မြန်မာ့ဒီမိုကရေစီရေးတိုးတက်ပြောင်းလဲနေကြောင်း ကြားဖြတ်ရွေးကောက်ပွဲဖြင့် သက်သေပြသင့်ဟု ချင်းဝန်ကြီး ပြောဆို

လာမည့် ကြားဖြတ်ရွေးကောက်ပွဲအား လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်မြောက်စေခြင်းအားဖြင့်  မြန်မာ့ဒီမိုကရေစီရေးတိုးတက်ပြောင်းလဲနေသည်ကိုသက်သေပြရမည့်  အချိန်ဖြစ်ကြောင်း ချင်းရေးရာဝန်ကြီးမှ  ပြောဆိုသည်။
 “အမေရိကန်၊ ဗြိတိန် စတဲ့ နိုင်ငံတွေက မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို စိတ်ဝင်စားနေကြပြီဆိုတော့လာမယ့်ကြားဖြတ်ရွေးကောက်ပွဲက မြန်မာနိုင်ငံက ဒီမိုကရေစီအရေးအတွက်  ပြောင်းလဲနေ ပါပြီဆိုတာ သက်သေပြရမယ့် အချိန်အခါတစ်ခုပါဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ချင်းရေးရာဝန်ကြီး ဖြစ်သူ ချင်းတိုးတက်ရေးပါတီ (CPP) ဥက္ကဋ္ဌ ပူးနိုထန်ကပ်က ပြောသည်။
ယခုကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံအပေါ် အမေရိကန်နှင့် အနောက် ဥရောပ နိုင်ငံများ၏  စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးနှင့် ပတ်သက်မှုရှိသည့်အတွက် လွတ်လပ်၍ တရား မျှတဖွယ်ရှိကြောင်း ချင်းဥက္ကဋ္ဌက သုံးသပ်ပြောဆိုသည်။ 
စီးပွားရေး ပိတ်ဆို့မှုကလည်း  ဒီရွေးကောက်ပွဲအပေါ်မှာ အခြေခံထားတယ်။ နေရာကလည်း (၄၈) နေရာပဲ ဆိုတော့ မီဒီယာတွေကလည်း စောင့်ကြည့်နိုင်တယ်၊ စစ်ဆေးဖို့လည်း သိပ်ခက်မယ် မထင်ဘူး။ နောက် အပြောင်းအလဲလုပ်နေတဲ့ ကာလဆိုတော့ လွပ်လပ်ပြီး တရားမျှတမယ် ထင်ပါ တယ်ဟု ချင်းရေးရာဝန်ကြီးက ဆက်လက်ပြောဆိုသည်။
ချင်းတိုးတက်ရေးပါတီ အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဒဂုံဆိပ်ကမ်း မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် တစ်နေရာစာအတွက် ၀င်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသို့ ဇန်န၀ါရီလ ပထမအပတ်အတွင်းက လာရောက်လည်ပတ်ခဲ့သည့် ဗြိတိန်နိုင်ငံခြား ရေးဝန်ကြီး မစ္စတာဝီလျှံဟိတ် ခရီးစဉ်တွင် စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်နိုင်ရန်အတွက် မြန်မာအစိုးရဖက်မှ အချက် () ချက် လုပ်ဆောင်ပေးရန် တိုက်တွန်းခဲ့ကြောင်း   ဗြိတိန်သံတမန် အသိုင်းအ၀ိုင်းမှ သိရှိရသည်။
အဆိုပါ အချက်များမှာ ကြားဖြတ်ရွေးကောက်ပွဲအား လွပ်လပ်၍ တရားမျှတစွာ ကျင်းပရန်၊ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိပြန်လွှတ်ပေးရန်နှင့် တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်တို့ဖြစ်ကြောင်း သိရသည်။
မြန်မာအစိုးရမှ လာမည့်ဧပြီလ()ရက်နေ့တွင်  ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ် ကျင်းပပြုလုပ် ပေးမည်ဟု ကြေညာထားပြီး၊ လစ်လပ် လွှတ်တော်ကိုယ်စားလှယ် နေရာများမှာ ပြည်သူ့ လွှတ်တော် အတွက်(၄၀) နေရာ၊ အမျိုးသားလွှတ်တော်အတွက်()နေရာနှင့် ပြည်နယ်(သို့)တိုင်းဒေသကြီး လွှတ်တော်အတွက်() နေရာ ဖြစ်ပြီး စုစုပေါင်း (၄၈)နေရာရှိကြောင်း သိရှိရသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲကိစ္စများအပါအ၀င် ရွေးကောက်ပွဲဥပဒေအတိုင်း တရားမျှတစွာ ဆောင်ရွက် သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများ အား ပြောကြားခဲ့သည်။
   
သန့်စင်ငြိမ်းချမ်း (ရွှေမြစ်မခ)
မြန်မာ့ဒီမိုကရေစီရေးတိုးတက်ပြောင်းလဲနေကြောင်း ကြားဖြတ်ရွေးကောက်ပွဲဖြင့် သက်သေပြသင့်ဟု ချင်းဝန်ကြီး ပြောဆို မြန်မာ့ဒီမိုကရေစီရေးတိုးတက်ပြောင်းလဲနေကြောင်း ကြားဖြတ်ရွေးကောက်ပွဲဖြင့် သက်သေပြသင့်ဟု ချင်းဝန်ကြီး ပြောဆို Reviewed by သစ်ထူးလွင် on 10:11 Rating: 5

No comments:

Powered by Blogger.