ပြည်သူတွေကို လှည့်ဖျားတဲ့ပါတီတွေက အချိန်တိုသာ အောင်မြင်နိုင်မှာပါ ထားဝယ်မြို့ခံလူထုကို ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
““မဲဆွယ်တဲ့နေရာမှာ ကတိလည်းမပေးရဘူး။ ပစ္စည်းလည်းမပေးရဘူးနော်။ မဲဆွယ်တယ်ဆိုတာ မဲရဖို့အတွက် ၊ မဲရပြီး ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကိုမရနိုင်ရင် ဘာမှအနှစ်သာရမရှိဘူး။ ဒီမဲပေးထားတဲ့ ကိုယ်စားလှယ်တွေက ပေးတဲ့တာဝန်ကို မကြေဘူးဘူးဆိုရင် နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ ဒီလူတွေကို လှည့်ကြည့်စရာမလိုဘူး။ မလုပ်နိုင်တဲ့ကတိတွေကို လွယ်လွယ်မပေးပါနဲ့။ ငါတို့အဖွဲ့ချုပ်ကိုသာ မဲထည့်မယ်ဆိုရင် ဒါတွေလုပ်ပေးမယ်ဆိုတာမျိုးမပြောပါနဲ့။ ပြည်သူတွေကို လှည့်ဖျားတဲ့ပါတီတွေက အချိန်တိုသာ အောင်မြင်နိုင်မှာပါ။ ရေရှည်မှာကျဆုံးမှာပါ””

(ထားဝယ်မြို့၊ ဆေးရုံလမ်းအတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပါတီဝင်များနှင့် ပြည်သူလူထုကို ယခု နံနက် ၉ နာရီ ၁၀ မိနစ်၌ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နှုတ်ချက်။ ယခု ထားဝယ်မြို့တွင်းမှ လောင်းလုံမြို့နယ်သို့ စတင်ထွက်ခွာနေပြီဖြစ်ပါသည်။ လမ်းတစ်လျှောက်တွင် ကြိုဆိုနေကြသော လူထုကြီးကို မျက်စိတစ်ဆုံးမြင်နေရပြီး ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်အားလုံးမှ လိုင်းကားများက ယနေ့မပြေးဆွဲတော့ဘဲ ဒေါ်အောင်ဆန်းစုကြည်အားကြိုဆိုရင် ရောက်ရှိနေကြသော လူများအား ပို့ဆောင်ပြေးဆွဲပေးနေကြောင်း သိရသည်)
7Day News Journal
 
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနေသော ထားဝယ်မြို့မှ ကလေးငယ်တစ်ဦး။
ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
ပြည်သူတွေကို လှည့်ဖျားတဲ့ပါတီတွေက အချိန်တိုသာ အောင်မြင်နိုင်မှာပါ ထားဝယ်မြို့ခံလူထုကို ဒေါ်အောင်ဆန်းစုကြည် ပြောကြား ပြည်သူတွေကို လှည့်ဖျားတဲ့ပါတီတွေက အချိန်တိုသာ အောင်မြင်နိုင်မှာပါ ထားဝယ်မြို့ခံလူထုကို ဒေါ်အောင်ဆန်းစုကြည် ပြောကြား Reviewed by သစ်ထူးလွင် on 09:54 Rating: 5

4 comments:

Unknown said...

ပည်သူ့မေတ္တာနဲ့ ယုံကြည်မှုကိုမရနိုင်ရင် ဘာမှအနှစ်သာရမရှိဘူး,,,,
great!...

SN said...

ကဲ အဲ့တာ ငါတို့ခေါင်းဆောင်ဘဲ

Show said...

နိုင်ငံတော်ပိုက်ဆံတွေနဲ့လမ်းခင်းတယ်
ဆေးခန်းတွေဖွင့်တယ်
ပြီးတော့ပါတီတံဆိပ်တပ်တယ်
ရှက်တတ်ရင်သေလို့ပါရတယ်
ရှက်မှာလည်းမဟုတ်ပါဘူး
ပြည်သူကိုလာဘ်ထိုးနေတာလေ
ရှုံးလဲရှုံးရောလမ်းကိုမပြီးပဲထားခဲ့တယ်
လိမ်တာလေ

Bravo said...

ကြံ့ဖိတ်ပါတီရေ...ပြည်သူတွေအော်နေပြီ။ ပါတီရဲ့ ဘတ်ချက်(ဘတ်ဂျတ်မဟုတ်)ဘယ်ကရတယ်ဆိုတာ စာရင်းရှင်းတမ်းလေးထုတ်ပြန်လိုက်ပါအုံး။

Powered by Blogger.