ဒေါပုံမြို့နယ် အိမ်တစ်အိမ်၏ကြမ်းခင်းအောက်မှ အပူငွေ့များထွက်နေ

ဒေါ်ပုံမြို့နယ်၊ ဇေယျာသီရိ-၃လမ်းရှိ နေအိမ်တစ်အိမ်တွင် နေအိမ်ရှိ ကြမ်းပြင်တိုင်ခြေရင်းမှ  ပူလောင်နေသောကြောင့် အနီးအနားတွင်နေထိုင်သူအများအပြား လာရောက်ကြည့်ရှုနေကြပြီး သက်ဆိုင်ရာမှလည်း ဖြစ်ပွားရသည့် အကြောင်းရင်းကို အဖြေရှာမရသေးကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၁၀ နာရီခန့်က အဆိုပါနေအိမ်အတွင်းရှိ အိမ်တိုင်တစ်လုံးခြေရင်းတွင် လွန်ကဲစွာပူလောင်လာသောကြောင့် နေအိမ်နှင့် အနီးအနားရှိလူများ အထိတ်တလန့်ဖြစ်ခဲ့ကြရသည်။

 ဖြစ်စဉ်ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ဘူမိဗေဒဦးစီးဌာန၊ လျှပ်စစ်ဌာနမှ တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့ပြီး အကြောင်းရင်းကို မသိရှိရသေးပေ။ ပူလောင်နေသည့် တိုင်ခြေရင်းအား နှစ်ပေခန့်အနက်တူးဖော်ကြရာ မီးခိုးများထွက်ရှိလာခဲ့ပြီး တူးဖော်ထားသည့် မြေနေရာအား ရေများနှစ်ကြိမ်လောင်းထည့်ထားရကြောင်း သိရသည်။

 မီးသတ်ကတော့ စိုးရိမ်စရာမရှိပါဘူးလို့ ပြောသွားတာပဲဓဓဟု အိမ်ပိုင်ရှင် ဒေါ်ခင်ပြည့်စုံက ပြောသည်။

 အဆိုပါနေအိမ်မှာ ရေသန့်ရောင်းဝယ်ရေးနှင့် လက်ဖွဲ့ပစ္စည်းများထုပ်ပိုးခြင်းလုပ်ငန်းကို လုပ်ကိုင်ကြောင်း သိရသည်။

 မနက်ကျမှပဲသိမယ်။ အကုန်စောင့်ကြည့်နေတယ်။ စိုးရိမ်စရာမရှိဘူးလို့ အထက်အရာရှိတွေပြောသွားတယ်ဓဓဟု အဆိုပါနေရာတွင် စောင့်ကြပ်ပေးနေသော မီးသတ်ရဲဘော်တစ်ဦးက 7DayNews သို့ ပြောသည်။

ဥက္ကာကိုကို၊ ဝေယံမြတ်ဦး 

ဒေါပုံမြို့နယ် အိမ်တစ်အိမ်၏ကြမ်းခင်းအောက်မှ အပူငွေ့များထွက်နေ ဒေါပုံမြို့နယ် အိမ်တစ်အိမ်၏ကြမ်းခင်းအောက်မှ အပူငွေ့များထွက်နေ Reviewed by သစ်ထူးလွင် on 21:41 Rating: 5

5 comments:

Naing Winn -9 said...

fsds

Thu Ri Ya said...

ဘာမှမဖြစ်၇င်ဘာမှမဖြစ်ဘူးပေါ့
ဖြစ်လာတော့လဲဖြစ်ပီပေါ့

...အလင်းစက်များ said...

ဟ ကြည့်လဲ လုပ်ကြပါဦး မီးသတ်က ဘုမိဗေဒ ပညာရှင်မှ မဟုတ်တာ ဘာသိမှာတုန်း။ တော်ကြာ မြေကြီးထဲက မီးတောင် ထထွက်လာမှ ဟုတ်ပေ့။

ဖျားဖျား။ တို့ လူတွေလည်း ပေါ့ဆကြတယ်။

winmin said...

မြန်မာပြည်လဲဘာတွေဖြစ်နေလဲမသိပါဘူး.
တစ်မျိုးပြီးတစ်မျိုးဘဲနော်...
အဲဒါ အဒီက..ကတော့..

နေမင်း said...

ရန်ကုန်မြို့ကြီး ကပ်ဆိုက်နေပြီနဲ့တူတယ်....ကြားလိုက်ရင်အဆန်းတွေချည်းပဲ

Powered by Blogger.