(ဒုတိယဥက္ကဋ္ဌ – ၂၊ ကမ္ဘောဇဘဏ်လီမိတက်)
“ဒါကတော့ ကောင်းတဲ့လက္ခဏာ ပဲဗျ။ national reconciliation ကို အကောင်အထည် ဖော်လာပြီလို့ ယူဆ တယ်။ ဒါဟာ တိုင်းပြည် တိုးတက်ရေး အတွက် ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပါ တယ်။ အားလုံး ပူးပေါင်း ဆောင်ရွက်ရင် တိုင်းပြည် တိုးတက်ရေး အတွက် ကောင်း မွန်တဲ့ အစဉ်အလာ တစ်ရပ်ကို အကောင် အထည် ဖော်ဆောင်ရွက် နိုင်မှာ ဖြစ်ပါ တယ်။ မြန်မာ့ စီးပွားရေး အတွက်လည်း အလွန် ကောင်းလာမယ်။ အားလုံး လည်း ပူးပေါင်း ဆောင်ရွက်လာ မယ်လို့ ယူဆပါ တယ်။ တိုင်းပြည် တိုးတက် ဖို့ဆိုတာ အား လုံး ပူးပေါင်း ဆောင်ရွက် ဖို့လိုတယ်။ တိုး တက်မယ့် လက္ခဏာ၊ အခြေအနေတွေ ဖြစ်ပေါ် လာတယ်။ ဗိုလ်ချုပ်ကြီး ဟောင်း ဦးခင်ညွန့်လို ပုဂ္ဂိုလ်တွေ လွတ်လာတော့ လည်း တိုင်းပြည် အကျိုး အတွက် အများ ကြီး လုပ်ပေး နိုင်မယ် လို့ယူဆတယ်။ သူ့ကို လည်း နိုင်ငံတော်က တချို့ နေရာ တွေမှာ တာဝန် ပေးကောင်းပေးမှာပေါ့။ သူက လည်း အများကြီး လုပ်နိုင်တဲ့ ပုဂ္ဂိုလ်ပဲလေ။ အခြေအနေ တွေကတော့ very positive ပါပဲ။ နောက်ကြောင်းပြန် မလှည့်ဖို့ပဲလို ပါတယ်။
ဒေါက်တာနေဇင်လတ်
(နိုင်ငံတော်သမ္မတ၏အကြံပေး)
“ဒီကိစ္စကတော့ ကောင်းတာပေါ့ လေ။  သမ္မတကြီးက နဂိုကတည်း ကပြော ခဲ့တဲ့ စကားရှိတယ်လေ။ လူဦးရေ သန်း ၆၀ စလုံးက မိသားစုကြီး တစ်ခုပဲဆိုတာကို အရင်ကတည်း ကပြောခဲ့တယ်လေ။ အပြင် ကရော အတွင်းကပါ လုပ်အား ဆုံးရှုံးနေ တာတွေ အားလုံးပေါင်းစည်းနိုင်ဖို့လို တယ်။ နိုင်ငံတော် တည်ဆောက်ရေး မှာ အားလုံးပါဝင်ဖို့လိုတယ်။ နိုင်ငံတော် သမ္မတကြီး အနေနဲ့ တစ်ချိန်ချိန်မှာ အားလုံး ပြန်လည်ပါဝင်ဖို့ မျှော်လင့်တယ်ဆိုတာ ကို အကောင်အထည် ဖော်လာတာပေါ့။တစ်ဆင့်ချင်း အကောင် အထည်ဖော်လာ တယ်လို့ယူဆမိပါတယ်။ တိုင်းပြည်တည် ဆောက်ရေးမှာ မတူညီတဲ့ ကဏ္ဍတွေအား လုံးပါဝင်ဖြည့်ဆည်း ပေးစေချင်တဲ့ ဆန္ဒကို နိုင်ငံတော်သမ္မတကြီးက အကောင်အ ထည်ဖော်လိုက်တယ်လို့ ယူဆ ပါတယ်။ အခုဆိုရင် သြစတြေးလျနိုင်ငံ sanction ကို ရုပ်သိမ်းဖို့ပြောလာပြီ။ အမေရိကန် ဆိုရင်လည်း သံအမတ်ကြီးအဆင့်ကိုတိုး မြှင့်ပြီး သံတမန်ဆက်ဆံရေးမြှင့်တင်ဖို့ ပြောလာပြီ။ အဲဒီနောက်ပိုင်းမှာ sanction တွေကိုလည်း တဖြည်းဖြည်းချင်း lift up လုပ်လာမယ်လို့ ယူဆပါတယ်”
ဦးသက်ထွန်း
(သံအမတ်ကြီး)
“ကောင်းတာပေါ့။ အင်မတန် ကောင်း တဲ့အချက်ပါ။ national reconciliation သဘောမျိုးပေါ့။ တစ်ဦးနဲ့ တစ်ဦး သင့်သင့်မြတ်မြတ် လက်တွဲ လုပ်ကိုင်ကြ ရင်အကောင်းဆုံး ပေါ့။ မြန်မာနိုင်ငံ အနေနဲ့ က အပြင် ရန်သူလည်း မရှိပါဘူး။ အတွင်း မှာ အချင်းချင်း ညီညွတ်ကြဖို့ပဲ လိုတယ်။ လွတ်မြောက် လာသူတွေ အနေနဲ့ လည်း လွှတ်တော် နိုင်ငံရေး၊ ပါတီနိုင်ငံရေး လုပ် မယ်ဆိုရင် သင်ပုန်းချေလိုတဲ့ စိတ်ဓာတ်ရှိ ရင်တော့ ကောင်းတာ ပေါ့။ အခုဆိုရင် နိုင် ငံတကာ ကလည်း ပြန်လည် အရှိန်မြှင့် ဆက်သွယ်နေပြီလေ။ အမေရိကန်ပြည် ထောင်စုက လည်း သံအမတ်ကြီး ရာထူးနဲ့ ဆက်သွယ်မှု မရှိဘဲ ယာယီ သံရုံးတာဝန်ခံ အဆင့်နဲ့ပဲ ဆက်ဆံနေတာ နှစ် ၂၀ လောက် ရှိပြီ။ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဟောင်းဦးခင်ညွန့် ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းတွေ အများကြီးလုပ်ခဲ့ဖူး သူဖြစ် ပါတယ်။ သူ့အနေနဲ့လည်း မြန်မာ့နိုင်ငံ ရေးလောက ထဲ ပြန်လည်ဝင်ရောက်လာ ရင်ပိုကောင်းတာပေါ့။ လက်ရှိအခြေအနေ ကိုသုံးသပ်ရရင် နိုင်ငံတော် အစိုးရကပြု ပြင်ပြောင်းလဲမှုတွေ လုပ်ဆောင် နေပေမယ့် အောက်ပိုင်းမှာ အုပ်ချုပ်ရေး ယန္တရားက နည်းနည်းနှေးသွားတယ်။ ဥပမာ – တချို့ ၀န်ကြီးဌာနတွေမှာ နေပြည်တော်ကိုတက် တက်နေရတယ်။ ဥပမာ – ဓာတ်ဆီ စာအုပ် ကိစ္စတောင် နေပြည်တော် ကိုတင်နေရ တယ်။ နေပြည်တော် က၀န်ကြီးတွေကလည်း အလုပ်ရှုပ် နေတော့ ရန်ကုန်ကို တောင်လာ ဖို့ခက်နေတယ်။ သံတမန် ဆက်ဆံရေးမှာ လည်း ဥပမာ – အမေရိကန် သံအမတ် တွေထဲမှာ ဆိုရင်ချိုသာတဲ့သံအမတ်လည်း ရှိနေတယ်။ ဘုကျကျ သံအမတ်တွေ လည်းရှိတယ်။ ဒါကြောင့် record တွေ ကို သေသေချာချာ ထားဖို့ကောင်းတာပေါ့။ အရင်တုန်းက ဆိုရင် အနောက်အုပ်စုက sancition လုပ်လိုက်တဲ့အခါ (ဥပမာ – မြန်မာ နာမည် တွေထဲမှာ ဆင်တူရိုးမှား တွေ ရှိနေတာ ကြောင့်) တချို့ နာမည်ရှင်တွေ နစ်နာခဲ့ရတာ မျိုးတွေ လည်း ရှိပါတယ်”
ဒေါက်တာအောင်ကိုကို
(စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)
“အားလုံးက လွှတ်သင့် လွှတ်ထိုက် သူတွေချည်းပါပဲ။ လွှတ်သင့် လွှတ်ထိုက် တဲ့ပုဂ္ဂိုလ်တွေကို လွှတ်ပေး လိုက်ခြင်းဟာ တိုင်းပြည် အတွက် အင်မတန် အကျိုးရှိပါ တယ်။ ဒီမိုကရေစီ နိုင်ငံတော် တစ်ခုတည် ဆောက်မယ် ဆိုရင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် အကျိုးရှိတဲ့မူဝါဒတွေ ချမှတ်ဖို့ လိုပါတယ်။
အခုလို အကျဉ်းသားတွေကို လွတ် ငြိမ်းချမ်းသာ ခွင့်ပြုပြီးနောက် နိုင်ငံတော် အစိုးရဘက်က စီးပွားရေး တည်ငြိမ်မှုရ စေဖို့နဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေဖို့ ဘယ်လို လုပ်ဆောင်မလဲ ဆိုတာ အရေးကြီး ပါတယ်။ ပြန်လည် လွတ်မြောက်လာတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရ သူတွေဟာလည်း အနာဂတ်မြန်မာနိုင်ငံ အတွက် ဆောင်ရွက်ရာမှာ မူနဲ့မူယှဉ်ပြိုင် မှုဆိုတဲ့ လမ်းကြောင်း ထက်ကို ရောက်လာ မယ်ဆိုရင် အားလုံး အတွက်ကောင်း တယ်။ ရောက်လည်း ရောက်လာစေချင် တယ်။ တရားမျှတတဲ့ ယှဉ်ပြိုင်မှု၊ တရား သဖြင့် ယှဉ်ပြိုင်တဲ့ပြိုင်ဆိုင်မှု တွေရှိစေချင် တယ်။ နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့် လွတ်မြောက်လာလို့ နိုင်ငံရေး အခင်းအကျင်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ထိန်းသိမ်းမှုမှာ သက်ရောက်မှုရှိနိုင်သလား ဆိုတာကိုတော့ တိုက်ရိုက်ကြီးပြောဖို့ မလွယ်သေးဘူး။ လက်ရှိအချိန်အထိ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ceasefire  ကိစ္စကိုဆွေးနွေးရာမှာ နိုင်ငံတော်အစိုးရ က ကြားခံ ဆက်သွယ်တာမရှိဘူး လို့ထင် တယ်။ ဒါ့ကြောင့် တိုင်းရင်းသားတွေနဲ့  peace building လုပ်ဆောင်ရာမှာ ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်ကို ကြားခံ အဖြစ် အသုံးချ စရာမလိုဘူးလို့ယူဆပါ တယ်။ အဓိက ကျတဲ့အချက် နှစ်ချက်ရှိ တယ်။ ပထမ အချက်က တရားမျှ တသော ယှဉ်ပြိုင်မှု၊ ဒုတိယ အချက်က တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပေါ်မှာမူ တည်တယ်။ ရေရှည် တည်တံ့ဖို့ အရေးကြီး တယ်။ ဆွေးနွေးပွဲ တွေလုပ်လိုက်၊ ဖျက် လိုက် ထက်စာရင် နိုင်ငံ တစ်ဝန်းလုံးတည် ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှု ကိုရှေးရှု လုပ်ဆောင်ဖို့လိုတယ်။ ဗိုလ်ချုပ်ကြီး ဟောင်း ဦးခင်ညွန့် အပါအ၀င် အကျဉ်းသား တွေကို အခုလိုမျိုးလွှတ်လိုက်တဲ့အတွက် နိုင်ငံတ ကာမှာရော၊ ပြည်တွင်းမှာ ပါဝမ်းမြောက် ၀မ်းသာ ဖြစ်နေကြတယ်။ တိုင်းပြည်ရဲ့စီး ပွားရေး အနာဂတ် ပိုမိုကောင်းမွန်လာ မယ်လို့မြင်တယ်။ အနာဂတ် တိုင်းပြည်စီး ပွားရေးဟာ ပိုမိုကောင်းမွန် လာမယ်လို့ယူဆ တဲ့အတွက် investment တွေ ပိုမိုဝင်ရောက် လာမယ်လို့ ယူဆပါတယ်။ အဲဒီ အခါမှာ သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ် မပျက် စီးဘဲ ဘယ်လို မူဝါဒတွေချမှတ်မလဲ၊ နိုင်ငံ သားတွေရဲ့ ၀င်ငွေ ကွာဟမှုပြဿနာတွေ ကို ဘယ်လို ဖြေရှင်းပေးမလဲ၊ ကဏ္ဍ အလိုက် (ဥပမာ-လယ်ယာ၊ စက်မှု၊ ကုန်သွယ်ရေး)တွေ မှာမျှတစွာ လွှမ်းခြုံ လာအောင်လုပ်ဆောင် ဖို့လို အပ်တယ်။ ဒါဟာကြိုဆိုရမယ့် ကိစ္စ တစ်ခုဖြစ်တာကြောင့် ကျွန်တော့်အနေနဲ့ ကြိုဆိုတယ် လို့ပြောချင်ပါတယ်”
ဦးတိုးကျော်လှိုင်
(၈၈ ကျောင်းသားခေါင်းဆောင်)
“အရမ်းဝမ်းသာပါတယ်။ ကိုမင်းကို နိုင်က သရက်ထောင်က လွတ်လွတ်ချင်း နိုင်ငံရေးကို ဆက်လုပ် သွားမယ်လို့ပြောခဲ့ တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ နိုင်ငံရေး လုပ်ဖို့ မသေချာသေးဘူး။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်လို ပုဂ္ဂိုလ် တွေကလည်း တော်တော်ကြီးမားတဲ့ အင်အားစု တစ်ခုပါ။ သူတို့မှာ ပြည်သူလူ ထုရဲ့ ထောက်ခံမှုတွေရှိခဲ့တယ်။ သူတို့ထဲက ထိပ်ပိုင်းခေါင်းဆောင်အချို့ လွတ်မြောက် လာတာမျိုး တွေရှိတယ်။ ဒါပေမဲ့ မလွတ် မြောက်သေးဘဲ ကျန်နေသူတွေ လည်းရှိ တယ်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ကိုယ်တိုင် က မလွတ်မြောက် သေးတဲ့ တ ပည့်တွေ အတွက် တစ်ကိုယ် ကောင်းဆန် သလို ခံစားရ ကြောင်းပြောခဲ့တယ်။ သူတို့ က လည်း နိုင်ငံရေးပါတီ တစ်ရပ်ပုံစံနဲ့စဉ်း စားနိုင် တယ်။ သူတို့ အုပ်စုက ပြန်လည် တည်ထောင်ဖို့ နည်း နည်းကျန်နေဦးမ လားစဉ်းစားရဦးမယ်။သူတို့က အုပ်ချုပ်မှု ပိုင်းဆိုင်ရာ အတွေ့ အကြုံပိုင်းကောင်းတွေ အများကြီးရှိတယ်။
၈၈ မျိုးဆက် အကုန်လုံး ကိုယ်စား ပြုပြီး နိုင်ငံရေးပါတီ တစ်ရပ်ဖြစ် လာဖို့ ကတော့ တော်တော် ခက်ခဲမယ်။ ၈၈ မျိုး ဆက်တွေ အနေနဲ့နိုင်ငံရေးကို ဆက်လုပ် သွားမယ်။ ရွေးကောက်ပွဲနိုင်ငံရေးကို သွားချင်တဲ့ လူလည်းရှိမယ်။ ပါတီနိုင်ငံ ရေးကိုပဲဖြစ်ဖြစ်၊ အမျိုးသားနိုင်ငံရေး    အတွက် သီးခြားဆောင်ရွက်မှုကိုလုပ် ဆောင်တာ ပဲဖြစ်ဖြစ် နားလည် မှုရှိဖို့က အဓိကအရေးကြီးဆုံးပဲ။ ၈၈ မျိုးဆက် တွေ အနေနဲ့ပြောရရင် အခု အချိန်မှာ ကိုမင်းကို နိုင်ရဲ့သဘောထား ကို မသိရသေးဘူး။ သူက အန်တီစုနဲ့ လက်တွဲ လုပ်ကိုင်မယ့်သဘော ထားရှိမယ် ထင်တယ်။ ရွေးကောက်ပွဲ နိုင်ငံ ရေးလုပ်မလားဆိုတာကတော့ တစ်ဦးချင်း  ဆုံးဖြတ်ချက် နဲ့ပဲ သက်ဆိုင် ပါလိမ့်မယ်”
ခိုင်လင်းကျော် (မြန်မာပို့ စ်) မေးမြန်းတင်ဆက်သည်။
စတုတ္ထ အကြိမ် လွတ်ငြိမ်း ချမ်းသာခွင့်နှင့် စပ်လျဉ်း၍ နယ်ပယ် အသီးသီးမှ ပညာရှင် များ၏ သဘောထား အမြင် စတုတ္ထ အကြိမ် လွတ်ငြိမ်း ချမ်းသာခွင့်နှင့် စပ်လျဉ်း၍ နယ်ပယ် အသီးသီးမှ ပညာရှင် များ၏ သဘောထား အမြင် Reviewed by သစ်ထူးလွင် on 08:04 Rating: 5

No comments:

Powered by Blogger.