တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ရှင်းလင်းပြောကြားစဉ် |
လက်ရှိကာလတွင် တည်ဆဲဥပဒေများ၌ ဥပဒေနှင့် မညီညွတ်သော အဂတိလိုက်စားပြီး စီရင်ချက်များကို ချမှတ်သည့် တရားသူကြီးများကို အရေးယူနိုင်မည့် ဥပဒေမျိုး သတ်သတ် မှတ်မှတ် ပြဋ္ဌာန်းထားခြင်း မရှိသေးသည့် အတွက် ထိုဥပဒေမျိုး ပြည်သူ့ လွှတ်တော်သို့ တင်ပြ ပြဋ္ဌာန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
'တရားရေးမဏ္ဍိုင် တိမ်းစောင်း ယိမ်းယိုင်နေမှုတွေမှာ တရားသူကြီး များမှာသာ တာဝန်ရှိတာမဟုတ်ပါ ဘူး။ တရားရေးအ၀န်းအ၀ိုင်းမှာပါ ၀င်နေကြတဲ့ ဥပဒေ၀န်ထမ်းများ၊ ရှေ့နေများ၊ တရားလို၊ တရားပြိုင်၊ တရားခံများ တရားရုံးဝန်ထမ်းများနဲ့ အမှုပွဲစားများအားလုံးမှာ တာဝန်ရှိ ပါတယ်။ တရားရေးမဏ္ဍိုင် တည့် မတ်ခိုင်မာနေဖို့ ပြည်သူလူထုကို တရားဥပဒေစိုးမိုးမှုဖြင့် ကာကွယ် ပေးနိုင်ဖို့အတွက် မီဒီယာတွေက တရားစီရင်ရေးနှင့်ဥပဒေရေးရာကော် မတီကို ပူးပေါင်းကူညီဖို့ လိုအပ်ပါတယ်။ အရင်က ငွေများတရားနိုင် ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ပြည်သူတွေက သနားဖို့ကောင်းပါ တယ်။ အဲဒီအတွက် ဥပဒေနဲ့ မကိုက်ညီဘဲ အဂတိလိုက်စားတယ်လို့ယူဆ လို့ရရင်တရားသူကြီးတွေကိုတရားစွဲ အရေးယူနိုင်မယ့် ဥပဒေပေါ်ပေါက်လာဖို့ လွှတ်တော်မှာ အောင်မြင်အောင် တင်ပြဆွေးနွေးသွားပါမယ် |
မဏ္ဍိုင်သုံးရပ်ဖြစ်တဲ့ ဥပဒေပြု ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့ တိမ်းစောင်းယိမ်းယိုင်မှု မရှိစေရန်အတွက် စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေက စောင့်ကြည့်ထောက်မပေးနိုင်ဖို့ လိုအပ်ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည် ထောင်စုတရားသူကြီးချုပ် သက်တမ်း ကို လွှတ်တော်သက်တမ်း၊ သမ္မတ သက်တမ်းတို့အတိုင်း ပြုပြင်ဖို့ရှိပါ သလားဟု ပြည်တွင်းမီဒီယာမှ မေးမြန်းချက်ကို ''လက်ရှိအခြေခံဥပဒေ မှာတော့ ပြည်ထောင်စုတရားသူကြီး ချုပ်ရဲ့သက်တမ်းကို အသက် ၇၀ အထိ သတ်မှတ်ထားပါတယ်။ အဲဒီလို အခွင့်ထူးခံမဖြစ်သင့်ဘူးလို့ ဝေဖန် အကြံပြုတဲ့စာတွေ လွှတ်တော်ကို ရောက်နေပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဖြေကြားရရင်တော့ သင့်လျော်တဲ့အချိန်မှာ ဥပဒေရေးဆွဲပြီး ပြင်ဆင်နိုင်ဖို့အတွက် လွှတ်တော်ကို တင်ပြသွားဖို့ရှိပါတယ်''ဟု ပြောကြားခဲ့ သည်။
EMG
လာဒ်စားတဲ့ တရားသူကြီးတွေ အရေးယူတော့မည်
Reviewed by သစ်ထူးလွင်
on
15:12
Rating:
7 comments:
တရားသူကြီးဘဲလား?
ဟုတ်ပြီ၊ စစ်တပ်ကအထက်ကနေပြီးတော့ ဒီလူကို ဒီလောက်ထောင်ချလိုက်
ဆိုပြီး စာအိပ်ပိတ်ပြီး တရားသူကြီးကအပြစ်ရှိမရှိ ၊ မဆုံးဖြတ်ရပဲ ..စာအိပ်ထဲ
ကအတိုင်းထောင်ချလိုက်ရတဲ့ ပုဒ်မ.( ၅ ) တွေကို တော့ ဘယ်လို လုပ်မ
လဲ..လာဒ်စားသူ တရားသူကြီးကိုမှမဟုတ်ဘူး ..လာဒ်စားတဲ့သူအရေးယူကြ
စတမ်း ဆိုရင် မင်းတို့ အဘ ကနေ အောက်ခြေ ပြာတာ အထိ အရေးယူ
ရလိမ့်မယ်...အဲဒါကို ငြင်းချင်ပါသလား .
တ၇ားေ၇းမန်ဏိုင်တိမ်းစောင်စေဘို သင်ဆ၇ာ မြင်ဆ၇ာတွေဟာ နိုင်ငံေ၇းလိုင်းပေါ်လစီကိုကိုင်တဲ့ ယခင်က ဦးခင်ညွန်ပေါ့။ ဦးသန်းရွှေကတော့ အခ၇ာအကျဆုံပါ။ ဒီလို....... နိုင်ငံေ၇းအမှုတွေကို ထောင်တွင်းတ၇ားရုံးတွေမှာ စစ်ကြတဲအခါ သက်ဆိုင်၇ာမြိုနယ်က တ၇ားသူကြီးတွေ သူတိုရဲအာဏာခွဲဝေမူအ၇ အမူ့အသါားအလားကြည့်ပြီး မြိုနယ်တ၇ားသူကြီးလား၊ လက်ထောက်တရားသူကြီးလား စသဖြင့်သူဆိုင်၇ာ ရှေဘတ်စါေ၇းခေါ်ပြီး သွားစစ်ဆေး၇တာထက် အထက်ကအဆင်သင့်ေ၇းပြီးသားအမိန့်ကို ဖတ်ပြပြီး ထောင်ဒဏ်ချမှတ်၇တာပါ။ အဲ့လိုနိုင်ငံေ၇းအမူကို ထောင်မှာသွား ဆောင်ရွက်ပြီးသား တ၇ားသူကြီးဆိုလျှင် ကြိုက်တာလဒ်စား ဘာပြသနာမှမရှိ ဆိုတဲ့အတွင်းကျိတ် ပေါ်လစီကြောင့်ပါ။ဒါကြောင့် တ၇ားသူကြီးတွေ ဗြောင်လဒ်စားနေတာ ကြာလှပါပြီ။လူကို တကဲသတ်ထားတဲ့ အမူတောင် လဒ်စားပြီးလွတ်ပေးလိုက်တော့ ကန်ကုန်သွားပြီး။တ၇ားသူကြီးတွေ ဂရုစိုက်တာ စစ်ဗိုလ်ချုပ်လူကြီးပတ်သက်နှင့် နိုင်ငံေ၇းပတ်သက်အမူတွေပါ။လုံဝမတို့မထိပါ။အဲ့ဒါဘဲ ကေါင်အောင်လုပ်မယ်ဆိုတော့ ကေါင်းတဲ့တ၇ားသူကြီးတွေ မထိဘို့ အရေးကြီးပါတယ်။
ကောင်းသော ပြုပြင် ပြောင်းလဲမှုကို ကြိုဆိုပါတယ်။ အနာဂတ်မျိုးဆက်သစ် တွေကို အကောင်းဆုံးပေးအပ်ကြပါဆို့ ။
လာတ်စားတဲ့သူ မည်သူမဆို၊ မည်သည့်ရာထူးမဆို ထင်သာမြင်သာ လူသိရှင်ကြား အရေးယူမည်ဆိုရင် ဒို့တိုင်းပြည် တကယ်တိုးတက်ပြီလို့ဆိုချင်ပါတယ်။
So, the answer is ...never take action in corruption in Myanmar, before this.
ယခုချိန်မှာ တရုတ်ဇာတ်လမ်းတွဲက ပေါင်ချိန်သာရှိရင် ကျွန်တော်တို့ဆီကပုဂ္ဂိုလ်များ ကိုယ်တစ်ယောက်ထဲသာပါ ဆိုသလို ဖြစ်မှာ အသေအချာပါဘဲ။ ပေါင်ချိန်လဲ လက်မလည်ဘဲ တော်ပြီငါနင်တို့ မြန်မာပြည်မလားတော့ဘူးလို့ တရမလို ဖြစ်နေပါပြီ
လေးစားစွာဖြင့်
ကိုဦး(အညာမြေ)
Post a Comment