ပညာ​ရေး​ဘတ်ဂျက်ကို အဆများ​စွာ တိုး​ပေး​ရန် လိုအပ်ဟုဆို

 
လွှတ် ​တော်မှာ ဘတ်ဂျက်ခွဲ​ဝေ​ရေး​ ​ဆွေး​နွေး​တဲ့​အခါ ပညာ​ရေး​အတွက် ဘတ်ဂျက်ကို လက်ရှိ ခွဲ​ဝေ​နေတာထက် အဆများ​စွာ တိုး​တက်ဖို့​ လိုတယ်လို့​ ပညာ​ရေး​ ​လောကသား​တွေက ​ပြောပါတယ်။
လက်ရှိ ပညာ​ရေး​ဘတ်ဂျက်ထက် အဆ၂ဝ​လောက်ရ​အောင် ​ဆွေး​နွေး​ကြဖို့​ မြန်မာနိုင်ငံ အထက်မြန်မာပြည် ပညာ​ရေး​ဌာန ညွှန်ကြား​ရေး​မှူး​ (အငြိမ်း​စား​) နိုင်​ငွေသိန်း​က တိုက်တွန်း​ခဲ့​ပါတယ်။
အခုကျင်း​ပ​ နေတဲ့​ လွှတ်​တော်အစည်း​အ​ဝေး​တွေမှာ ၂၀၁၁-၂၀၁၂ ​နောက်ထပ် ဘဏ္ဍာ​ငွေ ခွဲ​ဝေသုံး​စွဲ​ရေး​ ဥပ​ဒေကြမ်း​နဲ့​ ၂၀၁၂-၂၀၁၃ ပြည်​ထောင်စု ဘဏ္ဍာ​ငွေ ခွဲ​ဝေသုံး​စွဲ​ရေး​ ဥပ​ဒေကြမ်း​တွေကို ​ဆွေး​နွေး​ဖို့​ ပြင်ဆင်​နေတာ​ကြောင့်​ တိုက်တွန်း​ လိုက်တာလည်း​ ဖြစ်ပါတယ်။
လက်ရှိမှာ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီရဲ့​ ဥက္ကဋ္ဌ တာဝန်ကို ယူ​နေတဲ့​ နိုင်​ငွေသိန်း​က “အရင်က ​ပေး​ထား​တဲ့​ အဆထက်ကို အဆ ၂၀ ​လောက် ​ပေး​ဖို့​ကောင်း​တယ်လို့​ ​ပြောချင်တယ်။ နည်း​တောင်နည်း​သေး​လား​ မသိဘူး​။ အပစ်အခတ် ရပ်စဲ​ရေး​လည်း​ ပြီး​သွား​ပြီ။ ဟိုဘက် ကာကွယ်​ရေး​အသုံး​စရိတ် က တအား​ကို ​လျှော့​နိုင်သ​လောက် ​လျှော့​ပြီး​တော့​ ဒီဘက်မှာ​တော့​ တိုး​ပေး​ဖို့​ ​ကောင်း​မယ်လို့​ သ​ဘောရတယ်​လေ” လို့​ဆိုပါတယ်။
လက်ရှိအစိုး​ ရဟာ အစိုး​ရမဖွဲ့​ခင်က​လေး​တင် ရက်ပိုင်း​အလိုမှာ နအဖ စစ်​ကောင်စီက ပြဋ္ဌာန်း​ခဲ့​တဲ့​ ဘတ်ဂျက် အသုံး​စရိတ်အတိုင်း​ သုံး​စွဲခဲ့​ရတာ ဖြစ်ပါတယ်။
အဲဒီအသုံး​ စရိတ်ကို ပြန်တမ်း​ ထုတ်ပြန်ချက်အရ ကာကွယ်​ရေး​အသုံး​စရိတ်က ဘတ်ဂျက်အကုန်လုံး​ရဲ့​ ၂၃ ဒဿမ ၆ ရာခိုင်နှုန်း​နဲ့​ အ​မေရိကန်​ဒေါ်လာသန်း​ ၂,၀၀၀ လျာထား​သုံး​နေပါတယ်။
ပညာ​ရေး​အတွက် ၄ ဒဿမ ၁၃ ရာခိုင်နှုန်း​ (​ဒေါ်လာသန်း​ ၃၅၀) ခန့်​နဲ့​ ကျန်း​မာ​ရေး​အတွက် ၁ ဒဿမ ၃ ရာခိုင်နှုန်း​ (​ဒေါ်လာ သန်း​ ၁၁၀) သုံး​ဖို့​ သတ်မှတ်ခဲ့​တာပါ။
ရန်ကုန်မြို့​ မှာ အခမဲ့​စာသင်ကြား​တဲ့​ ​ဗေဒါအင်စတိကျူ့​ ထူ​ထောင်သူ တဦး​ဖြစ်တဲ့​ ကိုမျိုး​ရန်​နောင်သိန်း​ကလည်း​ နိုင်ငံဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် လူသား​အရင်း​အမြစ် ဖွံ့​ဖြိုး​တိုး​တက်ရမယ်။ အဲ့​လို ဖြစ်ဖို့​ ပညာ​ရေး​နဲ့​ ကျန်း​မာ​ရေး​မှာ ​ငွေ​ကြေး​ပိုမို သုံး​စွဲရမယ်လို့​ လက်ရှိကာလနဲ့​ ချိန်ထိုး​ပြောပါတယ်။
“ဘယ်တိုး​ တက်တဲ့​ နိုင်ငံမဆို ပညာ​ရေး​နဲ့​ ကျန်း​မာ​ရေး​ ကဏ္ဍ​တွေမှာ ဘတ်ဂျက်အများ​ဆုံး​ သုံး​စွဲကြပါတယ်။ မြန်မာနိုင်ငံမှာလည်း​ပဲ ပညာ​ရေး​နဲ့​ ကျန်း​မာ​ရေး​ကဏ္ဍမှာ အခုလိုအချိန်မှာ ဘတ်ဂျက်ကို ပိုသုံး​စွဲဖို့​ လိုပါမယ်။ ဘာ​ကြောင့်​လဲဆို​တော့​ လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​ ၅၀ အတွင်း​မှာ ပြည်တွင်း​စစ်မီး​တွေရယ် အမျိုး​သား​ရင်ကြား​စေ့​ရေး​ မရှိတာ​တွေရယ်၊​ အဲဒီကိစ္စ​ပေါင်း​စုံနဲ့​ ကာကွယ်​ရေး​ အသုံး​စရိတ်​တွေ အများ​ကြီး​မြှင့်​တင်ခဲ့​ရ​တော့​ ပညာ​ရေး​နဲ့​ ကျန်း​မာ​ရေး​မှာ အရမ်း​နိမ့်​ပါး​ခဲ့​ရတယ်။ အထူး​သဖြင့်​ ပညာ​ရေး​ပေါ့​။ အဲဒီမှာ ​ငွေ​ကြေး​ရင်း​နှီး​မြှုပ်နှံဖို့​လိုပါတယ်။”
ဘတ်ဂျက်ဆိုတဲ့ ​ ​နေရာမှာလည်း​ တနှစ်တာ တိုင်း​ပြည်ဝင်​ငွေ ဘယ်​လောက်ရလဲ ဆိုတဲ့​ ဝင်​ငွေခွန်​ပေါ် မူတည်တယ်လို့​ ​ပြောဆိုပြီး​ လက်ရှိကာလမှာ စစ်အစိုး​ရ လက်ထက်က​နေ ရှိ​နေတဲ့​ လက်​ဝေခံ အ​ပေါင်း​အပါ​တွေရဲ့​ စီး​ပွား​ရေး​ လုပ်ငန်း​တွေက အခွန်​ငွေ​တွေဟာ ဘတ်ဂျက်ထက်ကို မဝင်တာ​တွေရှိလို့​ ဝင်​အောင် ကြိုး​ပမ်း​ဖို့​ လိုတယ်လို့​ ​ထောက်ပြ ​ပြောဆိုသွား​ပါတယ်။
“ဆိုပါ​တော့​ တနှစ်ကို တ​ထောင်ဝင်တယ်ဆိုရင် တကယ်တန်း​ ဘတ်ဂျက်ထဲ က မြန်မာနိုင်ငံရဲ့​ ဝင်​ငွေထဲဝင်လာတာ တရာပဲရှိတယ်။ ကျန်တဲ့​ ကိုး​ရာက ​ပျောက်သွား​တယ်။ တဦး​ချင်း​တ​ယောက်ချင်း​နဲ့​ ​ပျောက်သွား​ပြီ။ မြန်မာပြည်ရဲ့​ ရသင့်​ရထိုက်တဲ့​ ​ငွေခွန်​တွေကို ရဖို့​လိုတယ်။ အဲဒီအတွက်ကို ​ပေါ်လစီချမှတ်ဖို့​ လိုတယ်။ နိုင်ငံတနိုင်ငံရဲ့​ ဝင်​ငွေသည် အရမ်း​ အ​ရေး​ကြီး​ပါတယ်။ ” 
ဒီဗွီဘီ
ပညာ​ရေး​ဘတ်ဂျက်ကို အဆများ​စွာ တိုး​ပေး​ရန် လိုအပ်ဟုဆို ပညာ​ရေး​ဘတ်ဂျက်ကို အဆများ​စွာ တိုး​ပေး​ရန် လိုအပ်ဟုဆို Reviewed by သစ်ထူးလွင် on 05:22 Rating: 5

1 comment:

Anonymous said...

ပညာရေးဝန်ထမ်းတွေကိုလစာတွေလုံလောက်အောင်အဆများစွာတိုးပေး။
ဆရာ၊ဆရာမတွေရဲ့အရည်အချင်းတွေမြင့်တင်။သင်တန်းတွေပေး။
ကျူရှင်ပြတဲ့၊ကျောင်းသားတွေဆီကလာဘ်ယူတဲ့ဆရာ၊ဆရာမတွေကိုအလုပ်ကထုတ်ပယ်။ပညာရေးလောကြ့ကီးအဆင့်မြင့်သန့်ရှင်းဖို့ဘတ်ဂျက်ကိုတိုးပေးသင်
့ပါတယ်။

Powered by Blogger.