မစိုးရိမ် ဆရာတော် အရှင်ဝီရသူရဲ့အကျဉ်းထောင်တွင်း အတွေ့အကြုံ (ရုပ်/သံ)

လောက ဥပဒေနဲ့ ငြိစွန်းလို့ သံဃာတော်တွေကို ထောင်ချတဲ့ အပြစ်ဒဏ်ထက် သိက္ခာမချ သိက္ခာမကျသေးတဲ့ သံဃာတော်တွေရဲ့သင်္ကန်းဝတ်တွေကို
အတင်း ဆွဲခွာချွတ်တဲ့ အပြစ်ဒဏ်က ပိုပြီး အပြစ်ကြီးတယ် ဆိုတာကို ကမ္ဘာသူ ကမ္ဘာသားတွေ သိစေချင်ပါတယ်။အကျဉ်းထောင် အတွင်းမှာ ကျန်ရစ်ခဲ့တဲ့
သံဃာတော်တွေ လွတ်မြောက်ရေး အတွက် ဆက်လက် ကြိုးပမ်းသွားမယ်လို့ မစိုးရိမ်ဆရာတော် အရှင်ဝီရသူက ပြောဆို လိုက်ပါတယ်။မစိုးရိမ် ဆရာတော်
အရှင်ဝီရသူဟာ ၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကျောက်ဆည် ကုလား-ဗမာ အရေးအခင်းအတွင်း အဓမ္မ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၁၇/၂၀၊ ၅ည၊ ၂၉၅/က၊ ၈(၁)
တို့နဲ့ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံရကာ ပထမ မန္တလေးထောင်၊ အခုနောက်ဆုံး မြစ်ကြီးနား ထောင်တွေမှာ အကျဉ်းကျခံနေ ခဲ့ရပါတယ်။ လွတ်ငြိမ်း
ချမ်းသာခွင့် ရရှိချိန်မှာ ထောင်တွင်း ၈ နှစ်နဲ့ ၃ လ နေခဲ့ရပြီး ဖြစ်ပါတယ်။
ဘားမားဗီဂျေ
မစိုးရိမ် ဆရာတော် အရှင်ဝီရသူရဲ့အကျဉ်းထောင်တွင်း အတွေ့အကြုံ (ရုပ်/သံ) မစိုးရိမ် ဆရာတော် အရှင်ဝီရသူရဲ့အကျဉ်းထောင်တွင်း အတွေ့အကြုံ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 17:06 Rating: 5

No comments:

Powered by Blogger.