ပုလဲမြို့နယ် အဖွဲ့ ချုပ်ရုံး ဆိုင်းဘုတ်တင် အခမ်းနား ပြည်သူလူထု သောင်းနဲ့ ချီ တက်ရောက်လာ (ရုပ်/သံ)

ဇန်န၀ါရီ ၂၅ ရက်နေ့ မနက်မှာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဆိုင်းဘုတ်တင် အခမ်းနားကို ကျင်းပခဲ့ပါတယ်။ မုံရွာ၊ မြင်းမူ၊ ချောင်းဦး၊ ဆါးလင်းကြီး၊ ယင်းမာပင်၊ အရာတော်နဲ့ ပုလဲမြို့နယ် တွေက ပြည်သူလူထုတွေ တက်ရောက် လာကြပါတယ်။ ပုလဲ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်စန်း လှိုင်က ဒီပွဲကို ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ရွေးကောက်ပွဲ အောင်နိုင်ရေးက ဦးဘာဘာ၊ ဦးအောင် ရှင်၊ ဒေါ်ခင်သန်းတို့ အပါဝင် ပြည်သူလူထု သောင်းနဲ့ ချီ တက်ရောက်လာပါတယ်။ ခုဆိုရင် ရွေးကောက်ပွဲဟာလဲ ရက် ၆၀ ကျော်ဘဲ လိုပါတော့တယ်။ နောက်လ ၁၀ ရက်မှာ စမယ့် မဲဆွယ်စည်းရုံးခွင့်ရက်လဲ သီတင်း ၂ ပတ် ကျော်ဘဲ လိုတော့တာမို့ ရုံးဖွင့်ပွဲအပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး ကိစ္စတွေကိုလဲ ပုလဲအဖွဲ့ ချုပ်ရုံးမှာ ဆွေးနွေး ခဲ့ကြတယ်တို့ မုံရွာအဖွဲ့ ချုပ်ဝင် မအေးမြမြလွင်က ပြောပြသွားပါတယ်ခင်ဗျာ။
 
ဒီဗွီဘီ
ပုလဲမြို့နယ် အဖွဲ့ ချုပ်ရုံး ဆိုင်းဘုတ်တင် အခမ်းနား ပြည်သူလူထု သောင်းနဲ့ ချီ တက်ရောက်လာ (ရုပ်/သံ) ပုလဲမြို့နယ် အဖွဲ့ ချုပ်ရုံး ဆိုင်းဘုတ်တင် အခမ်းနား ပြည်သူလူထု သောင်းနဲ့ ချီ တက်ရောက်လာ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 07:17 Rating: 5

No comments:

Powered by Blogger.