ငွေစက္ကူအတု |
ယင်းစားသောက်ဆိုင်ရှင်သည် ၄င်း၏ဆိုင်တွင် လာရောက်စားသုံးသူတစ်ဦးထံမှ တစ်ထောင် ကျပ်တန်များကို ငွေစက္ကူ အတုဟုယူဆ၍ ရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားရာမှ ငွေစက္ကူ အတု တစ်ထောင်တန်အရွက်သေး ၁၇ ရွက်၊ ငွေစက္ကူအစ်အရွက်သေး ၁၀ ရွက်၊ ငါးရာတန်အရွက်ကြီးတစ် ရွက်နှင့် ငွေနှစ်ရာကျပ်တန်တို့ကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း ၄င်းကအတည်ပြုပြောကြားသည်။
ငွေစက္ကူအတုကို ခွဲခြားရာတွင် အချက်ခုနစ်ချက်ဖြင့် ဖော်ပြထားကြောင်း၊ ငွေစက္ကူကိုခေါက် လိုက်ပါက အနားသတ်အကွာအဝေးမတူညီခြင်း၊ ငွေစက္ကူအတုသည် ငွေစက္ကူအစစ်နှင့် စာရွက်သားသိသာစွာ ကွာခြားခြင်း၊ အရောင်တောက်ပမှုကွာခြင်း၊ အစစ်ကဲ့သို့ ရေစာမပါရှိခြင်း၊ ငွေကြိုးမပါခြင်း၊ ဂဏန်းအက္ခရာ တစ် သမတ်တည်းဖြစ်နေခြင်း၊ ငွေစက္ကူအစစ်နှင့် အလျား အနံအနည်းငယ်ကွာဟမှုရှိခြင်း တို့ဖြစ်ကြောင်း ၄င်းကထပ် လောင်းရှင်းပြသည်။
" ကျွန်တော်က ဆိုင်ကိုလာအားပေးတဲ့သူကို ထိခိုက်စေလိုတဲ့ စိတ်မရှိပါဘူး။ ဒါပေမဲ့ ဒီငွေအ တုတွေပြန့်သွားမှာကြောင့်ပါ" ဟု အသက်လေးဆယ်ကျော်အရွယ်ရှိ ယင်းစားသောက်ဆိုင်ရှင်က ဆိုသည်။ ငွေ အတုများကို မသိဘဲသုံးစွဲမိပါက ငွေကြေးချမ်းသာသူများအတွက် အခက်အခဲမရှိနိုင်သော်လည်း သာမန်လက် လုပ်လက်စားများ အသုံးပြုမိပါက အခက်အခဲဖြစ်နိုင်ကြောင်း ၄င်းကပြောဆိုသည်။
ငွေစက္ကူလက်ဝယ်ထားရှိ အသုံးပြုသူအမျိုးသားသည် ဆေးအရောင်းကိုယ်စားလှယ်တစ်ဦးဖြစ် ပြီး ၄င်းလက်ဝယ်သို့ ယင်းငွေအတုများသည် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာခြင်းကိုသိရှိသော်လည်း သတိမထားဘဲ သုံးစွဲမိခြင်းဖြစ်နိုင်ကြောင်း ရဲအရာရှိကပြောကြားသည်။
" ဒီအမှုကို ပအမှတ် ၈၅၈/၁၁ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၈၀(ဂ) ငွေစက္ကူအတုလက်ဝယ်ကိုင် ဆောင်မှုနဲ့ တာမွေရဲစခန်းမှာ အမှုဖွင့်ထားပါတယ်" ဟု ၄င်းကဆိုသည်။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၈၉(ဂ) ငွေစက္ကူအတု လက်ဝယ်ကိုင်ဆောင်မှုအရ ထောင်ဒဏ်အ နည်းဆုံး ခုနစ်နှစ်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ ပေးဆောင်ရမည်ဖြစ်ကြောင်း အသက် ၃၀ ကျော်အရွယ်ရှိ အထက် တန်းရှေ့နေတစ်ဦးက ရှင်းပြသည်။
The Voice Weekly Journal
တာမွေတွင် ငွေစက္ကူအတုများ ဖမ်းဆီးရမိ
Reviewed by သစ်ထူးလွင်
on
15:42
Rating:
4 comments:
ငွေအတု လုပ်တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူသင့်တယ်။
မှန်ပါတယ်။ဒါပေမယ့် သာမန် ဈေးရောငိးတဲ့ သူတွေကိုတော့ အရးမ ယူသင့်ဘူး
အတုလုပ် တဲ့သူကိုအရေးယူသင့်ပါတယ် ဒါပေမယ့် ဘာမှန်းမသိဘဲကိုင် မိတဲ့သူကိုတော့ အပြစ်မယူသင့် ပါဘူး။
ကြားထားကြာပီ..မောင်ကိန်းေ၇ွဆိုင်ပိုင်ရှင် က တ၇ုတ်နဲ့ ပေါင်းပီးလုပ်ထားတာ ကြာပီ..၂၀၀၉ တုန်းက မန္တလေးမှာ ကားကြီးဝင်းမှာ ကားဆွဲတဲ့လူ တစ်ယောက်က မောင်ကိန်း ကိုရုံးတင်၇င် သူကိုယ်တိုင် သက်သေတွေဆွဲ ခေါ်ပြမယ် ဆိုပီး ဗိုလ်မှူးတစ်ယောက် ကို တိုင်တယ်ဗျာ..ဟိုက ဘယ်လိုမှ ဆက်မလုပ်ဘူးပြောတယ်..သူက အ၇င်က ငွေထုတ်တွေ သူ ကိုယ်တိုင် ကားပေါ်က သယ်ချ လုပ်ပေးဘူးတယ်..မြေအောက်မှာ အခန်းရှိတယ်..ငွေတု နဲ့ အိမ် လဲလှယ်နေသလိုပဲ..တာဝန်ရှိသူများ အေ၇းယူချင်၇င်.. မန္တလေးမှာ ကားကြီးဝင်းမှာ ကားဆွဲတဲ့လူ..အဓိက သက်သေပါပဲ.. အဲ့ဒီတစ်ယောက်ကို ပြန် စုံစမ်းပါ..မောင်ကိန်းအား နာမည်ဖျက်ခြင်းမဟုတ်ပါ..ဌာန ဆိုင်၇ာမှ ပူးပေါင်းမှုကို ပြည်သူများ လိုအပ်နေပါသည်..ကျွန်တော်ကအဝေးမှာေ၇ာက်နေသော်လဲ..မိမိနိုင်ငံအား ခင်ဗျားတို့ လိုပဲ ချစ်ပါသည်...
Post a Comment