ဗန်းကိုင်စာရင်းတွင် ပါဝင်သော ယုသန္တာတင် ၂၀၁၀ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အခမ်းအနားအတွက် ဗန်းကိုင်စာရင်းထွက်ပေါ် လာကြောင်းသိရသည်။ ယခုနှစ်အတွက် ဗန်းကိုင်လှပျိုဖြူလေးများ၏ အမည်စာရင်းမှာ- (၁) ထက်မိုးမြတ်ဦး၊ (၂) ၀င့်လဲ့နု၊ (၃) ထိုက်ဆုဝင်း၊ (၄) အိနြေ္ဒဘုန်းမြင့်၊ (၅) ယုသန္တာတင်၊ (၆) သဲနော်ဇာ၊ (၇) ခင်ရတနာစိုး၊ (၈) သဲစုနိုင် တို့ဖြစ်ကြသည်။ ယခုနှစ် ဗန်းကိုင်စာရင်းတွင် ပါဝင်သော ယုသန္တာတင်မှာ အနုပညာပျိုးခင်းက စင်တင်သည့် အနုပညာရှင် မင်းသမီးတစ်ဦး ဖြစ်ကြောင်းသိရသည်။ ၂၀၁၀ခုနှစ် အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အခမ်းအနားတွင် ဗန်းကိုင် လှပျိုဖြူများအတွက် မိတ်ကပ်၊ ပိုးထည်၊ ဖက်ရှင်(ဒီဇိုင်း)၊ လက်ဝတ်ရတနာ၊ ဖိနပ်စသည်များကို အောက်ပါကုမ္ပဏီများ မှ ကူညီထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ - ဗန်းကိုင်လှပျိုဖြူများအတွက် မိတ်ကပ်လိမ်းခြယ်ခြင်းကို တောင်ဝင်သူ(မေဦးမောင်) - ဗန်းကိုင်လှပျိုဖြူများအတွက် ပိုးထည် များကို သိဂီ င်္ကျော် - ဗန်းကိုင်လှပျိုဖြူများအတွက် ဖက်ရှင်(ဒီဇိုင်း) အား Adore (မစန်းစန်းသောင်း) - ဗန်းကိုင်လှပျိုဖြူများအတွက် ဖိနပ်ကို ရွှေနားပန်(မန္တလေး) မှလည်းကောင်း - ဗန်းကိုင်လှပျိုဖြူများအတွက် လက်ဝတ်ရတနာကို Precious စသော ကုမ္မဏီများ ကူညီထောက်ပံ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပေါ်ပျူလာဂျာနယ် (ဖေ့စ်ဘုတ်)
3 comments:
ယုသန္တာတင်ကတော့ ပရိသတ်သိသင့်သလောက်သိပြီးသားဆိုတော့မပြောတတ်ဘူး။ အရင်နှစ်တွေကဗန်းကိုင်တချို့ကတော့ လုပ်စားဖို့လိုင်းထဲဝင်သွားကြတယ်။ ဗန်းကိုင်ဖို့ရွေးချယ်ခံရတဲ့သူကို သူဌေးတွေကခေါ်မြီးလေ့ရှိကြတယ်။ မနှစ်က ဗန်းကိုင်တစ်ယောက်ကို သူဌေးကခေါ်လာတာကိုယ်တိုင် တွေ့ဖူးတာပါ။ အနုပညာလောကမှာလည်းဗန်းကိုင်ဆိုရင် ၀င်ငွေကောင်းပြီဆိုပြီးဖြစ်နေပါပြီ။ မော်ဒယ်တွေအနေနဲ့ ကိုယ့်ကိုကိုယ်ထိန်းသင့်ပါတယ်။
really??? oh--o!:0
ယုသန္တာတင်ကတော့လူတိုင်းသိကြပါတယ်
ကျန်တဲ့ဗန်းကိုင်များရဲ့အကြောင်းကိုမသိလို့ဖော်ပြပေးရင်ကောင်းမယ်
ထင်ပါတယ်
Post a Comment