ကိုရီးယားသင်္ဘော နစ်မြုပ်မှုတွင် မြန်မာ ၂ ဦး သေဆုံး ၃ဦး ပျောက်ဆုံးနေ (သတင်း-ရုပ်သံ)

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၅ အင်ချွန်း (Incheon)မြို့ တွင် ဖြစ်ပွားခဲ့သည့် မြန်မာ ၂ ဦး သေဆုံး ၃ဦး ပျောက်ဆုံးနေသော Dura No.3 အမည်ရှိ ကိုရီးယားသင်္ဘော နစ်မြုပ်မှု အခြေအနေ မြင်ကွင်း ရိုက်ကူးထားတဲ့ ဗီဒီယို-----


ဒီနေ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၅ ကိုရီးယားစံတော်ချိန် နံနက် (၈:၀၅) နာရီအချိန်တွင် မြန်မာသင်္ဘောသားများ လုပ်ကိုင်နေသော Dura No. 3 အမည်ရှိ ကိုရီးယားသင်္ဘောသည် အင်ချွန်း (Incheon)မြို့ တွင် ပေါက်ကွဲမှုများဖြစ်ပွားသောကြောင့် နစ်မြုပ်မှု ဖြစ်ပွားခဲ့သည်။

လက်ရှိအချိန် ကိုရီးယားစံတော်ချိန် ညနေ ၄နာရီထိ သေဆုံးသူ မြန်မာနိုင်ငံသား ၂ ဦး နှင့် ကိုရီးယားနိုင်ငံသား ၃ ဦး ရှိ၍ မြန်မာ ၃ဦး နှင့် ကိုရီးယား ၅ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်။ သင်္ဘောတွင် ကိုရီးယားနိုင်ငံသား ၁၁ဦး နှင့် မြန်မာနိုင်ငံသား ၅ဦး စုစုပေါင်း ၁၆ဦး စီးနင်းလိုက်ပါခဲ့သည်။
ကိုရီးယား သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ 
by ထွန်းထွန်းကျော်
 
ကိုရီးယားသင်္ဘော နစ်မြုပ်မှုတွင် မြန်မာ ၂ ဦး သေဆုံး ၃ဦး ပျောက်ဆုံးနေ (သတင်း-ရုပ်သံ) ကိုရီးယားသင်္ဘော နစ်မြုပ်မှုတွင် မြန်မာ ၂ ဦး သေဆုံး ၃ဦး ပျောက်ဆုံးနေ (သတင်း-ရုပ်သံ) Reviewed by သစ်ထူးလွင် on 07:30 Rating: 5

No comments:

Powered by Blogger.