မြန်မာပြည်ရဲ့
အကျော်ကြားဆုံး တေးဂီတအဖွဲ့ တဖွဲ့ဖြစ်တဲ့ အိုင်းရင်းခရော့စ်
တေးဂီတအဖွဲ့ဟာ ဒီနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။
တက္ကသိုလ်ရိပ်သာလမ်း
နေအိမ်မှာ ဒီနေ့ ညနေပိုင်းက သွားရောက်
တွေ့ဆုံခဲ့ကြတာဖြစ်ပြီး၊ အိုင်းရင်းခရော့စ် အဖွဲ့သားတွေဖြစ်တဲ့
အဆိုတော်လေးဖြူ၊ မျိုးကြီး၊ အငဲ၊ ဝိုင်ဝိုင်း၊
တီးဝိုင်းအဖွဲ့သားတွေဖြစ်တဲ့ ချစ်စမ်းမောင်၊ ခင်မောင်သန့်၊
ဗညားစတဲ့သူတွေနဲ့ သူတို့ရဲ့ မိသားစုတွေ ပါဝင်ကြပါတယ်။
သွားရောက်တွေ့ဆုံရတဲ့ အကြောင်းကို ဘေ့စ်ဂစ်တာသမား ကိုခင်မောင်သန့်က ခုလိုပြောပြပါတယ်။
“တော်
တော်များများက သူတို့ စီစဉ်တဲ့ရက်နဲ့ ကျနော်တို့
ကြိုလက်ခံထားတဲ့ပွဲနဲ့ တိုက်နေတယ်။ လောလောဆယ် ဒီပွဲမှာ ကျနော်တို့
ပါဝင်ခွင့် မရဘူး။ ကောလာဟလ အမျိုးမျိုး ထွက်နေလို့။ ပွဲတွေစပြီး
စီစဉ်နေတဲ့ အချိန်မှာ လေးဖြူက စင်ကာပူမှာ ရောက်နေတယ်။
ချစ်စမ်းမောင်က အမေရိကားမှာ ရောက်နေတယ်။ သူတို့အဲဒီမှာ
အသီးသီးရောက်နေချိန် ကျနော်တို့က အရမ်းကြီးလက်မခံရဲဘူး။ အဲဒါ
အပြင်မှာ ကောလာဟလ အမျိုးမျိုး ထွက်နေလို့ အန်တီ့ကိုသွားပြောပြတာ။”
တွေ့
ဆုံချိန် အချိန်တိုအတွင်း ထွေရာလေးပါး စကားတွေပဲ ပြောဖြစ်ကြတဲ့
အကြောင်းနဲ့ နောင်မှာ ထပ်တွေ့ကြဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူးပြုလုပ်တဲ့ တိုင်းရင်းသားပညာရေး
ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၀ ရက်နေ့မှာ
ကျင်းပမှာဖြစ်ပြီး အိုင်စီ အဖွဲ့သားတွေကလွဲလို့ ကျန်တဲ့
တေးဂီတအဖွဲ့နဲ့ တေးသံရှင်တွေ အားလုံးနီးပါး
ပါဝင်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။
ရွှေအောင်---ဒီဗွီဘီ
Photo- Iron Cross (Facebook)
|
— with Zin Mar Lwin, Swan Htet, Khin Chan Tha, Chit San Maung, Khin Mg Aye, Aung San Suu Kyi, Helen Ayekyaw, Ko Ko Lwin, Naymoe Nway, Nang Mon Kham, Thunderbolt Mg, Kha Yann, ကြယ်စင် ဖြူ, Chan Nyein and Soelin Thu.
7Day News Journal
By: သစ်ထူးလွင်
IC မိသားစု လူထုခေါင်းဆောင်ဒေါ်စု ကို လာရောက် ဂါဝရပြု
Reviewed by သစ်ထူးလွင်
on
20:26
Rating:
9 comments:
ယုံကြည်ပါတယ်IC ကို..... IC က ဗမာပြည်မှာနိုင်ငံရေး အခံရှိဆုံး music band တစ်ခုပါ...... နောက်တစ်ပွဲမှာပါဝင် ပေးပါလို့ ပြောချင်ပါတယ်....ထာဝရအောင်မြင်ပါစေ...IC တစ်ဖွဲ့လုံး............
IC အဖွဲ့ကို ဘယ်သူတွေက ဘာတွေပြောနေကြတာလဲ
အခြေအနေ အကြောင်းကြောင်းကြောင့်သာ ဒီပွဲမှာမပါနိုင်တာ
အခွင့်အရေး ရတာနဲ့သူတို့ကူညီကြမှာပါ
ပါဝါ၅၄ ကိုဆိုခဲ့တီးခဲ့ထုတ်လုပ်ခဲ့ကြတာ ဘယ်သူတွေလဲ
ရူးချင်ယောင်ဆောင်မနေနဲ့ကိုဆိုခဲ့တီးခဲ့ကြတာ
ယူလိုက် ကိုဆိုခဲ့တီးခဲ့ကြတာ ဘယ်သူတွေလဲ
မဆိုနဲ့လို့ ပိတ်ပင်ထားတဲ့ သီချင်းကိုဆိုလို့နှစ်နဲ့ချီအပိတ်ခံရတာ
ဘယ်သူလဲ
ပရိတ်သတ်ကနှစ်ပေါင်းများစွာ IC ကိုအားပေးသလို
IC ကလည်း နှစ်ပေါင်းများစွာ တဖက်တည်းမှာအမာခံရပ်
တည်ခဲ့တာ ဒီနေ့ထိ။
ဖားသီချင်း...ပေါ်လစီသီချင်းမဆို
အမေစုနှင့်ဒီမိုကရေစီဘက်မှ အမာခံရပ်တည်ခဲ့သော
IC အဖွဲ့သားများ၏ လုပ်ဆောင်ချက်များသည် သူတို့၏စိတ်ဓာတ်ကို
ဖေါ်ပြနေသည်။ဖေါ်ပြခဲ့ပြီးလည်းဖြစ်သည်။
IC ကသာမှကူးတဲ့ သာကူးတွေ မဟုတ်ဘူးဟေ့။အမေနားကိုမလာပေမယ့် အမြဲတမ်း အမေ့ဘက်က နေခဲ့တာ။ယုံကြည်ပြီးသားပါ IC ဆက်လျှောက်ပါ။အားပေးလျှက်ပါ
ဘာအမေလဲ...ဘယ်တုန်းကဘာတွေလုပ်ပေးခဲလို့လဲ..ပြန်တွေးကြည့်ကြပါဦး...အခုမှသခိုးပြေမှထိုးကွင်းထနေတာ..ကလိထိုးပြီးတောင်ဟားတိုက်ရယ်လိုက်ချင်သေးတယ်.....ဟဟဟဟဟ...အော်လူတွေ...လူတွေ.....
The Symbol of "Cross of Iron" is belong to Iron Cross Band. But They are not German Soldier. They are Soldier of Music.
What a pity Pioneerboy!
pioneerboy!!! မင်းပြောပုံက ဘယ်ကောင်တွေက သူခိုးတွေလဲ
တဆိတ်လောက် နာမည်လေးများ ပြောနိုင်မလား?????
Pioneerboy! You are so pretty. And also you are a selfish and you don't know about our benefactors' benefits. By the way, if you had any human's mind, you wouldn't say aging like that. Right?
ှုIC ခေါင်းဆောင် လေးဖြူ ဆိုခဲ့တဲ့ သီချင်းတွေကိုခံစားကြည့်ရင် သူတို့
အဖွဲ့ရဲ့ စိတ်ဓါတ်ကိုသိနိုင်ပါတယ်။အမြဲတမ်း အားပေးလျှက်ပါ IC။
Post a Comment