Super Custom ကားမှောင်ခို တင်သွင်းမှုကိစ္စ စစ်ဆေးဆဲ

၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်း မှစကာ ကွန်တိန်နာများဖြင့် တရားမ၀င် တင်သွင်းလာသော Super Custom ကားများ ဆက်တိုက်ဖမ်းဆီး ရမိမှုအပေါ် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
ဇူလိုင်လ ၁၃ ရက်နေ့မှစ၍ မြန်မာ့စက်မှုဆိပ်ကမ်းတွင် ကွန်တိန်နာအလုံးလိုက်ဖြင့် ကား ခုနစ်စီး စတင်ဖမ်းမိခဲ့ပြီး နောက်ပိုင်း အေးရှားဝေါလ်ဆိပ်ကမ်းတွင် ကားနှင့် ကားပစ္စည်းများ အစီးရေများစွာ ဆက်တိုက်ဖမ်းမိခဲ့သည်ဟု သိရှိရသည်။
ဖမ်းဆီးရမိသည်မှာ ငါးလတာ ကာလရှိပြီဖြစ်သော်လည်း အဆိုပါ ကိစ္စတွင် အဓိကတာဝန်ရှိသူ ပတ်သက်ဆက်နွယ်သူများကို အရေးယူမှုများ မကြားသိရသေးကြောင်း သိရသည်။
သို့သော် Super custom ကားများ ပြည်တွင်း၌ စီးနင်းမှုအပေါ် အမှတ်(၂) စက်မှုဝန်ကြီးဌာနမှ သတ်မှတ်နှုန်းအဆင့်ဆင့်ဖြင့် ဒဏ်ကြေးပေးဆောင် စေကြောင်းလည်း သိရသည်။
ဒဏ်တပ်ရိုက်ရာတွင် အစပိုင်း၌ Super Custom ဆိုပါက ကျပ် သိန်း ၂၀ ဒဏ်ကြေးပေးဆောင်ရန် သတ် မှတ်ခဲ့သော်လည်း သြဂုတ်လ ၁၇ ရက်နေ့တွင် ပေးသွင်းပြီး ဒဏ်ကြေး ကျပ်သိန်း ၂၀ အပြင် ဒဏ်ကြေးငွေ ကျပ်သိန်း ၈၀ ထပ်မံပေးဆောင်ရန် သတ်မှတ်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် သြဂုတ်လ ၂၆ ရက်နေ့တွင် Super Custom ဆိုပါက အမေရိကန်ဒေါ်လာ ၁၃၀၀၀ ကို ဒေါ်လာဖြင့်သာ သီးသန့်ပေးသွင်းရန် သတ်မှတ်ခဲ့ ကြောင်း သိရသည်။

လာဘ်ပေးလာဘ်ယူခြင်းဟာ တိုင်းပြည်နဲ့ လူမျိုးရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းကြောင့် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိတာဝန်ယူရတဲ့ အဖွဲ့အစည်းအား လည်းကောင်း ကင်းကင်းရှင်းရှင်း ရှိအောင် ထိန်းကျောင်း ကြပ်မတ်သွားကြဖို့ လိုအပ်ပါတယ် . . .
ဒဏ်တပ်ရိုက်စဉ်က ဇုန်ပိုင်ရှင်များကိုသာ တပ်ရိုက်သည်ဟု ဆိုသော်လည်း ဇုန်ပိုင်ရှင်များမှ စိုက်ထုတ် မပေးသည့်အတွက် ယာဉ်လက်ဝယ် ရှိသူများသာ ဒဏ်ကြေးပေးဆောင်ခဲ့ ရကြောင်းနှင့် အချို့မှာ ဒဏ်ကြေး ပေးဆောင်ရမှုနှင့် ပတ်သက်၍ ယာဉ်လက်ဝယ်ရှိသူနှင့် ရောင်းချသူကြား ယခုထိပင် တရားစွဲဆိုရင်ဆိုင် ဖြေရှင်းနေရဆဲဖြစ်ကြောင်း သိရသည်။
အမှတ်(၂)စက်မှု ၀န်ကြီးဌာနမှ ဒဏ်ကြေးတပ်ရိုက်ရာတွင် အောက် တိုဘာလ ၂၁ ရက်နေ့အထိ အမေရိ ကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်းရရှိ ခဲ့ကြောင်း အောက်တိုဘာလ ၂၆ ရက်နေ့က နေပြည်တော်၊ အမှတ်(၂) စက်မှုဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည့် တွေ့ဆုံပွဲတွင် ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိမ်းက ပြော ကြားထားခဲ့သည်။
ယခုဖြစ်ပွားခဲ့သည့် အမှုမှာ အစိုးရသစ် လက်ထက်တွင် မီဒီယာများ၌ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ သော အများပြည်သူကြား လူသိထင်ရှား ဖြစ်ခဲ့သော စီးပွားရေး မသမာမှုလည်း ဖြစ်သည် ဟုလည်း သုံးသပ်မှုအချို့ ရှိနေကြောင်း သိရသည်။
“သန့်ရှင်းတဲ့ (Clean Government) ဖြစ်ဖို့အတွက်ကတော့ အဂတိ တရားကင်းရှင်းဖို့ လိုအပ်ပါတယ်။ လာဘ်ပေးလာဘ်ယူခြင်းဟာ တိုင်း ပြည်နဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းကြောင့် မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိတာဝန်ယူ ရတဲ့ အဖွဲ့အစည်းအား လည်းကောင်း ကင်းကင်းရှင်းရှင်းရှိအောင် ထိန်းကျောင်းကြပ်မတ်သွားကြဖို့ လိုအပ် ပါတယ်။ နိုင်ငံတော်က အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို တလွဲအသုံးချပြီး မိမိအပေါင်းအသင်း ရောင်းရင်းတွေ ဖြစ်လို့ အခွင့်အရေးပိုပေးတာတွေ၊ မိမိရဲ့ဆွေမျိုးသားချင်းတွေဖြစ်လို့ အခွင့်အလမ်းတွေ ပိုပြီးဖန်တီးပေး တာတွေမလုပ်မိဖို့ အထူးအရေးကြီး ပါတယ်။ ဒါတွေကို ရှောင်ကြဉ်နိုင်မှ သန့်ရှင်းတဲ့ (Clean Government)  အဖြစ် မှတ်ကျောက်တင်ခံကြရမှာ ဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၃၁ ရက်နေ့ တွင် ပြောကြားခဲ့သည့် ပထမဆုံး မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ထားပါသည်။      
EMG
Super Custom ကားမှောင်ခို တင်သွင်းမှုကိစ္စ စစ်ဆေးဆဲ Super Custom ကားမှောင်ခို တင်သွင်းမှုကိစ္စ စစ်ဆေးဆဲ Reviewed by သစ်ထူးလွင် on 21:08 Rating: 5

No comments:

Powered by Blogger.