ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ်ခရီးစဉ်(၁) (သတင်း -ဓါတ်ပုံ)




ဓါတ်ပုံ- အဘ ဥက္ကာကိုကို 
  ပြည်သူတွေကို လှည့်ဖျားတဲ့ပါတီတွေက အချိန်တိုသာ အောင်မြင်နိုင်မှာပါ
““မဲဆွယ်တဲ့နေရာမှာ ကတိလည်းမပေးရဘူး။ ပစ္စည်းလည်းမပေးရဘူးနော်။ မဲဆွယ်တယ်ဆိုတာ မဲရဖို့အတွက် ၊ မဲရပြီး ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကိုမရနိုင်ရင် ဘာမှအနှစ်သာရမရှိဘူး။ ဒီမဲပေးထားတဲ့ ကိုယ်စားလှယ်တွေက ပေးတဲ့တာဝန်ကို မကြေဘူးဘူးဆိုရင် နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ ဒီလူတွေကို လှည့်ကြည့်စရာမလိုဘူး။ မလုပ်နိုင်တဲ့ကတိတွေကို လွယ်လွယ်မပေးပါနဲ့။ ငါတို့အဖွဲ့ချုပ်ကိုသာ မဲထည့်မယ်ဆိုရင် ဒါတွေလုပ်ပေးမယ်ဆိုတာမျိုးမပြောပါနဲ့။ ပြည်သူတွေကို လှည့်ဖျားတဲ့ပါတီတွေက အချိန်တိုသာ အောင်မြင်နိုင်မှာပါ။ ရေရှည်မှာကျဆုံးမှာပါ”” (ထားဝယ်မြို့၊ ဆေးရုံလမ်းအတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပါတီဝင်များနှင့် ပြည်သူလူထုကို ယခု နံနက် ၉ နာရီ ၁၀ မိနစ်၌ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နှုတ်ချက်။ ယခု ထားဝယ်မြို့တွင်းမှ လောင်းလုံမြို့နယ်သို့ စတင်ထွက်ခွာနေပြီဖြစ်ပါသည်။ လမ်းတစ်လျှောက်တွင် ကြိုဆိုနေကြသော လူထုကြီးကို မျက်စိတစ်ဆုံးမြင်နေရပြီး ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်အားလုံးမှ လိုင်းကားများက ယနေ့မပြေးဆွဲတော့ဘဲ ဒေါ်အောင်ဆန်းစုကြည်အားကြိုဆိုရင် ရောက်ရှိနေကြသော လူများအား ပို့ဆောင်ပြေးဆွဲပေးနေကြောင်း သိရသည်)

သတင်း-7Day News Journal
ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ်ခရီးစဉ်(၁) (သတင်း -ဓါတ်ပုံ) ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ်ခရီးစဉ်(၁) (သတင်း -ဓါတ်ပုံ) Reviewed by သစ်ထူးလွင် on 09:38 Rating: 5

4 comments:

Anonymous said...

ဒေါ်စုမိန့်ခွန်းဖတ်၇တာ အား၇လိုက်တာ ကိုသစ်ထူးလွင်ေ၇ ကျေးဇူးကမ်ဘာဆိုင်

TTMY said...

အန်တီကလဲ.... ကျွန်တော်တို့ကလူကြီးတွေကဒီလိုပြောဆိုဒီလိုပဲပြောရ
တာ.. အပိုပြောလို့မရဘူး.. ပြည်သူတွေကိုလှည့်ဖျားတဲ့ပါတီဆိုတာ..
ဘယ်ပါတီကိုပြောတာလဲသိချင်လိုက်တာ..

မေ said...

ကောင်းတာလိုက် ...ကြည့်ရင်းနဲ့ ပီတီဖြစ်ပြီး မျက်ရည်လည်မိပါတယ်

chipi said...

အမေ့ ဘ၀၊အမေ့ မိသားစု ဒါတွေကို ပစ်ပြီး အမေလုပ်နေတာတွေဟာ တိုင်းပြည်အတွက်၊ နိုင်ငံ အတွက် ဆိုတာ အကြွင်းမဲ့ ယုံကြည်ပါတယ် အမေ....

Powered by Blogger.