မြန်မာသင်္ဘောသား ၅ ဦး ပါတဲ့ တောင်ကိုရီးယား ရေနံတင်သင်္ဘော ပေါက်ကွဲမှု

(ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် တောင်ကိုရီးယားရေနံတင်သင်္ဘောအား မြင်တွေ့ရစဉ်)
တောင်ကိုရီးယားနိုင်ငံအင်ချွန်ဆိပ်ကမ်းမြို့အနီး၌ တောင်ကိုရီးယား ရေနံတင်သင်္ဘော ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အဆိုပါ သင်္ဘောပေါ်တွင် မြန်မာသင်္ဘောသား ၅ ဦး ပါရှိကြောင်း သိရှိရသည်။

တောင်ကိုရီးယားနိုင်ငံ အနောက်ဘက်ကမ်းခြေရှိ အင်ချွန်ဆိပ်ကမ်းမြို့အနီး ကမ်းလွန်ပင်လယ်ပြင်တွင် ဇန်နဝါရီ ၁၅ ရက် နံနက်အစောပိုင်းက တောင်ကိုရီးယား ရေနံတင်သင်္ဘော၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သင်္ဘောသား ၅ ဦးသေဆုံးပြီး ၆ ဦး ပျောက်ဆုံးလျက်ရှိသည်။
ပေါက်ကွဲမှုကြောင့် သေဆုံးသည့် သင်္ဘောသားများတွင် အနည်းဆုံး မြန်မာနိုင်ငံသား ၂ ဦးပါဝင်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

အင်ချွန်ဆိပ်ကမ်းမြို့အနီး ဂျာဝိုးလ်ကျွန်း၏မြောက်ဘက် သုံးမိုင်ခန့်ဝေးသောနေရာတွင် နံနက် ၈ နာရီ ၅ မိနစ်ခန့်က သင်္ဘောပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဆိပ်ကမ်းမှထွက်ခွာပြီး မကြာမီတွင် ထိုကဲ့သို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့၏ ပြောကြားချက်ကို ယွန်ဟတ်သတင်းဌာနက ဖော်ပြသည်။

တန်ချိန် ၄၁၉၁ ရှိ အဆိုပါသင်္ဘောပေါ်တွင် သင်္ဘောသား ၁၆ ဦး စီးနင်းလိုက်ပါလာရာ ၁၁ ဦးမှာ ကိုရီးယားနိုင်ငံသားများဖြစ်ပြီး ၅ ဦးမှာ မြန်မာနိုင်ငံသားများ ဖြစ်သည်။ သင်္ဘောကပ္ပတိန် အပါအဝင် ၅ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။ ရေနံသိုလှောင်ကန်တစ်ခုတွင် သင်္ဘောသားများ အလုပ်လုပ်နေစဉ် ပေါက်ကွဲမှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သင်္ဘောကပ္ပိတိန်၏ ပြောကြားချက်အရ သိရှိရသည်။

By: သစ်ထူးလွင်
မြန်မာသင်္ဘောသား ၅ ဦး ပါတဲ့ တောင်ကိုရီးယား ရေနံတင်သင်္ဘော ပေါက်ကွဲမှု မြန်မာသင်္ဘောသား ၅ ဦး ပါတဲ့ တောင်ကိုရီးယား ရေနံတင်သင်္ဘော ပေါက်ကွဲမှု Reviewed by သစ်ထူးလွင် on 15:58 Rating: 5

No comments:

Powered by Blogger.