ဘုရင်နောင် ဆန်ပွဲရုံ တခုမှ ဆန်အိတ်များတင်နေပုံ |
မြန်မာနိုင်ငံဆန်လောကထိပ်သီး
ဒိုင်းမွန်းစတား ဒေါက်တာကိုကိုကြီးသည် ပထမဆုံးဝယ်ယူမည့် အစိုးရ၏
အရန်ဆန်ဝယ်ယူရေးတွင် မြန်မာနိုင်ငံ ဆန်စပါးလုပ်အသင်းကို မယှဉ်နိုင်ဘဲ
အလဲထိုးခံလိုက်ရကြောင်း ဘုရင်နောင့် စိန်ပန်းလမ်းမှ ဆန်ရောင်းဝယ်ရေး
လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
နှစ်ပေါင်းများစွာအတွင်း
ပထမဆုံးဝယ်ယူမည့် အစိုးရ၏ အရန်ဆန်ဝယ်ယူရေးကို ကြီးကြပ်မှုကော်မတီများ
ဖွဲ့စည်းကာ ကုမ္ပဏီတစ်ခုတည်းမှ လက်ဝါးကြီးအုပ် ဝယ်ယူခြင်းမရှိဘဲ
တောင်သူများထံမှ တိုက်ရိုက်ဝယ်ရန် မြို့နယ်အဆင့် ကော်မတီများ
ဖွဲ့စည်းဝယ်ယူခဲ့သဖြင့် ဒေါက်တာကိုကိုကြီး အနေဖြင့် ဆန်လောကကို
လက်ဝါးကြီးအုပ် ချယ်လှယ်ခွင့်မရတော့ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။
ဒေါက်တာကိုကိုကြီးအနေဖြင့်
သမ္မတထံ အရန်ဆန်ဝယ်ယူခွင့် လုပ်ကိုင်နိင်ရန် ချည်းကပ်ခဲ့သော်လည်
၎င်းနှင့်ရင်းနှီးသူ စီးပွားကူးသန်းဝန်းကြီး ဦးဝင်းမြင့်ကိုယ်တိုင်က
ကန့်ကွက်ခဲ့ကြောင်း သူ့လူကို အခွင့်အရေးပေးသည်ဟု ဆန်လောက၏ အထင်လွဲမှုကို
ဦးဝင်းမြင့် ခံယူလိုပုံမရကြောင်း ပြည်ပသို့ ဆန်တင်ပို့နေသူတစ်ဦး ဆိုသည်။
ဒေါက်တာကိုကိုကြီးသည်
ငွေရင်းအင်အားကြီးမားစွာဖြင့် ဆန်လောကကို ထိန်းချုပ်ထားပြီး ပြည်ပပို့ရန်
ဆန်ကို ဘုရင့်နောင်ပွဲရုံများမှ တဆင့်ခံ သွင်းခိုင်းရာတွင် ဆန်အရည်အသွေးကို
အသားစီးယူကာ ဆန်ပွဲရုံများကို အနိုင်ကျင့်လေ့ရှိကြောင်း ၎င်းက
ဆက်လက်ရှင်းပြသည်။
“ဘုရင့်နောင်စစ်ကြောရေးရှေ့က ဂိုထောင်တွေမှာ ဆန်ကားတွေ ရီဂျက်ထိပြီး ဆန်ချဖို့အလှည့်ရောက်အောင် တန်းစီစောင့်နေရတယ်“ ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင်
ပထမဆုံအကြိမ်ဝယ်ယူမည့် အရန်ဆန် တန်တစ်သိန်းကို ပုဂ္ဂလိက၊ သမ၀ါယမ၊ အစိုးရ
ငွေကြေးရင်းနှီးမှု အချိုးညီထည့်ဝင်ပြီး ဦးချစ်ခိုင်ဥက္ကဋ္ဌ၊ CB ဘဏ်
ဦးခင်မောင်အေးက ဒုတိယဥက္ကဋ္ဌ၊ ဦးအောင်သန်းဦး အတွင်းရေးမှူး အဖြစ်ပါဝင်သည့်
အရန်ဆန်ကြီးကြပ်မှုကော်မတီက စီမံခန့်ခွဲကာ စတင်ဝယ်ယူနေပြီဟု ပြည်တွင်း
သတင်းဂျာနယ်များတွင်ဖော်ပြပါရှိသည်။
MP
ဆန်ဘုရင် ဒေါက်တာကိုကိုကြီး အရန်ဆန်ဝယ်ယူရေးတွင် နောက်ကောက်ကျ
Reviewed by သစ်ထူးလွင်
on
06:37
Rating:
No comments:
Post a Comment