တိုက်ပွဲများကြောင့် ဖားကန့်ဒေသမှ ကုန်သည်နှင့်အလုပ်သမားသောင်းချီ နေ့စဉ်စွန့်ခွာ

အဖိုးတန်ရတနာကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတွင် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီများ ၏ လုပ်ငန်းလည်ပတ်မှု အားလုံးရပ်ဆိုင်းလိုက်သည့်အပြင် ကုန်ဈေးနှုန်းကြီးမြင့်လာသည့် အတွက် ကျောက်စိမ်းဝယ်ရောင်း လုပ်ကိုင်သူများနှင့် ရေမဆေးကျောက်စိမ်းရှာဖွေသည့် အခြေခံလုပ်သားများ တစ်ရက်သောင်းချီစွန့်ခွာနေ ကြောင်း ဒေသခံများက The Voice Weekly သို့ပြောကြားသည်။

" ကျောက်ရှာလို့မရတဲ့အပြင် ကိုယ့်အတွက်လည်း လုံခြုံမှုမရှိတော့လို့ ဆင်းလာတာပါ။ ဒါ တောင်လမ်းဖွင့်ပေးတဲ့ရက်ပဲ သွားလို့ရတယ်" ဟု ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ဖားကန့်ဒေသ ကရင်ချောင်မှော် မှ ပြန်လာသူ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးကဆိုသည်။

ဖားကန့်-အင်းတော်ကြီးလမ်း(ဝှေ့ခါလမ်း) လမ်းကြောင်းမှ နေ့စဉ်လူသောင်းချီစွန့်ခွာလာသည့် အတွက် ဟိုပင်မြို့နှင့် မိုးညှင်းမြို့ မီးရထားဘူတာရုံတို့တွင် လူများပြည့်လျှံလျက်ရှိပြီး ဇန်န၀ါရီလ ၁၀ ရက်နေ့ တွင် အမှတ်(၄၉) အဆန် မြစ်ကြီးနား-နဘားလူစီးရထား(ခေါက်ပြန်) ကိုဟိုပင်ဘူတာမှ ဆက်လက်ဆန်တက် ခြင်းမပြုတော့ဘဲ ယင်းဘူတာမှ အစုန်ဆင်းပေးခဲ့ကြောင်း မိုးညှင်းဘူတာမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

" ဘူတာမှာလူတွေ ပြည့်နေတယ်။ စုန်တဲ့ရထားတိုင်း ပြေးတက်နေကြတာပဲ။ လူကလျော့ တယ်လို့ကို မရှိပါဘူး" ဟု The Voice Weekly ၏ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို ၄င်းကဖြေကြား သ ည်။

ဖားကန့်ဒေသတွင် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းခွင်များမှ စွန်ပစ်သည့်မြေများတွင် ကျောက်စိမ်းရှာဖွေကြသည့် အခြေခံလုပ်သား(ရေမဆေးကျောက်ရှာသူ) သုံးသိန်းဝန်းကျင်ရှိပြီး လက်ရှိအနေအ ထားအရ ဖားကန့်ဒေသကို ဆက်လကစွန့်ခွာကြဦးမည်ဖြစ်ကြောင်း အဆိုပါစွန့်ခွာလာသူများ၏ ပြောဆိုချက်အ ရ သိရသည်။

" လုပ်ငန်းအားလုံးရပ်သွားပြီ။ မှော်ခေတ်ပျက်သွားပြီ" ဟုကရင်ချောင်မှော်မှ အသက် ၂၅ နှစ် အရွယ် ရေမဆေးလုပ်သားတစ်ဦးက ပြောကြားသည်။

The Voice Weekly Journal
တိုက်ပွဲများကြောင့် ဖားကန့်ဒေသမှ ကုန်သည်နှင့်အလုပ်သမားသောင်းချီ နေ့စဉ်စွန့်ခွာ တိုက်ပွဲများကြောင့် ဖားကန့်ဒေသမှ ကုန်သည်နှင့်အလုပ်သမားသောင်းချီ နေ့စဉ်စွန့်ခွာ Reviewed by သစ်ထူးလွင် on 08:05 Rating: 5

No comments:

Powered by Blogger.