ဓါတ်ပုံ- အဘ ဥက္ကာကိုကို
ပြည်သူတွေကို လှည့်ဖျားတဲ့ပါတီတွေက အချိန်တိုသာ အောင်မြင်နိုင်မှာပါ
““မဲဆွယ်တဲ့နေရာမှာ ကတိလည်းမပေးရဘူး။ ပစ္စည်းလည်းမပေးရဘူးနော်။ မဲဆွယ်တယ်ဆိုတာ မဲရဖို့အတွက် ၊ မဲရပြီး ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကိုမရနိုင်ရင် ဘာမှအနှစ်သာရမရှိဘူး။ ဒီမဲပေးထားတဲ့ ကိုယ်စားလှယ်တွေက ပေးတဲ့တာဝန်ကို မကြေဘူးဘူးဆိုရင် နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ ဒီလူတွေကို လှည့်ကြည့်စရာမလိုဘူး။ မလုပ်နိုင်တဲ့ကတိတွေကို လွယ်လွယ်မပေးပါနဲ့။ ငါတို့အဖွဲ့ချုပ်ကိုသာ မဲထည့်မယ်ဆိုရင် ဒါတွေလုပ်ပေးမယ်ဆိုတာမျိုးမပြောပါနဲ့။ ပြည်သူတွေကို လှည့်ဖျားတဲ့ပါတီတွေက အချိန်တိုသာ အောင်မြင်နိုင်မှာပါ။ ရေရှည်မှာကျဆုံးမှာပါ”” (ထားဝယ်မြို့၊ ဆေးရုံလမ်းအတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပါတီဝင်များနှင့် ပြည်သူလူထုကို ယခု နံနက် ၉ နာရီ ၁၀ မိနစ်၌ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နှုတ်ချက်။ ယခု ထားဝယ်မြို့တွင်းမှ လောင်းလုံမြို့နယ်သို့ စတင်ထွက်ခွာနေပြီဖြစ်ပါသည်။ လမ်းတစ်လျှောက်တွင် ကြိုဆိုနေကြသော လူထုကြီးကို မျက်စိတစ်ဆုံးမြင်နေရပြီး ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်အားလုံးမှ လိုင်းကားများက ယနေ့မပြေးဆွဲတော့ဘဲ ဒေါ်အောင်ဆန်းစုကြည်အားကြိုဆိုရင် ရောက်ရှိနေကြသော လူများအား ပို့ဆောင်ပြေးဆွဲပေးနေကြောင်း သိရသည်)သတင်း-7Day News Journal
ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ်ခရီးစဉ်(၁) (သတင်း -ဓါတ်ပုံ)
Reviewed by သစ်ထူးလွင်
on
09:38
Rating:
4 comments:
ဒေါ်စုမိန့်ခွန်းဖတ်၇တာ အား၇လိုက်တာ ကိုသစ်ထူးလွင်ေ၇ ကျေးဇူးကမ်ဘာဆိုင်
အန်တီကလဲ.... ကျွန်တော်တို့ကလူကြီးတွေကဒီလိုပြောဆိုဒီလိုပဲပြောရ
တာ.. အပိုပြောလို့မရဘူး.. ပြည်သူတွေကိုလှည့်ဖျားတဲ့ပါတီဆိုတာ..
ဘယ်ပါတီကိုပြောတာလဲသိချင်လိုက်တာ..
ကောင်းတာလိုက် ...ကြည့်ရင်းနဲ့ ပီတီဖြစ်ပြီး မျက်ရည်လည်မိပါတယ်
အမေ့ ဘ၀၊အမေ့ မိသားစု ဒါတွေကို ပစ်ပြီး အမေလုပ်နေတာတွေဟာ တိုင်းပြည်အတွက်၊ နိုင်ငံ အတွက် ဆိုတာ အကြွင်းမဲ့ ယုံကြည်ပါတယ် အမေ....
Post a Comment