ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရှေးဟောင်းဘုရားစေတီပျက်အား ရှင်းလင်းရာမှ ရှေးဟောင်းဗုဒ္ဓဆင်းတုတော်များတွေ့ ရှိ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်အရပ် နှမ်းကြဲကျေးရွာဟောင်း ဆုတောင်းပြည့်ကျောင်းတိုက်အတွင်းရှိ ရှေးဟောင်းဘုရားစေတီပျက်အား ချုံနွယ်မြက်ရှင်းလင်းရာမှ ရှေးဟောင်းဗုဒ္ဓဆင်းတုတော်များစွာနှင့် မြေသပိတ်တော် တစ်လုံးအပါအ၀င် ကြေးရေစစ်တော်တစ်ခု တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
''ဇန်န၀ါရီလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ ကျောင်းက ကိုရင်လေးတစ်ပါးက စေတီပေါ်မှာ ပေါက်နေတဲ့မြက်တွေ၊ ချုံတွေကို ရှင်းရင်းနဲ့ စတွေ့တာပါ။ စေတီရဲ့ တတိယပစ္စယံအဆင့် တနင်္ဂနွေထောင့်မှာ မြက်နုတ်ရင်းနဲ့ ဆင်းတုတော်သုံးဆူကို အရင်စတွေ့တာ။ နောက်တော့မှ ဆင်းတုတော်တွေတွေ့တဲ့ မြေနေရာရဲ့ကပ်လျက် အနောက်ဘက်မှာ မြေသပိတ်တော်တစ်လုံးနဲ့ ကြေးရေစစ်တော်တစ်ခု ထပ်တွေ့ရတာ။ ရှေးဟောင်း သုတေသနဌာနကတော့ ကုန်းဘောင်ခေတ်နှောင်းလက်ရာတွေ ဖြစ်မယ်လို့ ပြောသွားတယ်''ဟု ဆုတောင်းပြည့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တရေ၀တက မိန့်ကြားပါသည်။ ဗုဒ္ဓရုပ်ပွားတော်ငယ်များမှာ ဘော်သတ္တုအမျိုးအစားဖြစ်ပြီး ဥာဏ်တော် သုံးလက်မ ၂၂ ဆူနှင့် ဦးခေါင်းတော်မပါ ကိုးဆူ၊ ဥာဏ် တော်နှစ်လက်မ ၈၈ ဆူ၊ ဦးခေါင်းတော်မပါ ၂၄ ဆူတို့ဖြစ်ပြီး အမြင့် ခြောက်လက်မ၊ အချင်းခုနစ်လက်မရှိ မြေသပိတ်တော်တစ်လုံး၊ အမြင့်ကိုးလက်မ၊ အချင်းငါးလက်မရှိ ကြေးရေစစ်တော်တစ်ခုနှင့် ဦးခေါင်းတော် ၂၂ ဆူ ပါဝင်ကြောင်း သိရသည်။
EMG
ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရှေးဟောင်းဘုရားစေတီပျက်အား ရှင်းလင်းရာမှ ရှေးဟောင်းဗုဒ္ဓဆင်းတုတော်များတွေ့ ရှိ
Reviewed by သစ်ထူးလွင်
on
08:42
Rating:
No comments:
Post a Comment