NLDပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရန်စီစဉ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ မှတ်ပုံတင်ပြီးပါက ပါတီ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို တစ်နှစ်အတွင်း ကျင်းပရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၉ ရက်တွင် အင်န်အယ်လ်ဒီရုံးချုပ်တွင် ပြုလုပ်ခဲ့သော ပါတီ၏ ဗဟိုအလုပ်အမှု ဆောင်အစည်းအဝေး၌ ပါတီ၏နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရေးကို စတင်ဆွေးနွေးခဲ့ကြောင်း အင်န်အယ်လ် ဒီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

ထိုညီလာခံတွင် ပါတီနှင့်ကင်းကွာခဲ့သော၊ ထွက်သွားသော ပါတီဝင်ဟောင်းများကို အင်န်အယ်ဘ်ဒီပါတီသို့ ပြန်လည်ဝင်ရောက်လိုပါက တင်ပြခွင့်ပြုရန် စီစဉ်နေကြောင်း ဦးဉာဏ်ဝင်းက ဆက် လက်ပြောသည်။

ယခုအခါ ပါတီဝင်ဟောင်းတစ်ဦးဖြစ်သော အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်မှာ အင်န်အယ်လ်ဒီပါတီသို့ ပြန်လည်ဝင်ရောက်ရန် အမျိုးသားဒီမိုကရေ စီပါတီသစ်မှ တရားဝင်နုတ်ထွက်ခဲ့သည်။ ထို့အတူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးမှာလည်း အင်န်အယ်လ်ဒီပါတီသို့ ၀င်ရောက်ရန် အင်န်ဒီအက်ဖ်ပါတီမှ တရားဝင်နုတ်ထွက်သွားပြီးဖြစ်ကြောင်း အခွင့်အလမ်းဂျာနယ် မှာဖော်ပြထားပါသည်။
By: သစ်ထူးလွင်
NLDပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရန်စီစဉ် NLDပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရန်စီစဉ် Reviewed by သစ်ထူးလွင် on 06:56 Rating: 5

No comments:

Powered by Blogger.