အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD
ပါတီမှတ်ပုံတင်ပြီးရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်အပေါ်
ကြိုဆိုထောက်ခံသည့်အနေနှင့် လှည်းကူးမြို့နယ်ကိုယ်စားပြု
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDFပါတီရုံးခွဲဆိုင်းဘုတ်ကို
ဒီဇင်ဘာလ၂ရက်နေ့က ဖြုတ်ချလိုက်ပြီလို့ သတင်းရရှိပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီအနိုင်ရမှာစိုးတဲ့အတွက် NDFပါတီဝင်အဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အခုလို NLD ပါတီရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တော့မှာဖြစ်တဲ့အတွက် NDF ပါတီဝင်တွေအနေနဲ့ NLD ပါတီကိုအင်အားတရပ်အနေနဲ့ ပူးပေါင်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။အခုလိုဆိုင်းဘုတ်ဖြုတ်ပြီး NDF ပါတီဝင်တွေအနေနဲ့ NLD ပါတီကို ဝင်ရောက်တော့မှာ ဖြစ်တဲ့အကြောင်းကို NDF ဗဟိုအပါအဝင် လှည်းကူးမြို့နယ် ကော်မရှင်ရုံးနဲ့ လှည်းကူးမြို့နယ် မယကကိုလဲ အကြောင်းကြားစာပေးပို့ထားတယ်လို့ ဆိုပါတယ်။
လှည်းကူးမြို့နယ် NDF ပါတီက EC ၁၀ ယောက်နဲ့အဖွဲ့ဝင်တွေ အပါအဝင် လျာထားတဲ့ ကိုယ်စားလှယ်တွေနဲ့ အနီးအနားကျေးရွာတွေကိုပါ လှည့်လည်စည်းရုံးပြီး အခုလိုဆုံးဖြတ်ချက် ချခဲ့ကြတာဖြစ်ပါတယ်။
ကျန်တဲ့ပါတီအဖွဲ့ဝင်တွေကလဲသဘောတူညီနေကြပြီးကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီရွေးကောက်ပွဲဝင်ဖို့အတွက် အင်အားအနေနဲ့ ပူးပေါင်းပါဝင်ဖို့ရှိတယ်လို့ သိရပါတယ်။
လှည်းကူးမြို့နယ် အင်းတိုင်တပ်နယ်ကလှည်းကူးမြို့နယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ပါတီဝင် ဒေသခံ ၅၇ ယောက်ကလည်း NLD ပါတီနဲ့ ပူးပေါင်းပါဝင်ဖို့ ဆန္ဒရှိတဲ့အတွက် လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးNLD ပါတီကိုဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က လာရောက်အကြောင်းကြားထားတာရှိတယ်လို့လဲလှည်းကူးမြို့နယ် NLD ပါတီဝင်တစ်ဦးက ဘားမားဗီဂျေကို ဆက်သွယ်ပြောဆိုပါတယ်။
By ဇာဏီ ( Burma VJ Media Network)

လှည်းကူးမြို့ နယ်ရှိ NDF ပါတီရုံးခွဲဆိုင်းဘုတ်ဖြုတ်ပြီး ပါတီဝင်များ NLD ပါတီသို့ ပြန်လည်ဝင်ရောက်
Reviewed by သစ်ထူးလွင်
on
17:27
Rating:
1 comment:
စည်းလုံးခြင်းသည် အင်အား၊ တို့ခေတ်ကိုေ၇ာက်၇မည်မှာ မလွဲပါ။ ။
Post a Comment