မြန်မာနိုင်ငံ တ၀ှမ်းရှိ အကျဉ်းထောင်များတွင်
လာဘ်ပေးလာဘ်ယူမှုကြီးထွားလျက်ရှိကြောင်း မကြာမီက လွတ်မြောက်လာသော
နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောသည်။
ပခုက္ကူအကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးချစ်ကိုလင်းက “အကျဉ်းထောင်တိုင်းမှာ လာဘ်ပေးလာဘ်ယူမှုရှိတယ်။ ကျွန်တော့်အထင်ပြောရရင် လာဘ်ပေးလာဘ်ယူမှု အကြီးမားဆုံးနေရာက အကျဉ်းထောင်တွေပဲဖြစ်မယ်” ဟုပြောသည်။
၎င်းကထပ်မံပြီး အကျဉ်းသားများအနေဖြင့် လာဘ်ပေးရာတွင် အကျဉ်းထောင်ဝန်ထမ်းများ သာမက အခွင့်အရေးပေးခံထားရသော အကျဉ်းသားများကိုပါ လာဘ်ပေးနေရကြောင်း၊ အကျဉ်းထောင် အောက်ခြေ ၀န်ထမ်းများမှစကာ ထောင်ပိုင်အထိ လာဘ်ပေးလာဘ်ယူမှု မကင်းကြောင်း ၀ိုင်ပီအိုင်သို့ပြောကြားသည်။
“ထောင်ထဲမှာ နေရာကောင်းလိုချင်ရင် လာဘ်ပေးရတယ်။ လိုင်းကြေးပေးရတယ်။ ပင်ပင်ပန်းပန် မလုပ်ချင်ရင် လာဘ်ပေးရတယ်။ နောက်ဆုံး ရဲဘက်စခန်း မလိုက်ချင်ရင်တောင် လာဘ်ပေးပြီးလုပ်လို့ရတယ်၊ မပေးနိုင်တဲ့သူကတော့ ပေးနိုင်တဲ့သူတွေအစား သွားပေတော့ပဲ ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယခုလ ၄ ရက်နေ့က အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးသန်းနိုင်ဦးက လည်း လက်ရှိတွင် အကျဉ်းထောင်များနှိုက် လာဘ်ပေးရသည့် နှုန်းထားများ ပိုမိုမြင့်မားလာကြောင်း၊ လာဘ်ပေးရာတွင် ကော်ဖီမစ်အထုတ်သေးတစ်ထုတ်နှစ်ထုတ်မှစပြီး ငွေသိန်းဂဏန်းအထိ ပြုလုပ်ကြကြောင်း ပြောကြားသည်။
“အရင်က ရေချိုးရင် လူတစ်ယောက်ကို ကော်ဖီမစ် သုံးထုပ်နှုန်းနဲ့ ရေကန်ဘုတ်ကိုင်ကိုပေးရတယ်။ အခု တစ်လ သုံးထောင်ပေးရတယ်။ ဘာလို့လဲမေးကြည့်တော့ ထောင်ပိုင်ကိုပိုက်ဆံပိုပေးရလို့ဆိုပြီးပြောတယ် ” ဟု ၎င်းကဆိုသည်။
ယခုလ ၁၃ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးသန်းမြင့်အောင်ကလည်း အကျဉ်းထောင်ဝန်ထမ်းများအနေဖြင့် လာဘ်ပေးလာဘ်ယူမှုပြုရာတွင် နိုင်ငံရေးအကျဉ်းသားများထက် သာမာန်အကျဉ်းသားများအပေါ်တွင် ပိုမိုပြုလုပ်ကြောင်း ပြောကြားသည်။
“ သာမာန်အကျဉ်းသားတွေက အကျဉ်းထောင်ဝန်ထမ်းတွေရဲ့ လာဘ်စားမှုဒဏ်ကို တော်တော်ခံရတယ်။ ကျန်းမာရေးပိုင်း၊ လူမှုရေးပိုင်းတွေအစ စားဝတ်နေရေးအဆုံး သူတို့တွေမှာ လိုအပ်ချက်တွေရှိနေတယ်။ ထောင်အခေါ် ဘောင်ချာအပ်ရတာ (ပိုက်ဆံပေးရတာ) ကို ၀န်ထမ်းတင်မက အကျဉ်းသားအချင်းချင်းပါ အပ်နေရတယ် ”ဟု ၎င်းကဆိုသည်။
အကျဉ်းထောင်များတွင် လာဘ်ပေးလာဘ်ယူမှုများအပြင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများလည်းရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောကြားခဲ့ပြီး၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အကျဉ်းထောင်များအတွင်း လာရောက် လေ့လာမှုကိုလည်း အပြသဘောပြုလုပ်ခြင်းသာ ဖြစ်ကြောင်း ဝေဖန်လိုက်ကြသည်။
အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်သည့် ကြေညာချက်တွင် အကျဉ်းထောင်တွင်းရှိ ပြဿနာများမှာ အကျဉ်းသားဦးရေက အဆမတန်များပြားသည့် အချက်ကြောင့်ဟု ဖေါ်ပြထားသည်။ မြန်မာနိုင်ငံတွင် စုစုပေါင်း အကျဉ်းထောင် ၄၂ ထောင်ရှိသည်။
လက်ရှိအစိုးရမှ ဖွဲ့စည်းပေးထားသော အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကမူ မြစ်ကြီးနား အကျဉ်းထောင်နှင့် အင်းစိန်အကျဉ်းထောင်များသို့ သွားရောက်လေ့လာအပြီးတွင် အကောင်းမြင်သော သဘောထားများကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ သဘောထားထုတ်ပြန်ချက်များမှာ အကျဉ်းသားများ၏ လက်တွေ့ဘ၀နှင့် ကွာခြားမှုများရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများက ဆိုသည်။ ။
ဇန်န၀ါရီ ၁၈၊ ၂၀၁၂ (YPI)

အကျဉ်းထောင်များတွင် လာဘ်ပေးလာဘ်ယူမှု ကြီးထွားနေကြောင်း နိုင်/ကျဉ်းဟောင်းများပြော
Reviewed by သစ်ထူးလွင်
on
19:22
Rating:
5 comments:
လျှပ်စစ်ဌာနမှာတော့ ၀န်ကြီး-ဒုဝန်ကြီးတွေက ကောင်းကြပါတယ် ဒါပေမယ့် ယခင်ဝန်ကြီတပည့် သိန်းတန် ဆိုတဲ့အကောင်က အကျင့် မပြောင်းသေးဘူး သူခိုးကြီး သူ့မကောင်းတာလုပ်ထားတာ အရင်က အင်တာနက်မှာ ပါပြီးသွားပြီ မပြင်သေးပါဘူးလေ တစ်ပတ်စဉ်ထဲတွေကပြောတယ် ဘွဲ့မရဘဲနဲ့ လိမ်ထားတာတဲ့ ဒါတောင် ညွှန်ကြားရေးမှူးဖြစ်နေသေးတယ် ဘိုလိုမပြောတက်လို့ ကျန်းမာရေးကို အကြောင်းပြပြီး နိုင်ငံခြားကို မသွားရဲဘူး- ပွဲလယ်မတင့်တဲ့ အကောင်ကြီးပါ၊ ဘွဲ့မရပဲနဲ့လိမ်ပြီးတော့ နေရာယူရုံတင်မကသေးဘူး သူတပည့် ချာတိတ်တစ်ယောက်က်ု့လည်း ဘွဲ့မရဘဲ ဘွဲ့ရလုပ်ထားသေးတယ် လူလိမ် တပတ်စဉ်ထဲက အရာရှိတွေ ရာထူးမတက်ပေမဲ့ ခြစားပြီး အရှာကောင်း ဆရာသမားကို အပေးကောင်းတော့ ရာထူးတက်ပြီးရင်းတက်လာတာ ဘာအရည်အချင်းမှ ရှိလို့တော့မဟုတ်ဘူး အခုထိ သူ့ဆရာအရှိန်နဲ့ သူ့ဌာနက အကြီးဆုံးလူကြီးကိုတောင် အိပ်ထဲထည့်ထားပြီး ချယ်နေတာအားလုံးပါပဲ ငွေကြေးဆိုလည်း အခုထိ အလွဲသုံးလုပ်တုန်းပါဘဲ ၀ိုင်းဖေါ်ပေးကြပါ သူခိုးကြီး-လူလိမ်ကြီး-ပညာမဲ့တဲ့အကောင်းကြီး မကောင်းတာလုပ်တာများနေတော့ အသေဆိုးနဲ့ သေမဲ့အကောင်ကြီးပါ
အကျဉ်းဦးစီးဌာန တစ်ခုထဲ လဘ်စားတာမဟုတ်ပါဘူး..
ဘယ်အစိုးရ ဌာနမှ လဘ်စားတာမလွတ်ကျပါဘူး
ဌာန တိုင်းဌာနတိုင်း က လဘ်စားကျတယ်လို့ အားလုံးက သိနေကျပါတယ် ဘယ်သူမှ မပြောချင်ကျလို့တာ
ကျွန်တော် မကြာသေးမှီတစ်ရက်က passpoart သွားလုပ်တယ်
passpoart ရုံးထဲမှာ ဓါးပြတိုက်ခံလိုက်ရသလားမှတ်တယ်
ကျွန်တော်ပါသမျှပိုက်ဆံ ကုန်ပါလေရော ဘယ်လောက်ထိဆိုးလဲဆိုရင် ကောင်တာတိုင်းကို ၀င်တာနဲ့ တစ်ထောင်ပေးရတယ် အဲ့ဒါအနည်းဆုံးပေးရတာ
မပေးလို့လဲမရဘူး အတင်းတောင်းတာပဲ
မပေးရင် သူတို့က တင်ထားတဲ့စာရွက်ကို ပြန်မပေးဘူး
တစ်ထောင်ပေးလိုက်မှစာရွက်ကို ထုတ်ပေးတယ်ဗျာ
ရုံးရှေ့မှာတော့စာကပ်ထားပါရဲ့ ပွဲစားမလိုပါဆိုပဲ
ရုံးထဲလည်းရောက်ကော ပွဲစားထက်တောင်ပိုဆိုးနေသေးတယ်
ဘာမှမထူးပါဘူး ပွဲစားကိုလည်း ဒီလောက်ပဲပေးရတယ်
ကိုယ်တိုင်ဝင်လုပ်တော့လည်းဒီလောက်ပဲပေးရတာဘဲ
ကုလားကြီးနဲ့ အရာကြီး အတူတူပဲ
အစိုးရရုံးတွေမှာ အကုန်လုံးကို ဆက်ဆံပြီဆိုတာနဲ့ ပိုက်ဆံလေးလက်ထိုးလိုက်မှကို အစင်ပြေတယ်
ပိုက်ဆံမပေးလို့ကတော့ ဟိုလူကရစ်လိုက် ဒီလူကရစ်လိုက်
မရစ်ပြန်တော့လည်း အလုပ်ရှုတ်လို့ဆိုပြီး ဆူအောင့်ပြီး ၀ုန်းတိုင်းကို ကျဲနေတာပဲ လုပ်ပေးရလို့တဲ့ဘယ်လိုလုပ်မလဲ တိုးတက်မယ် မြန်မာနိုင်ငံကြီးရယ်
နောက်တစ်ခု ရှိသေးတယ်
ကြုံလို့ပါ
ကျွန်တော်ပုံစံ (၁၇) သွားလုပ်တယ် အခွန်ဦးစီးဌာနမှာ
ကိုယ့်မြို့နယ်မှာလုပ်ရတယ်ဆိုလို့
ကျွန်တော်က မင်္ဂလာတောင်ညွန့် မြို့နယ်ဆိုတော့ ပုဇွန်တော် ဈေးအပေါ်ထက်မှာလုပ်ရတယ်
ကျွန်တော်စုံစမ်းကြည့်လိုက်တော့ သူငယ်ချင်းတစ်ယောက်လုပ်တာ 1000 ကျပ်ပဲပေးရတယ်ပြောတယ်
ဒါတောင်တရားဝင်မဟုတ်ဘူးနော် ကျွန်တော်နားလည်ပါတယ်
ငွေတစ်ထောင်ပေးလိုက်ရတာဘာမှမဖြစ်ဘူး သူတို့အနေနဲ့ လစာအပြင် အပိုဝင်ငွေလေးရအောင် ရှာစားတယ်ပေါ့
ခုဟာက မင်္ဂလာတောင်ညွန့် မြိုနယ် အခွန်ရုံးက ကျွန်တော် ပုံစံ (၁၇) လုပ်တာ ကျွန်တော်ကို ၆၀၀၀ကျပ်တောင်းတယ်ဗျာ မလွန်လွန်းဘူးလား
ကျွန်ေ တာ် တော်တော်စိတ်ပြတ်မိပါတယ် အဲ့လိုအကြောင်းတွေမရှိအောင်အားလုံး ၀ိုင်းဖွပေးမှရတော့မယ်ထင်လို့ပါ ကျေးဇူးပြုပြီးလည်း ၀ိုင်းဖွပေးကျပါနော်....
ကျွန်တော်လည်း အင်းစိန်ထောင်ထဲကနေ နိုင်ငံရေး ကေ့စ် နဲ့လွတ်လာတဲ့ လူပါ ... ကြုံတုန်းဝင်ပြောလိုက်ချင်ပါတယ် ... ထောင်က တော့ တစ်ခြားဌာနတွေနဲ့လုံးဝကိုမတူဘူး ပြိုင်ဘက်ကင်းပါတယ်ခင်ဗျာ လာဘ်ပေးလာဘ်ယူမှာတော့ ... ခင်ဗျား အလုပ်ကြမ်းနဲ့ထောင်ဒါဏ်ချမှတ်လိုက်တယ် တရားရုံးကနေ ခင်ဗျားအလုပ်မလုပ်ချင်ရင် ဘောက်ချာအပ်ရတယ် ထောင်စကားပေါ့ဗျာ ဘောက်ချာအပ်တယ်ဆိုတာ ပိုက်ဆံပေးရတာလို့ပြောတာ ဘောက်ချာက ဒုထောင်မှုးကနေ ညွှန်ချုပ်ဘောက်ချာထိရှိတယ် ဈေးနှုန်းကွာသလို အခွင့်ရေး ရတာချင်းလဲ ကွာတယ် ခင်ဗျား တတ်နိုင်ရင် ပိုက်ဆံပေးပြီး ကျန်းမာရေးမကောင်းဘူးလို့အကြောင်းပြပြီး အပြင်ဆေးရုံတက်လို့ရသေးတယ် အပြင်ဆေးရုံကျတော့ အိမ်နဲ့နေ့တိုင်းတွေ့ရတယ် အရက်သောက်ရတယ်ပေါ့ဗျာ ထောင်ထဲမှာမူးယစ်ဆေးဝါးလိုချင်လား မပူနဲ့ ပိုက်ဆံသာပေး ဝန်ထမ်းကိုတိုင်သွင်းပေးတယ် ... စူပါဝမ်းတောင်အဲဒီလောက်မစုံဘူး ... အတိုဆုံးပြောရ ရင်တော့ ထောင်ဆိုတာ Money make everything လို့ပဲရွတ်ရတော့မဗျို့
Hay Zar Ni you had to pay 6000 kyats only. For me, I had to pay 12000 kyats at Kyi Myin Dine Township. Even I showed my documents alrady tax .
Those are very bad people.
ပြောတာမှန်တယ် အဲဒီလူက
(၁) ၀န်ထမ်းခန့်ထားတာတွေ ရိုက်စားလုပ်ခဲ့တယ်
(၂) ရာထူးအလိုက် ပြောင်းရွှေ့ကြေးကလည်း (နိုင်ငံတကာဘောလုံးသမားတွေ လိုဘဲ)
(၃) တပတ်စဉ်ထဲက လူတိုင်းကပြောတယ် ဘယ်တုန်းကဘွဲရတာလဲတဲ့
(၄) စာမတတ်ပေမတတ်နဲ့ နိုင်ငံခြားတောင်သွားပြီးပြီ (အရင်အစိုးရအဖွဲ့တောင် လိမ်ပြီးဖောင်ဖြည့်သူ)
(၅) ၀န်ကြီးဌာန ခြစားသူ နံပတ်(၁)
တခြားဟာတွေ ရှိသေးတယ် ဆက်ထည့်ပေးမယ်
Post a Comment