(ကေအန်ယူ) ကိုယ်စားလှယ်တွေက ကရင်လူထုကို ပြန်လည် ရှင်းလင်းပွဲ (ရုပ်/သံ)

ဇန်န၀ါရီ ၂၁ စနေနေ့  ၂၀၁၂။ ။ အစိုးရနဲ့ သွားရောက်ပြီး အပစ်ခတ် ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့တဲ့ ကရင့် အမျိုးသား အစည်းအရုံး (ကေအန်ယူ) ကိုယ်စားလှယ်တွေက ကရင်လူထုကို ပြန်လည် ရှင်းလင်းပွဲ စနေနေ့  ဇန်န၀ါရီလ ၂၈ ရက်နေ့ မှာ ပြုလုပ်ခဲ့ပါတယ်။ ကေအင်န်ယူ တပ်မဟာ ၇ နယ်မြေမှာ မနက် ၉ နာရီက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုင်ရာ ရှင်းလင်းပွဲပြုလုပ်ခဲ့ရာမှာ ကရင်ပြည်သူ ၃၀၀ လောက် တက် ရောက် ခဲ့ပါတယ်။ ကေအင်န်ယူ ကိုယ်စားလှယ်အဖွဲ့ နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်း တို့ ဟာ အခုလ ၁၂ ရက်ကစပြီး ဖါးအံမြို့ မှာ စတင် တွေ့ ဆုံ လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။ အဲဒီနောက် အပစ်အခတ် ရပ်စဲရေး နှစ်ဖက် ဆက်ဆံရေး ရုံးတွေ ထားရှိရေးနဲ့ နိုင်ငံရေး အရ ဆက်လက် ဆွေးနွေးသွားရေး မီဒီယာ သတင်း ကျယ်ပြန်အောင် ထုတ်ပြန်ရေး စတာတွေမှာ သဘောတူညီခဲ့ကြပါတယ်။ 
ဒီဗွီဘီ
(ကေအန်ယူ) ကိုယ်စားလှယ်တွေက ကရင်လူထုကို ပြန်လည် ရှင်းလင်းပွဲ (ရုပ်/သံ) (ကေအန်ယူ) ကိုယ်စားလှယ်တွေက ကရင်လူထုကို ပြန်လည် ရှင်းလင်းပွဲ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 19:30 Rating: 5

No comments:

Powered by Blogger.