စားသုံးဆီ |
တရုတ်နယ်စပ်လမ်းကြောင်းများမှ
တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရုတ်စားသုံးဆီများမှာ
မြန်မာ့ဆီဈေးကွက်အတွင်းသို့ ဝင်ရောက်လာသည့် အတွက် မြန်မာနိုင်ငံရှိ
စားသုံးဆီဈေးနှုန်းများမှာ အဆမတန်ကျဆင်းပြီး ပြည်တွင်းဆီဈေး ထိခိုက်မှုများ
ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
တရုတ်နယ်စပ်မှတစ်ဆင့်
မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် စားသုံးဆီများသည်
အေးခဲသည့်ဂုဏ်သတ္တိ မရှိသည့်အတွက် ယခုနှစ် ဆောင်းရာသီအခြေအနေမျိုး၌
တောင်ပေါ်ဒေသများတွင် အများဆုံးရောင်းရသည့် ဈေးကွက်ဝင် စားသုံးဆီ
အမျိုးအစားတွင် ပါဝင်လာခဲ့ကြောင်း ဆီလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာဈေးကွက်အတွင်းရောင်းချလျက်ရှိသည့်
တရုတ်စားသုံးဆီ တစ်ပိဿာလျှင် ၂၃၂၀ ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၁၈၀၀
ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် ၂၄၅၀ ကျပ်နှင့် ပဲဆီတစ်ပိဿာလျှင် ၃၁၀၀
ကျပ်ရှိကြောင်း ပြည်တွင်းဆီဈေးကွက်အတွင်းမှ သိရှိရသည်။
“အဲဒီဆီတွေက
တရားမဝင်ဆိုပေမယ့် တရားဝင်ပေးသလို ဝင်နေတယ်။ အဲဒါကြောင့် ဆီထွက်သီးနှံ
ဈေးကွက်မှာလည်း ပြည်တွင်းဝယ်လိုအား ကျဆင်းနေတယ်။ လက်ရှိမှာ
တရုတ်ဝယ်လက်ဘက်ကိုပဲ ရောင်းနေရတယ်”ပာု မန္တလေးကုန်စည်ဒိုင်မှ
ဆီထွက်သီးနှံရောင်းအားအခြေအနေကို ကုန်သည်တစ်ဦးက ပြောဆိုသည်။
Ref:The Voice
တရုတ်စားသုံးဆီကြောင့် ပြည်တွင်းဆီဈေး ထိခိုက်
Reviewed by သစ်ထူးလွင်
on
06:25
Rating:
No comments:
Post a Comment