ရန်ကုန်၊ ဇန်နဝါရီ ၁၆
၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် ပါတီတည်ထောင်ခြင်းထက် နိုင်ငံအရေး၊ တိုင်းပြည်အရေး၊ တိုင်းပြည်အနာဂတ်အရေး၊ ရှေ့လာမည့် အနာဂတ်မျိုးဆက် အရေးများနှ င့်ပတ်သက်၍ ကံသုံးပါးမြောက်အောင် ဆောင်ရွက်သွားချင်ကြောင်း ၈၈ ကျောင်း သား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုလှမျိုးနောင်က ဇန်နဝါရီ ၁၃ ရက်တွင်မန္တလေးအကျဉ်း ထာင်မှ ပြန်လည်လွတ်မြောက်ပြီးသတင်း ထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။''ကျွန်တော်တို့က ၈၈ ခုနှစ်မှာ စခဲ့တယ်။ သပိတ်မှောက်ကျောင်း သားလေးတွေပေါ့ ဗျာ၊ နောက် ပိုင်းမှာ တော့ တက်ကြွ လှုပ်ရှားသူပေါ့၊ အခုတော့၊ အခုကတော့ ၂၃ နှစ် ကြာခဲ့ပြီ၊ ကျွန်တော် တံတားဖြူ အရေးအခင်းမှာ အစိုးရဆန့်ကျင် ရေးလှုပ်ရှားမှုမှာ ခေါင်းဆောင် တစ်ယောက်အနေနဲ့ စပါခဲ့တဲ့ အချိန် တုန်းက ဥပဒေပထမနှစ်ကျောင်း သား အသက် ၁၉ နှစ်ပဲ ရှိသေး တယ်။ အခု ကျွန်တော် ၄၃ နှစ်ရှိ ပြီ'' ဟု ၄င်းက ဆိုသည်။၎င်းအပြင်ေ ဒ်ါအောင်ဆန်းစု ကြည် လက်ရှိသွားနေသည့် နိုင်ငံ ရေး လမ်းကြောင်းသည် မိမိတို့ လို လားသော လမ်းကြောင်းဖြစ်ပြီး ယင်းအပေါ်တွင်လည်း အပြည့်အဝ ထောက်ခံကြောင်း ၄င်းက ဆို သည်။''အန်တီ(ဒေါ်အောင်ဆန်းစု ကြည်) ဒီလိုမျိုးချိုးဖို့ကွေ့ဖို့ အတွက် ကို ကျွန်တော်တို့ မျှော်လင့်နေတာ ကြာပြီ၊ သို့သော် ကျွန်တော်တို့ သဘောထားကိုလည်း လူတွေ မသိနိုင်ဘူး။ ဘာလို့လဲဆိုတော့ ၈၈ မျိုးဆက်ကျောင်းသားဆိုရင် အ များစု သိကြတာက သဘောထား တင်းမာတဲ့ တက်ကြွလှုပ်ရှားသူတွေ လောက်ပဲ သိကြတယ်။ သို့သော် ကျွန်တော်တို့ တိုင်းပြည်မှာ ဖြစ်နေ တဲ့ အခြေအနေတွေကို ၂ဝဝ၅၊ ၂ဝဝ၆၊ ၂ဝဝ၇ ခုနှစ်တွေကတည်း က ကျွန်တော်တို့ ၈၈ Campaign တွေနဲ့ လှုပ်ရှားနေတဲ့ ကာလတွေ ကတည်းက ကျွန်တော်တို့ သေသေ ချာချာ ကျယ်ကျယ်ပြန့်ပြန့် နား လည်ဖို့ ကြိုးစား ခဲ့တယ်။ နားလည်း နားလည်နိုင်ခဲ့တယ်၊ဘယ်လိုဖြေရှင်း ရမယ်၊ ဘာတွေလို အပ်တယ် ဆိုတာ ကိုအဲဒီကတည်းကသဘောပေါက်ခဲ့ တယ်။ အဲဒီကျတော့ အန်တီတို့ အခု သွားနေတယ်ဆိုတဲ့ လမ်း ကြောင်းက ကျွန်တော်တို့ လိုလား တဲ့ လမ်းကြောင်းပဲ၊ ဒီလမ်းကြောင်း ကအမှန်ပဲ၊ ဒီပေါ်မှာ ကျွန်တော်တို့ ကျန်တဲ့ အကျဉ်းထောင်က ကျွန် တော့် သူငယ်ချင်းတွေလည်း ဒီလို မျိုးပြောပြီးသား ဖြစ်တယ်လို့ထင် တယ်''ဟု ၄င်းက ဆိုသည် ။ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်နှင့်တွေ့ဆုံစဉ် ဆွေးနွေးရန် အကြောင်းများလည်း ရှိကြောင်း ၄င်းက ဆိုသည်။''ဒီမိုကရေစီနိုင်ငံ တည်ဆောက် ရေးအတွက် အဓိကလို အပ်တာက တည်ဆောက်မယ့် သူတွေဗျ။ တည်ဆောက်မယ့်သူတွေ မရှိရင် တည်ဆောက် လို့ မရဘူး။ အဲဒီ တည်ဆောက်မယ့် သူတွေကို လိုချင်တယ်ဆိုရင်တော့နိုင်ငံရေးပါတီ တစ်ရပ်ကလိုကိုလိုတယ်။ ဒီအတိုင်း ပဲ ရပ်တည်ရမယ်။ နောက် တစ်ခုက ၂ဝဝ၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အခုချိန် မှ ဘာမှဆန္ဒစောနေစရာအကြောင်း မရှိဘူး။ ၂ဝ၁ဝ မှာကတည်းက ၂ဝဝ၈ ဖွဲ့စည်းပုံဟာ လောလော ဆယ် ဖြေရှင်းရမယ့် ကိစ္စမဟုတ်ဘူး လို့ ကျွန်တော့်တစ်ယောက်တည်း သဘောထားအနေနဲ့ ဒီလိုပဲမြင် တယ်ဆိုတော့ နိုင်ငံရေးပါတီ တစ် ရပ်လိုတယ်။ ဒါကြောင့်မို့ အခု ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံရေး ပါတီတစ်ရပ်ကို ထူထောင်ပြီးတော့ သွားနေတယ်။ ကောင်းပြီ ကျွန်တော် တစ်ခါတည်းပြောခဲ့မယ်။ နည်းနည်း ရှင်းအောင် ကျွန်တော်ပြောခဲ့မယ်။မြန်မာနိုင် ငံမှာ စောစောကပြောခဲ့ သလို ဒီမိုကရေစီနိုင်ငံတည်ဆောက် ဖို့ဆိုရင် တည်ဆောက်မယ့် သူတွေ လိုတယ်။ အဲဒီကျတော့ နိုင်ငံရေး မျိုးဆက်၊ ခင်ဗျားတို့ပြန်ကြည့် ကြည့်လိုက်၊ သားဆက် သိပ်ခြား တယ်၊ မြန်မာ့နိုင်ငံရေးမှာ ၆၂ အာဏာသိမ်းပြီးတဲ့ အချိန်မှာ အရပ် ဘက် နိုင်ငံရေးအင်အားစုတွေက အချိုးအချေ ခံထားရသလိုမျိုးဆို တော့ ၇၄၊ ၇၅၊ ၇၆ ကာလ ဦးသန့် အရေးအခင်းတို့၊ အလုပ်သမား အရေးအခင်းတို့ မှိုင်းရာပြည့်တို့ လှုပ်ရှားမှုတွေ ပေါ်လာတယ်။ ပြီးတဲ့အခါကျတော့ အဲဒါတွေက ထောင်ထဲရောက်သွား တယ် ပြတ်သွား တယ်၊ အခု ၈၈ မှာ တစ်ခါ ပြန်ပေါ် တယ်၊ ၉ဝ ရွေး ကောက်ပွဲပြီးတယ်။ ဒီလိုပဲ ချေမှုန်း ခံရပြီးတော့ ၂ဝဝ၈၊ ၂ဝဝ၉၊ ၂ဝ၁ဝ တွေမှာ ခင်ဗျားတို့ ကြည့်ကြည့်လိုက်၊ ဘာမှမရှိ တော့ဘူး။ ဆိုလိုတာက လုပ်မယ့် သူကို မရှိတော့တာ။ နိုင်ငံရေး လောကထဲမှာ ကျွန်တော်တို့လို ထွက်လုပ်မယ့် သူမျိုးတွေ ကျွန် တော်တို့ ရှာလို့မရဘူး။ နောက် တစ်ခုက ၈၈ နဲ့ ၁၉၉ဝ ရွေးကောက် ပွဲအရ နိုင်ငံရေးနိုးကြားတက်ကြွပြီး နိုင်ငံရေး လုပ်ခဲ့တဲ့မျိုး ဆက် တစ်ရပ်ပေါ်ခဲ့တယ်။ အဲဒီ မျိုးဆက် က နှစ် ၂ဝ၊ ၂၃ နှစ်ကြာ သွားပြီ ဆိုရင် အပြိုင်အ ရိုင်း ဖြစ်လာရမှာ၊ ဒါပေမဲ့ အဲလိုဖြစ်မလာဘဲနဲ့ ပျောက် သွားတယ်။ အဓိက ဖြေရှင်းရ မယ့် ပြဿနာက အဲဒါပဲ။ဒေါ်အောင်ဆန်း စုကြည်နဲ့တွေ့ရင် ဘာပြောမလဲဆိုတာ အဲဒီကိ

စ္စကို ပြောရမယ်'' ဟု ကိုလှမျိုးနောင်က ပြောသည်။
ဥာဏ်လင်းအောင် (ပေါ်ပျူလာဂျာနယ်)
ဥာဏ်လင်းအောင် (ပေါ်ပျူလာဂျာနယ်)
ကံသုံးပါးမြောက်အောင် နိုင်ငံရေး လုပ်ဆောင်သွားမည်ဟု ကိုလှမျိုးနောင် ဆို
Reviewed by သစ်ထူးလွင်
on
16:06
Rating:
2 comments:
၂၀၀၇ ကျောင်းသားမျိုးဆက် ကို ဘာဖြစ်လို့ ထည့်မတွက် တာလဲ....မျိုးဆက်မပျောက်ခဲ့ပါဘူး... ကိုယ်တိုင်ပါဝင်ခဲ့ဘူးလို့ ၈၈ မျိုးဆက်ကိုပဲ အဓိကထားမပြောစေချင်ဘူး...အရမ်းကိုယ်ရည်သွေးသလိုဖြစ်လာရင် မကောင်းဘူး...လူထုစိတ်ဆန္ဒ အမှန်ကနေ မခွဲထွက်မိပါစေနဲ့ ...လူထုဆိုတာ ကျောင်းသားတွေရဲ့  မိခင် ဖခင်တွေပါ .....လူထု စိတ်ရင်းထဲမှာ...အမေ က ကိန်းအောင်း တည်ရှိနေပါတယ်...အမေ့ကိုလူထုကချစ်ကြတယ်...ကြည်ညိုကြတယ် လေးစားကြတယ် မြတ်နိုးကြတယ်... လူထုရဲ့ သားသမီး များဖြစ်ကြသော နောင်တော်သားကြီးများ အမေ ကိုတွေ့ ရင် ဘာတွေပြောမယ် ညာတွေပြောရမယ်ဆိုတာထက်.....အရင်ဆုံး အနွေးထွေးဆုံးတွေ့ စေချင်ပါတယ်...အမေရင်ထဲ ကမေတ္တာစကားသံကို နားထောင်စေချင်ပါတယ်... လူထု က ..နောင်တော်ကြီးများ. လွတ်မြောက်လာပြီးသော်လဲ အမေ့ဆီ မသွား သေးတဲ့အပေါ် နားလည်ရခက်နေကြပြီ... (အမေ့ကို သွားတွေ့ ကြပါအုံး...)
ကိုကြီးနောင်....စိတ်တွေလျော့ပြီးတည် ငြိမ်အောင် ပြန်စုစည်းပါ..နောင် ကြိးအပြင်ကိုစပြီးထွက်လာကတဲက..ပြောဆိုမူ ရင်ဖွင့်မူ တင်ပြမူ တွေက တခြား တခြားသော နောင် ကြိးဘော်ဒါတွေနဲ့အတွေးအမြင်ချင်က မတူဘူးဖြစ်နေဒါတွေများနေတယ်..ဒီမိုကရေဒီ လမ်းစဉ်လျောက်လှမ်းမယ့်သူတွေကတော့ အားလုံးသူ လွတ်လပ်စွာ သဘောထားတွေ ကွဲလွဲ နှိင်ပါတယ်..ဒါအခွင့် အရေးပါ..ဒါပေမယ့် အများနဲ့မတူဘဲ အကွဲ လွန်သွား ရင်တော့..ကိုယ့်ဘာသာဘဲ အပြင် ရောက်မှန်းမသိ ရောက်သွားပါလိမ့်မယ်..ဖြစ်သင့်ဒါက နောင်ကြီးရဲ့ ဘော်ဒါတွေနဲ့ကော အမေစုနဲ့ကောတွေ့ဖြစ်အောင် လူစုံအောင်တွေက ပြီး အားလုံးလိုချင်တဲ့ ဒီမိုကရေစိ ပန်းတိုင် ရောက်အောင်လျောက်လှမ်းစေချင်တယ်..အများနဲကစကား ပြောတဲကအခါလည်း..ကျနော်တို့ ၈၈ ...၈၈ ဆိုဒါတွေကို အတတ်နှိင်ဆုံးနဲအောင် ပြောပေးပါ..ဒီမိုကရေစိရအောင် ခေတ်အဆက်ဆက်ကဘဲ တိုက်ပွဲတွေဝင်ခဲက ကြတာပါ ကျောင်းသားမဟုတ်တဲ့ ပြည်သူတွေလည်း အများ ကြိး ပါခဲ့ပါတယ်....နောင် ကြိးလည်း ဖြစ်နျီင် ရင်တော့ ကိုယ့် အမြင်တွေကိုဘဲ တင်ပြနေဒါထက် အများနဲ့အဆင်ပြေအောင် ခရီးဆုံးပြိး ပန်းတိုင် ရောက်အောင်အားလုံးနဲ့ ညှိနှိင်းပြီး.. အများမျော် လင့် ငတ်မွတ်နေတဲ့ ဒိမိုကရေစိ အောင်ပန်း ၇သည်အထီဆွတ်ခူးနှိင်ပါစေ...။။
Post a Comment