Le Monde
သတင်းစာ၏ Director ဖြစ်သူ Éric Israelevitch က ၂၀၁၁ ခုနှစ်အတွက်
တစ်နှစ်တာအကောင်းဆုံး သတင်းမီဒီယာဆုရရှိသည့် Eleven Media Group(Weekly
Eleven News Journal)အား ဆုပေးအပ်စဉ်
ဆုပေးပွဲအခမ်းအနားကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ပဲရစ်မြို့၌ ကျင်းပခဲ့ပြီး ပြင်သစ်နိုင်ငံမှ Le Monde သတင်းစာ၏ Director ဖြစ်သူ Éric Israelevitch ကတက်ရောက်ပေးအပ်ခဲ့ကြောင်းနှင့် Eleven Media Group မှ Weekly Eleven News Journal အယ်ဒီတာချုပ် ကိုဝေဖြိုးနှင့် Premier Eleven Sports Journal တာဝန်ခံအယ်ဒီတာ ကိုမြတ်ထွဋ်ဝင်းတို့ တက်ရောက်လက်ခံရယူခဲ့ပါသည်။

ပဏာမရွေးချယ်ထားသည့် Weekly Eleven News Journalအပါအ၀င် နိုင်ငံတကာမှ သတင်းမီဒီယာများ

တက်ရောက်ဆုယူခဲ့သည့်
Weekly Eleven News Journal အယ်ဒီတာချုပ် ကိုဝေဖြိုးနှင့် Premier Eleven
Sports Journal တာဝန်ခံအယ်ဒီတာ ကိုမြတ်ထွဋ်ဝင်း
ယခုနှစ် ဆုရွေးချယ်ရေးအဖွဲ့တွင် လူ့အခွင့်အရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဂျာနယ်လစ် ၁၂ ဦးပါဝင်ခဲ့သည်။ အဆိုပါဆုသည် ကမ္ဘာ့နိုင်ငံ ၂၀၀ ကျော်မှ ရွေးချယ်ချီးမြှင့်သည့်ဆုဖြစ်ပြီး မီဒီယာလောကတွင် အလေး ထားသည့်ဆုများအနက် တစ်ခုအပါအ၀င်ဖြစ်ကြောင်း သိရသည်။
ဆုပေးအပ်ပွဲအခမ်းအနားတွင် Eleven Media Group မှ Weekly Eleven News Journal အယ်ဒီတာချုပ်ကိုဝေဖြိုး ပြောကြားသော ကျေးဇူးတင်စကား
မင်္ဂလာပါ
လေးစားရပါသော၊ ကြွရောက် ချီးမြှင့်သော လူကြီးမင်းများနှင့် နယ်စည်းမခြား သတင်းထောက်များအသင်းမှ တာဝန်ရှိသူများခင်ဗျာ- EMG ရဲ့ကိုယ်စား R.S.F ကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။
ဒီဆုနဲ့ပတ်သက်လို့ အဓိကထိုက်တန်သူတွေဟာ Weekly Eleven News မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ ပြောင်းလဲတိုးတက်မှုတွေအတွက် နည်းမျိုးစုံနဲ့ အနစ်နာခံ၊ အဆုံးရှုံးခံခဲ့ရတဲ့သူတွေရဲ့ကိုယ်စား ကျွန်တော်တို့ EMG ဒီဆုကို လက်ခံရယူခဲ့တယ်လို့ပဲ ယူဆပါတယ်။
တစ်ဖက်မှာ ဒီဆုရရှိခဲ့တဲ့အတွက် စိတ်ဓာတ်တက်ကြွဂုဏ်ယူရပေမယ့် တစ်ဖက်မှာတော့ ကျွန်တော်တို့ရဲ့ညီနောင် ဂျာနယ်လစ်တွေဟာ ရုန်းကန်နေရဆဲဖြစ်ပြီး အကျဉ်းထောင်ထဲမှာလည်း တချို့ကျန်ရှိနေဆဲပဲ ဖြစ်ပါတယ်။ သူတို့အပြင် ကျွန်တော်တို့အနေနဲ့ မမေ့ မလျော့သင့်တဲ့သူတစ်ဦးကတော့ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းကိုနိုင်ပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ ကျော် အခန်းကျဉ်းထဲမှာ တစ်ယောက်ထဲ ယုံကြည်ချက်ကို မစွန့်လွှတ်ဘဲ နေနိုင်ခဲ့တဲ့ သတ္တိနဲ့ စွန့်လွှတ်မှုတွေ၊ သူရဲ့သူငယ်ချင်းတွေရဲ့ စွန့်လွှတ်မှုတွေကို ကျွန်တော်တို့ ဘယ်တော့မှ မေ့လျော့မထားသင့်ပါဘူး။
ဒါ့အပြင် ကျွန်တော်တို့ EMG ဦးဆောင်ပုဂ္ဂိုလ်နဲ့ CEO ဒေါက်တာသန်းထွဋ်အောင်ရဲ့ မှန်ကန်တဲ့ဦးဆောင်မှု၊ မူဝါဒ၊ ဆုံးဖြတ်ချက် မှန်ကန်မှုတွေဟာလည်း ဒီဆုရရေးမှာ အဓိကနေရာက ပါဝင်ပါတယ်။ တိုင်းပြည်ကို ချစ်မြတ်နိုးတဲ့သူတစ်ဦးအနေနဲ့ သူ့ဘ၀တစ်လျှောက်လုံး ကျွန်တော်တို့နိုင်ငံ၊ လူမျိုး၊ လူ့အဖွဲ့အစည်း အကျိုးစီးပွားကို တစ်ကြောင်းတည်းသောစိတ်နဲ့ ဆောင်ရွက်ခဲ့တာကြောင့်လည်း ကျွန်တော်တို့အနေနဲ့ ဒီနေရာမှာ ဒီလိုစကားပြောခွင့် ရခဲ့တာပဲဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ အပြောင်းအလဲတွေ စတင်ဖြစ်ပေါ်နေပါပြီ။ ဒါပေမဲ့ လူအများကြီးကတော့ မျှတတဲ့ တရားစီရင်ရေးစနစ်နဲ့ ဥပဒေစိုးမိုးမှုရဲ့ အကျိုးတွေကို ခံစားနိုင်ခြင်း မရှိသေးပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေ၊ မှားယွင်းစွာ အပြစ်ပေးခံရသူတွေဟာ အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံအတွင်းမှာ မျှတတဲ့ တရားစီရင်ရေးစနစ်နဲ့ မျှတတဲ့ တရားဥပဒေစိုးမိုးရေးအတွက် မမှိတ်မသုန် ဆောင်ရွက်ဖို့ သံန္နိဌာန်ချမှတ်ထားကြောင်း နောက်ဆုံး ပြောကြားလိုပါတယ်။
EMG
့(RSF)မှ ၂၀၁၁ ခုနှစ်အတွက် ချီးမြှင့်သည့် သတင်းမီဒီယာဆုကို Eleven Media Group မှရရှိ
Reviewed by သစ်ထူးလွင်
on
08:06
Rating:

3 comments:
ကောင်းလိုက်တာဗျာ...
မြန်မာအတွက် ကမ္ဘာမှာ ဂုဏ်ယူစရာသတင်းတခုပါဗျာ။
မှန်ကန်တဲ့သတင်း မြန်ဆန်တဲ့တင်ပြပေးမှု့တွေအတွက်
မြန်မာပြည်သားတွေအားလုံးအတွက် အားကိုယ်းယုံကြည်နေရတဲ့
မြန်မာ့သတင်းဌာနတခု အခုလိုဆုချီးမြင့်ခံရတာ နံမည်ကောင်းရလိုက်တာပါဘဲ။
မိသားစု အနုပညာအိမ်
www.sawkyawoo.com
မြန်မာ့မီဒီယာလောကအတွက် အရမ်းကိုတန်ဖိုးရှိတဲ့ဆုလို့ထင်ပါတယ်။ELEVENအတွက်အရမ်းဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
Post a Comment