လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အား အမေရိကန် လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ် လာရောက်တွေ့ ဆုံ (ရုပ်/သံ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ်တို့ ယနေ့နံနက် ၁၀ နာရီခွဲတွင် တွေ့ဆုံသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း အမေရိကန် အောက်လွှတ်တော်အမတ် မစ္စတာ ဂျိုးဇက် ခရော်လေ လည်း မြန်မာ နိုင်ငံ၌ ဖြစ်ပေါ်တိုးတက်မှုများကို လာရောက် လေ့လာခဲ့သေးသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် ဆီးနိတ်လွှတ်တော် အမတ် Mitch McConnell တို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံအပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး မြန်မာ့နိုင်ငံရေး အပေါ် ကျေနပ်အားရပြီး တိုးတက်မှုများ ထပ်မံရှိလာလျှင် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းမည်ဟု အမေရိကန် လွှတ်တော်အမတ်က ဆိုသည်။



ဘားမားဗီဂျေ
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အား အမေရိကန် လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ် လာရောက်တွေ့ ဆုံ (ရုပ်/သံ) လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အား အမေရိကန် လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ် လာရောက်တွေ့ ဆုံ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 16:37 Rating: 5

No comments:

Powered by Blogger.