လမ်းဖြတ်ကူးရာတွင် မျဉ်းကြားမှ မကူးလျှင် ဖမ်းဆီးအရေးယူခြင်းခံရမည်

ရန်ကုန်မြို့ရှိ ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ အနေဖြင့် လမ်းဖြတ်ကူးရာတွင် မျဉ်းကြားမှ လမ်းဖြတ်ကူးခြင်းမရှိဘဲ၊ ကြုံသလို လမ်းဖြတ်ကူးနေသူများကို ဖမ်းဆီးပြီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
“ မျဉ်းကြားကနေ ကူးဖို့ လမ်းဖြတ်ကူးသူတွေကို စပီကာနဲ့ အော်ပြီး သတိပေးပါတယ်။ လိုက်နာမှုမရှိဘဲနဲ့ လမ်းကူးနေတဲ့ သူတွေကို ဖမ်းဆီးအရေးယူပါတယ်”ဟု ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှုးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
လမ်းဖြတ်ကူးသူများ အနေဖြင့် မျည်းကြားမှ မကူးဘဲ စည်းကမ်းမဲ့ လမ်းဖြတ်ကူးပါက ဒဏ်ငွေ(၂၀၀၀)ကျပ်၊ တရားရုံး ကုန်ကျစရိတ်ငွေ (၂၀၀)ကျပ်ဖြင့်စုစုပေါင်း (၂၂၀၀)ကျပ် ဒဏ်ငွေ ပေးဆောင်ရမည် ဖြစ်သည်။ ထို့ပြင် ဒဏ်ရိုက်ပြီး လမ်းစည်းကမ်းထိန်းသိမ်းရေး အသိပညာပေး ဗီဒီယိုကို ၂ နာရီခန့်ပြသပြီးပြန်လွှတ်ပေးကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
 
“ခုလို စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို ဖမ်းပြီး ဒဏ်ရိုက်တာကောင်းပါတယ်။ လမ်းကူးတဲ့သူတွေလည်း စည်းကမ်းနဲ့ကူးဖြစ်သွားတာပေါ့၊ ပြီးတော့ အန္တရာယ်လည်း ကင်းတာပေါ့”ဟု အိမ်ရှင်မတစ်ဦးကပြောသည်။
 
 ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးပြပွဲ ၊ ပြိုင်ပွဲများပဉ္စမအကြိမ်မြောက်ကို ၂၀၁၂ - ခုနှစ် ဇန်န၀ါရီလ (၂၇)ရက်မှ (၃၀)ရက်အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမှု၌  ကျင်းပသွားမည် ဖြစ်ကြောင်း၂၂.၁.၂၀၁၂ ခုနှစ်ထုတ် မြန်မာသတင်းစာမှ သိရှိရသည်။ 
ဇော်မင်းထိုက် (ရွှေမြစ်မခ)
လမ်းဖြတ်ကူးရာတွင် မျဉ်းကြားမှ မကူးလျှင် ဖမ်းဆီးအရေးယူခြင်းခံရမည် လမ်းဖြတ်ကူးရာတွင် မျဉ်းကြားမှ မကူးလျှင် ဖမ်းဆီးအရေးယူခြင်းခံရမည် Reviewed by သစ်ထူးလွင် on 16:41 Rating: 5

7 comments:

Myanmar said...

မတ၇ား ခွင်ဆင် ပိုက်ဆံတောင်းနေတဲ့ ပုလိပ်များကိုကျတော့ ဘယ်သူက အေ၇းယူပေးမလဲ ..ကဲ။

tuncthu said...

သူတို့အတွက်လုံလောက်မယ့် လစာတိုးပေးလိုက်ပေါ့။

AUSTIN said...

ကောင်းတဲ့လုပ်ဆောင်ချက်ပါ...ဒီလောက်စည်းကမ်းပြည့်ဝတဲ့ စင်ကာပူနိုင်ငံ
မှာကျွန်တော်တို့မြန်မာတွေ လူကူးမျဉ်းကြားကမကူးပဲ စည်းကမ်းဖောက်ဖြက်
လို့ဒဏ်ငွေဆောင်ရတဲ့သူတွေအများကြီးပါပဲ...တစ်ခုတော့ရှိတယ်...အများ
ပြည်သူစည်းကမ်းရှိစေချင်တယ်ဆိုရင် စည်ပင်သာယာဌာနမှာတာဝန်အရှိဆုးံပဲ.
အရင်ဆုးံရန်ကုန်မြို့ကြီးကိုကောင်းအောင်ပြုပြင်ပါဦးခင်ဗျာ.....

စနေမောင် said...

မျဉ်းကြားကနေကူးရမယ်ဆိုတာတော့ ကောင်းပါတယ်။ စနစ်တကျလေးဖြစ်သွား တာပေါ့။ ဒါပေမယ့် မျဉ်းကြားမရှိသေးတဲ့နေရာတွေ မှာဆိုရင် သွားလာရတာ နည်းနည်းတော့ ကသိကအောက်ဖြစ်မယ်ထင်တယ်။ ဥပမာ - ရွှေဂုံတိုင်မီးပွိုင့်နားကနေရာလိုမှာပေါ့။ မြေနီကုန်းကနေလာတဲ့အခါ ဆင်းတဲ့မှတ်တိုင်နားမှာက တဖက်ခြမ်းကို ကူးမယ်ဆိုရင်မျဉ်းကြားမရှိဘူးလေ။ လူတွေကလည်း ဒီလို ကူးနေကြတာဘဲ။ ကားကလည်း အသွားအလာမပြတ်ဘူး။ အဲလိုနေရာလိုမျိုးမှာဆို ဘယ်လိုစီစဉ်ပေးမလဲဆိုတာ တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်။

Anonymous said...

AUSTIN က CITY HALL မှာ မီးပွိုင့်ကပဲ အမြဲကူးတယ်ပေါ့းP

AUSTIN said...

သေချာတာပေါ့ညီလေးရာ...ညီမလေးရာ..

soethuralwin said...

လူကူးမျဉ်းကြားလုံလုံလောက်လောက်ရှိရင် ပုလိပ်တွေဝင်ငွေနည်းသွားမှာပေါ့! ခွင်ဖန်ချင်လို့ မျဉ်းကြားနည်းတာသီးခံပေးလိုက်ပါကွာ

Powered by Blogger.