၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ၂၃ နေရာဝင်
ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
အဆိုပါကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ဦးဝင်းမြင့်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ် တော် မဲဆန္ဒနယ်၌ ဒေါ်စန္ဒာ၊ မန္တလေးတိုင်းဒေသကြီးတွင် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ဦးကြည်မြင့်၊ နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ဦးအောင်သန်း၊ မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ဦး ထွန်းကြည်၊ ဧရာဝတီတိုင်းဒေသကြီးတွင် မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ဦးမောင်မောင်သင်၊ မြန်အောင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ဦးဝင်းလှိုင်၊ ၀ါးခယ်မမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ဦးသန်းအောင်၊ အမျိုး သားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၀) (ဖျာပုံမြို့နယ်၊ ဒေးဒရဲမြို့နယ်) ၌ ဦးမန်းသိန်းလှ၊ ရေကြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)၌ ဒေါ်ဝင်းကြည်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ဦးဌေးအောင်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၃) (ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ ရေဦးမြို့နယ်၊ တန့်ဆည်မြို့နယ်)၌ ဦးဘိုမြင့်အောင်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၇) (ဗန်းမောက်မြို့နယ်၊ ကောလင်းမြို့နယ်၊ ၀န်းသိုမြို့နယ်၊ ပင်လယ် ဘူးမြို့နယ်)၌ ဦးချစ်ဟန်၊ ပဲခူးတိုင်း ဒေသကြီးတွင် ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ဦး တင်ဝင်း၊ သနပ်ပင်မြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်၌ ဦးသန်းလှိုင်၊ လက်ပံတန်းမြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ဦးဝင်းလှိုင်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) က၀မြို့နယ်၌ ဦးကြည်လွင်၊ မကွေးတိုင်းဒေသကြီးတွင် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ဦးတင့်လွင်၊ မကွေးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ဦးလှမြင့်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၄)(တောင်တွင်းကြီးမြို့နယ်)၌ ဦးမောင်ဝင်း(ခ)ဦးအောင်ဝင်း၊ မွန်ပြည်နယ်တွင် မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ဦးအောင်သန်းဦး၊ ရှမ်းပြည်နယ်တွင် ကလောမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ဦးလှ(ခ)ဦးခင်မောင်လှ တို့ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီသည် ကျင်းပခဲ့သည့် မဲဆန္ဒနယ် ၁၁၅၄ နေရာ၌ ၆၄ နေရာတွင် အနိုင်ရရှိခဲ့သည်။
EMG

ကြားဖြတ်ရွေးကောက်ပွဲတွင် တစညပါတီမှ ၂၃ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်
Reviewed by သစ်ထူးလွင်
on
16:31
Rating:
No comments:
Post a Comment