မြန်မာပြည်၏
အနုပညာရှင်အားလုံးနီးပါး ပူးပေါင်းပါဝင်ကူညီမည့် အကြီးကျယ်ဆုံး ရန်ပုံငွေ
ပွဲတော်ကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပညာရေးကွန်ယက်မှ ဦးဆောင်၍
ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ နှင့်
ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ မင်းဓမ္မလမ်း MCC ခန်းမ ၌( ၃၀.၁၂.၂၀၁၁ )
နှစ်သစ် ကူးအကြို ညချမ်းတွင် ခန်းနားကြီးကျယ်စွာကျင်းပပြုလုပ်ပါမည်။
မြန်မာနိုင်ငံတွင် တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက် ဘူးသေးသော နိုင်ငံကျော်
အနုပညာရှင်အားလုံးနီးပါး ပူပေါင်းပါဝင်ကူညီ သီဆိုဖျော်ဖြေ လှူဒါန်းကြမည့်
ပညာရေး ရန်ပုံငွေပွဲတော်ကြီးဖြစ်ပါသည်။
( ၃၀.၁၂.၂၀၁၁ ) နေ့ မနက်( ၉း၀၀) နာရီမှစတင်၍ MCC ၀င်း အတွင်း
ပညာရေးကွန်ယက်နှင့်ဆက်သွယ် ဆောင်ရွက် နေကြသော ပညာဒါနကျောင်းများ၊
လူမူရေးအသင်း အဖွဲ့ များ၊ ကျန်းမာရေးကူညီပေးနေသည့် အဖွဲ့  အစည်းများမှ
ဆိုင်ခန်းပေါင်း ( ၆၀ ) ကျော်ဖွင့်လှစ်၍ လူသုံးကုန် ပစ္စည်း များ၊
အမှတ်တရပစ္စည်းများ၊ အစား အသောက်များကို မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်မှာဖြစ်ပြီး
ရရှိလာမည့် အမြတ်ငွေအား လုံးကို ပြည်ထောင်စု တိုင်းရင်းသားဒေသများတွင်
ပညာရေးမြှင့်တင်ဆောင်ရွက် ပေးရန်အတွက် လှူဒါန်းကြမှာ ဖြစ်ပါတယ်။
ဂီတဖျော်ဖြေပွဲ လက်မှတ်များကိုလည်း အောက်ပါနေရာများတွင်စတင်ရောင်းချပေးနေပါပြီး။ ( ၁ ) အမေ့သားဆန်ဆိုင်(၂၄၇)ဗိုလ်ချုပ် လမ်း၊လမ်း(၄၀) နှင့် ဗိုလ်အောင်ကျော်လမ်းကြား။ ( ၂ ) အမိုင်တူရိယာပစ္စည်းအရောင်းဆိုင် ၊(၁၃၈)လသာလမ်း၊အထက်ဘလောက်။
( ၃ ) NLD ရုံချုပ်၊ ရွှေဂုံတိုင်၊ ( ၄ ) Morning Star လ္ဘက်ရည်ဆိုင်(
တိရိစ္ဆာန်ရုံ ) ( ၅ ) Morning Star လ္ဘက်ရည်ဆိုင်( ဦးချစ်မောင်လမ်း) ( ၆ )
Morning Star လ္ဘက်ရည်ဆိုင်( တော်ဝင်စင်တာ ) လက်မှတ်တန်ဘိုးများမှာ၊
၃၀၀၀၀၊ ၂၀၀၀၀၊ ၁၀၀၀၀၊ ၅၀၀၀ ကျပ်သတ်မှတ်ထားပါတယ်။
လက်မှတ်ရောင်းရငွေအားလုံးကိုလည်း ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးအတွက် အနုပညာရှင်များမှ ၀မ်းမြောက်စွာလှူဒါန်းကြမှာဖြစ် ပါတယ်။
( ၃၀.၁၂.၂၀၁၁ ) ညနေ ( ၃း၃၀ ) နာရီအချိန်တွင်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ပြီး
ဂီတဖျော်ဖြေပွဲ ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးမှာဖြစ် ပြီး
ပညာရေးရန်ပုံငွေပွဲ အဖွင့် မိန့် ခွန်းပြောကြမှ ဖြစ်ပါတယ်။
မိဘပြည်သူအပေါင်းမှလည်း ရန်ပုံငွေပွဲတော်သို့ ကြွရောက်၍
အားပေးကြပါရန်ဖိတ်ကြားအပ်ပါသည်။ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ပွဲတော် ကျင်းပရေးကော်မတီ
By: အမေ့အိမ် ( Mother's Home )
မြန်မာနိုင်ငံတွင် တခါမှ မပေါ်ဘူးသေးတဲ့ MCCရန်ပုံငွေပွဲကြီး လက်မှတ်များရောင်းချပေးနေသည်
Reviewed by သစ်ထူးလွင်
on
20:54
Rating:
No comments:
Post a Comment