NLD ပါတီမှ လက်မခံလျှင် တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်မည်ဟု ဒေါက်တာမြတ်ဉာဏစိုး ပြောကြား

ဒေါက်တာမြတ်ဉာဏစိုး

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်  ( NLD ) ပါတီသို့ ကူးပြောင်းရန် အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ  NDF  မှ နုတ်ထွက်ခဲ့သော  ဒေါက်တာမြတ်ဉာဏစိုးက ၎င်းကို ( NLD ) မှ  လက်မခံပါက  တစ်သီးပုဂ္ဂလအဖြစ်   ရပ်တည်သွားမည် ဖြစ်ကြောင်း 7Day News သို့ ပြောကြားသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး မှာ ( NDF )  ပါတီမှ နုတ်ထွက်လို ကြောင်း ဒီဇင်ဘာ ၁၄ ရက်တွင် စာတင်ခဲ့ပြီး ပါတီဗဟိုအ လုပ်မှုဆောင်အဖွဲ့က ဒီဇင်ဘာ ၁၈ ရက်တွင် ၎င်းနုတ်ထွက်သည်ကို လက်ခံအတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ သည်။  “ကျွန်တော်က နိုဝင်ဘာလထဲမှာ  အကြံပြုစာ တစ်စောင်တင်ပြပါတယ်။  အဓိကတော့  NLD  နဲ့ ပြန် ပေါင်းစည်းရေးပေါ့။  NDF ကော  NDF  ကနေ တစ်ခါခွဲထွက်သွားတဲ့  NNDP  (အမျိုးသား ဒီမိုကရေစီ ပါတီသစ်တို့ရဲ့ ပင်မအရင်းအမြစ်က  NLD  ပဲ။ ဘာဖြစ်လို့  NDF  ပါတီပေါ်ပေါက်ခဲ့ရတာလဲဆိုတော့ NLD သည် မှတ်ပုံပြန်မတင်ဘူးဆုံးဖြတ်တယ်။ နောက်တစ်ခါ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်  (၂၀၁၀ ရွေးကောက်ပွဲ)။   ဒီအတွက်ကြောင့်  NDF  ပါတီက ပေါ်ခဲ့တာ။ စလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ ဆရာဦးသန်းငြိမ်းအမိန့်ရှိခဲ့တာ ရှိတယ်။ ဒါကတော့ NLD အဖွဲ့ဝင်တွေအနေနဲ့ပေါ့။ NLD ဆိုတဲ့ သင်္ဘောကြီး နစ်မြုပ်နေတဲ့အချိန်မှာ  NDF  က လိုက် ဘုတ်လေး(အသက်ကယ်လှေ)အနေနဲ့   ထွက်လာတယ်။ အခုအားလုံးသိတဲ့အတိုင်း အန်တီစုဟာ  VeryWide and Very Smart  ပေါ့နော်။ အန်တီစုနဲ့တကွသော  NLD  အဖွဲ့ဝင်များပေါ့။  NLD  ဟာ မှတ်ပုံတင်ပါပြီ။ နောက်တစ်ခါ ရွေးကောက်ပွဲဝင်ဖို့လည်း ဆုံးဖြတ်ပြီးပါပြီ။ ဒီ  Mothership  ကြီးရှိနေတဲ့အချိန်မှာတော့ ကျွန်တော်တို့ လိုက်ဘုတ်တွေမလိုတော့ဘူး ထင်ပါတယ်။ ပြန်တက်ဖို့ လိုပြီလို့ ထင်ပါတယ်”ဟု ဒေါက်တာ မြတ်ဉာဏစိုးက  NDF  ပါတီမှ နုတ်ထွက်၍ NLD  ပါတီသို့ ကူးပြောင်းရန် စီစဉ်ရခြင်း၏ အချက်တစ်ချက်ကိုပြောသည်။
    ထို့အပြင်လက်ရှိ  NLD  ပါတီကို တာဝန်ရှိသူများက သွေးသစ်လောင်းကာ  ပြန်လည်ဖွဲ့စည်းနေ ခြင်းနှင့်  NLD  ပါတီကို ကိုယ်စား ပြု၍ ရွေးကောက်ပွဲဝင်မည့် ကိုယ် စားလှယ်များမှာ “လူငယ်ဖြစ်ရ မည်၊   ပညာတတ်ဖြစ်ရမည်”   စသောသတ်မှတ်ချက်များမှာ မိမိ နှင့် ကိုက်ညီသည့်အတွက်  NLD  သို့ ၀င်ရန်စီစဉ်ခြင်းဖြစ်ကြောင်း
လည်း ၎င်းက ဆက်လက်ပြောကြားသည်။
    ဒေါက်တာ မြတ်ဉာဏစိုးက နုတ်ထွက်ကြောင်း စာတင်သော အခါ ၎င်းင်း၏ကိုယ်ပိုင်ဆုံးဖြတ်ချက် ကို လေးစားသောအားဖြင့် ကြည်ကြည်ဖြူဖြူပင် နုတ် ထွက်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း  NDF  ပါတီ ဥက္ကဋ္ဌ  ဒေါက်တာ သန်းငြိမ်းက ပြောသည်။ သို့သော် လွှတ်တော် ကိုယ်စားလှယ်ဖြစ်သွားသော ပါတီဝင်များ အနေဖြင့်  ပါတီမှ နုတ် ထွက်ပါက ၎င်းတို့ရွေးကောက်ပွဲ ၀င်ခဲ့စဉ်က ပါတီကို ကိုယ်စားပြု ယှဉ် ပြိုင်ခဲ့ပြီး လူထုက ပါတီ၏ ရပ် တည်ချက်နှင့် မူဝါဒကိုကြည့်ကာ မဲပေးခဲ့ကြခြင်းဖြစ်၍   လူထုမှ ပေးအပ်သော  တာဝန်ကို မထမ်း ဆောင်လိုတော့သည်ဟုသဘော သက်ရောက်နိုင်ကြောင်း ဒေါက်တာသန်းငြိမ်းက ပြောသည်။  ထို့ ကြောင့်လွှတ်တော်ကိုယ်စားလှယ် များနှင့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်များအနေဖြင့် လွှတ် တော်ကိုယ်စားလှယ်များပါတီ ပြောင်းခြင်းအပေါ် အလေးထား စဉ်းစားသင့်ကြောင်းလည်း  ၎င်းက ပြောသည်။ ဒေါက်တာမြတ်ဉာဏစိုးက  NDF  မှ နုတ်ထွက်ပြီးနောက်  NLD  သို့ သွားမည်ဖြစ်ပြီး ၎င်းင်းကို  NLD က လက်မခံပါက မည်သို့စီစဉ်ထားသလဲဟုအမေးကို-
    “ကျွန်တော်စဉ်းစားထားပြီးသားပါ။ ကျွန်တော် တစ်သီးပုဂလအဖြစ် ရပ်တည်သွားပါမယ်။ ဒီအကြောင်းတွေလည်း ကျွန်တော် ရှင်းပြချင်ပါ တယ်။ ဘာပြုလို့လဲဆို တော့ တစ်ဖက်ကိုလှမ်းပြီး သေချာတော့မှ တစ်ဖက်ကနေ နုတ်ထွက်တယ်ဆိုတာ မလုပ်သင့် မလုပ်ထိုက်ဘူးလို့ ကျွန်တော်ထင် ပါတယ်”ဟု ဒေါက်တာမြတ်ဉာဏစိုး ကဖြေသည်။
    အမျိုးသားဒီမိုကရေစီအင်အားစုပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် နေရာ ၁၆ နေရာ အနိုင်ရရှိခဲ့သည်။ သို့သော် လွှတ်တော် ကိုယ်စားလှယ် ၅ ဦးမှာ ပါတီမှ ခွဲထွက်ပြီး အမျိုးသား ဒီမိုကရေစီပါတီသစ်အဖြစ် ထူထောင်သွား၍ လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦး ကျန်ခဲ့သည်။ထိုအထဲမှဒေါက်တာမြတ် ဉာဏစိုးက ထပ်မံနုတ်ထွက် သည့်အတွက် ကိုယ်စားလှယ် ၁၀ဦးသာကျန်ရှိတော့သည်။ ထို့အတူ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးကြည်မြင့်မှာလည်း  NLD  ပါတီသို့ ကူးပြောင်းရန်အတွက် နုတ်ထွက်ခဲ့သည်။ ဒီဇင်ဘာ ၆ ရက်တွင် ပါတီမှ နုတ်ထွက်လိုကြောင်း စာတင်ပြီး ဒီဇင်ဘာ ၁၂ ရက်တွင်ကြည်ဖြူစွာပင် နုတ်ထွက်ခွင့်ပြုခဲ့ကြောင်း ၎င်းကပြောသည်။ လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကြည်မြင့်က  NLD  ပါတီသို့ ပြန်သွားရေးမှာ ၎င်းအတွက် အခက်အခဲမရှိနိုင်ကြောင်းပြောသည်။    ၎င်းမှာ  NLD  ပါတီမှ နုတ်ထွက်ခဲ့ခြင်း မဟုတ်ဘဲ ၁၉၉၃ သြဂုတ်လတွင် ပါတီက ထုတ်ပယ်ခဲ့ခြင်းဖြစ်ပြီး ပါတီစတင်တည်ထောင်ကတည်းက ပါဝင်ခဲ့သော ၎င်းကို ပါတီမှလက်ခံမည်ဟု ယုံကြည်ကြောင်းဦးကြည်မြင့်က ပြောသည်။
အားမာန်   7Day News
NLD ပါတီမှ လက်မခံလျှင် တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်မည်ဟု ဒေါက်တာမြတ်ဉာဏစိုး ပြောကြား NLD ပါတီမှ လက်မခံလျှင် တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်မည်ဟု ဒေါက်တာမြတ်ဉာဏစိုး ပြောကြား Reviewed by သစ်ထူးလွင် on 10:17 Rating: 5

1 comment:

htaik said...

very shameful.thar ku.no confident.party is not important.personnel spirit morale attitute & hard working for myanmar people is very important.

Powered by Blogger.