ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု ဒေါ်အောင်ဆန်းစုကြည် ရရှိ (ရုပ်/သံ)

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Alain Juppe က ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ထူးဆောင် ဆုဖြစ်သည့် Commandeur de la legion d’Honneur (Legion of Honor) ဆုကို
ဒီကနေ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် ည ၇း၀၀ နာရီက ရန်ကုန်မြို့ဒဂုံမြို့နယ် ပြည်ထောင်စု
ရိပ်သာလမ်းမှာ ရှိတဲ့ ပြင်သစ်သံရုံးမှာ ကျင်းပတဲ့ အခမ်းအနားမှာ ဆုတံဆိပ် တပ်ဆင် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ်နိုင်ငံ အစိုးရနှင့်  ပြင်သစ် ပြည်သူများကို
ကျေးဇူး တင်ရှိကြောင်းနှင့် နှုတ်ခွန်းဆက် အမှာစကားတို့ကို ပြင်သစ် ဘာသာစကားဖြင့် ပြန်လည် ပြောကြား သွားခဲ့ပါတယ်။


ဘားမားဗီဂျေ
ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု ဒေါ်အောင်ဆန်းစုကြည် ရရှိ (ရုပ်/သံ) ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု ဒေါ်အောင်ဆန်းစုကြည် ရရှိ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 16:07 Rating: 5

No comments:

Powered by Blogger.