![]() |
လိုသလိုထောင်နှစ်ရှည်ထောင်ချနိုင်တဲ့ တူ |
ဒီဇင်ဘာလ ၂၉ ရက်နေ့ နေပြည်တော်ပြည်သူ့လွှတ်တော်အဖွဲ့ဝင်များ၏ ရာထူသက်တမ်းမှာ ငါးနှစ်သက်တမ်းဖွင့်ပွဲတွင် သူရဦးအောင်ကိုက နိုင်ငံတော်သမ္မတအပါအဝင် ပြည်ထောင်စုအဖွဲ့ဝင်များ၏ ရာထူးသက်တမ်းမှာငါးနှစ် သက်မှတ်ထားသည်ဖြစ်ရာ ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးများ၏ သက်တမ်းအားလည်း ငါးနှစ်သို့ပြင်ဆင်သွားနိုင်ရန် အတွက် မကြာမီခေါ်ယူမည့် ပြည်သူ့လွှတ်တော်သို့ ပြင်ဆင်ချက် အဆိုတင်သွင်းသွားမည်ဟု သတင်းမီဒီယာများကို ထုတ်ဖော်ပြောကြားသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုလွှတ်တော်ချုပ်တရားသူကြီးများသည် မိမိသဘောအလျောက်ရာထူးမှ နုတ်ထွက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် အညီ စွပ်စွဲပြစ်တင်ခံရပြီး ရာထူးမှ ရပ်စဲခံရခြင်း၊ ဥပဒေအရသတ်မှတ်ထားသော ဆေးအဖွဲ့၏စစ်ဆေးချက်အရ ကိုယ်စိတ်နှစ်ပါးအနက်မှ တစ်ပါးပါးသည် ထာဝစဉ်ချို့ယွင်းသွားခြင်းကြောင့် တာဝန်ဆက်လက်ဆောင်နိုင်စွမ်းမရှိခြင်း၊ ကွယ်လွန်ခြင်းစသည်တို့မှလွဲပြီး အသက် ၇၀ ပြည့်ချိန်အထိ တာဝန်ထမ်းဆောင်ခွင့်ပေးအပ်ထားသည်။
The Voice Weekly Journal
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ ရာထူးသက်တမ်းပြင်ဆင်မည်ဟုဆို
Reviewed by သစ်ထူးလွင်
on
15:54
Rating:

1 comment:
အသက် ၇၀ ထိတော့ဘယ်ဝန်ထမ်းဘဲဖြစ်ဖြစ် မလုပ်သင့်ပါဘူးဗျာ...နောက်ထပ်တက်လာမယ့်လူငယ်တွေကိုလည်းနေရာပေးသင့်ပါတယ်..တချို့များဆိုသေတော့မယ့်အချိန်ထိတောင် တိုင်ပြည်ကိုဒုက္ခပေးခဲ့ဒါလေ...။
Post a Comment