ပုံမှန်ဈေးနှုန်း ၈ သိန်း ၁ သောင်းဖြင့် ရောင်းချလျက်ရှိသည့် Wimax
အင်တာနက်လိုင်းများကို ၆ သိန်း ၁ သောင်းကျပ်ဖြင့်သာ
ရောင်းချသွားတော့မည်ဖြစ်ကြောင်း
Red Link ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ Wimax အင်တာနက်လိုင်း၏
ကနဦးတပ်ဆင်ခကို ကျပ်နှစ်သိန်းလျှော့ချပေးသည့်အပြင် ယခင်က
အသုံးပြုလိုသူများ ပေးဆောင်ရသည့် တပ်ဆင်ခများကိုလည်း
ပေးဆောင်ရန်မလိုတော့ကြောင်း သိရသည်။ နယ်မြေဒေသအပေါ်မှုတည်၍ တပ်ဆင်ခများသည် ၂
သိန်းမှ ၃ သိန်း အထိ ယခင်ကကုန်ကျခဲ့ကြောင်း ယခုအခါ၌
အဆိုပါကုန်ကျစရိတ်များကိုလည်း အသုံးပြုသူအနေဖြင့်
ပေးဆောင်ရန်မလိုအပ်တော့ကြောင်း သိရသည်။ ထိုအပြင် ၁၉ ရက်နေ့မှ ၂၅ နေ့အတွင်း
ဝယ်ယူသူများကို နှစ်ကုန်ပရိုမိုးရှင်းအဖြစ် လစဉ်ကြေးတစ်လစာ
ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ စက်တင်ဘာလအတွင်း၌ အက်စ်အီးစီ
၁၅၀၀ နှင့်ရောင်းချလျက်ရှိသည့် Wimax အင်တာနက်လိုင်းများကို ကျပ်ငွေ ၈သိန်း
၁ သောင်းအဖြစ်သို့ပြောင်းလဲရောင်းချခဲ့ပြီး ယခု ဒီဇင်ဘာလ အတွင်း၌ ၆ သိန်း ၁
သောင်းကျပ်နှင့် ပြန်လည်ပြင်ဆင်ရောင်းချခဲ့ခြင်းဖြစ်သည်။ အလားတူပင်
တရားဝင်ပေါက်ဈေး ၁၅ သိန်းဖြင့်ရောင်းချလျက်ရှိသည့် ADSL
အင်တာနက်လိုင်းများကို သြဂုတ်လအတွင်း၌ ငွေကျပ် ၅ သိန်းအဖြစ်သို့
ရတနာပုံတယ်လီပို့ကုမ္ပဏီမှ ဈေးနှုန်းပြောင်းလဲလျှော့ချပေးခဲ့သည်။
ကနဦးတပ်ဆင်က ၆ သိန်း ၁ သောင်းကျပ်ဖြင့် ဈေးနှုန်းနိမ့်
အင်တာနက်လိုင်းတစ်ခုဖြစ်လာခဲ့သည့် Wimax အင်တာနက်လိုင်းကို
အရစ်ကျစနစ်ဖြင့်လည်း ရန်ကုန်မြို့၌ ၀ယ်ယူအသုံးပြုနိုင်ကြောင်း
မန္တလေးမြို့အတွက် Wimax အင်တာနက်လိုင်းရောင်းချခြင်းကိုမူ
ခဏတာရပ်ဆိုင်းထားကြောင်း သိရသည်။
ရေးသားသူ - မြင့်ကျော်လှိုင်
အင်တာနက်ဂျာနယ်
ရေးသားသူ - မြင့်ကျော်လှိုင်
အင်တာနက်ဂျာနယ်
Wimax အင်တာနက်လိုင်း၏ ကနဦးတပ်ဆင်ခကို ကျပ်နှစ်သိန်းလျှော့ချမည်
Reviewed by သစ်ထူးလွင်
on
07:15
Rating:
1 comment:
လစဉ်ကြေးကတော.များနေဆဲပါ။ 512 ကို FEC 130/ 256 ကို FEC 75/ 128 ကို FEC 35 ပါ။
Post a Comment