ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့် NLD သို့ဝင်မည်

ဦးကျော်၊ ဦးကြည်မြင့်၊ ဒေါ်စန်းစန်းမြင့်၊ ဦးသိန်းညွန့်နှင့် ဦးဖုန်းမြင့်အောင်
အမျိုးသားဒီမိုကရေစီပါတီသစ်၏ ဒုတိယခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်သည် ၎င်း၏ ခွဲထွက်ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သို့ ပါတီဝင်အဖြစ် ပြန်လည်ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် လသာမြို့နယ်အတွင်းရှိ NLD ပါတီဝင်ပောာင်းများဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ပြီး NLD ပါတီဝင်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ပြန်လည် ဝင်ရောက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်သည် NLD ပါတီမှ ခွဲထွက်၍ ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ကိုယ်စားပြုအဖြစ် လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အနိုင်ရရှိခဲ့ပြီး NDF မှ  ထပ်မံခွဲထွက်ကာ သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီပါတီသစ်၌ ဒုတိယခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
မိမိအနေဖြင့် NLD သို့ ပါတီဝင်အဖြစ် ပြန်လည်ဝင်ရောက်မည့်အကြောင်းကို လွှတ်တော်အစည်းအဝေးနောက်ဆုံးနေ့တွင် အမျိုးသားဒီမိုကရေစီ ပါတီသစ်၏ ဥက္ကဋ္ဌဖြစ်သူအား ပြောကြားခဲ့ပြီး ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်အား NLD ပါတီမှ ပြန်လည်လက်ခံရန်ဆိုသည်မှာ လက်ရှိအချိန်တွင် NLD ပါတီသည် ပါတီမှတ်ပုံတင်ခြင်းနှင့် ပါတီပုံစံများ မထုတ်ရသေးသည့်အတွက် မပြောနိုင်သေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်းသိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင်ရှိသော NLD ပါတီ ဗပိာုအလုပ်အမှုဆောင်များကို ခေါ်ယူ၍ အစည်းအဝေးကျင်းပခဲ့ပြီး ပါတီမှတ်ပုံတင်ရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဗပာိုအလုပ်အမှုဆောင်များမှ တစ်ညီတစ်ညွှတ်တည်း ဆုံးဖြတ်ချက်ချခဲ့သည်။
Ref: Messenger
Myanmar News Now
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့် NLD သို့ဝင်မည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့် NLD သို့ဝင်မည် Reviewed by သစ်ထူးလွင် on 09:56 Rating: 5

1 comment:

နွေဦီးသစ်စိမ်း said...

ခံယူချက်နဲ့ အကောင်းဆုံး အကောင်အထည်ဖေါ်ဆောင်နိုင်ပါစေ..။

Powered by Blogger.