အာဆီယံနိုင်ငံဆယ်နိုင်ငံအပါအ၀င်
ဂျပန်နိုင်ငံမှ ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများကို မြန်မာနိုင်ငံသို့
သယ်ဆောင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏
မိုဘိုင်းဌာနမှသတင်းရရှိသည်။
အဆိုပါ နိုင်ငံ ၁၁ နိုင်ငံမှ ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများကို မြန်မာနိုင်ငံသို့ သယ်ဆောင်လာပြီး အသုံးပြုနိုင်မည့်စနစ်ကို Mobile Inbound System ဟုခေါ်ဆိုပြီး ယင်းဖုန်းများကို သယ်ဆောင်အသုံးပြုမည့်သူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံအသီးသီးမှ သတ်မှတ်ထားသော (နိုင်ငံတကာသို့သယ်ဆောင်အသုံးပြုသည့်အတွက်ကျသင့်သည့် တယ်လီဖုန်းဘီလ်) ဖုန်းဘီလ်များကို ပေးဆောင်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ အာဆီယံနှင့် ဂျပန်နိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင်မည့် Outbound System ကိုမူ ၂၀၁၂ နှစ်ဆန်းပိုင်းတွင် သုံးစွဲနိုင်တော့မည်ဖြစ်ပြီး ယခုလက်ရှိအချိန်တွင်မူ ယင်းဝန်ဆောင်မှုအတွက် လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း အထက်ပါလုပ်ငန်း၏ တာဝန်ရှိသူက 7 Day News သို့ပြောသည်။
အထက်ပါကဲ့သို့ မြန်မာနိုင်ငံမှ အာဆီယံနိုင်ငံများနှင့် အခြားသောနိုင်ငံများသို့ ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်းများကို သယ်ဆောင်သွားကာအသုံးပြုနိုင်မည့် Outbound System ကို အသုံးပြုနိုင်မည်ဆိုပါက ဖုန်းဘေလ်များမှာ လက်ရှိပြည်တွင်းခေါ်ဆိုမှုများအတွက်သာ သက်မှတ်ထားသော နှုန်းထားများနှင့်မတူညီပဲ ပိုမိုများပြားသွားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိအချိန်တွင် စတင်အသုံးပြု နိုင်နေပြီဖြစ်သည့် အာဆီယံအပါအ၀င် ဂျပန်နိုင်ငံမှ ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများကို Inbound System သည် ယခုလ ပထမပတ် အတွင်းမှစတင်ကာ နေပြည်တော်ခရိုင်တွင်ပြုလုပ်ခဲ့သည့် အာဆီယံဆက်သွယ်ရေးဝန်ကြီးများအစည်းအဝေးမှ စတင်အသုံးပြုနိုင်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်၊ ဒီဇင်ဘာ-၁၂
7Day News Journal

ဂျပန်နှင့် အာဆီယံနိုင်ငံများမှ GSM ဖုန်းများ ပြည်တွင်း၌ အသုံးပြုနိုင်ပြီ
Reviewed by သစ်ထူးလွင်
on
18:56
Rating:
2 comments:
လောလောဆယ်တော့ ဒီမှာရှိတဲ့ GSM တွေ ဆက်မရဘူး..ပျက်နေပြန်ပြီ..
၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဟံသာဝတီကားရောင်းဝယ်ရေးဝင်းအနီးရှိ ဆက်သွယ်ရေးအိတ်ချိန်းရုံး၏ စက်ခန်းတစ်ခု မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
"နေ့လည် ၂ နာရီ လောက်မှာ အိတ်ချိန်ဝင်း အနောက်ဘက်က မီးခိုးတွေအူထွက်လာတယ်။ စက်ခန်းမီးလောင်တာ လို့လည်းသိရတယ်။ အဲလို မီးခိုးတွေထွက်နေပြီး မီးသတ်ကားတွေ ရောက်လာတယ်။ မီးငြိမ်းသတ်နေတာကတော့ ၄၅ မိနစ်လောက်ကြာတယ်"ဟု အဆိုပါ အိတ်ချိန်းရုံးအနီးတွင် နေထိုင်သူတစ်ဦးက ပြောပါသည်။
အဆိုပါမီးလောင်ကျွမ်းမှု ဖြစ်စဉ်ကြောင့် GSM ဖုန်းလိုင်းများ ယာယီပြတ်တောက်မှုများ ဖြစ်ပွားခဲ့သည်။
International Roaming စံနစ်ဖွင့်တာ သတင်းမဟုတ်ပါဘူး။
ဆက်သွယ်ရေးက တမင်သက်သက် ပေးမသုံးပဲပိတ်ထားတာပါ။
အခုမှလာပြီး အာဆီယံ တို့ ဂျပန်တို့ Roaming ဖွင့်တာကို ပဲကြီးကျယ်လှပြီလို့ ဆက်သွယ်ရေးက ထင်နေတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ
လွန်ခဲ့ တဲ့ ၂၀၀၁ ခုနှစ်လောက်ကတည်း International Roaming သုံးလို့ ရနေပြီ။ ထိုင်းနိုင်ငံ ကိုမပြောနဲ့ တော့။ ထိုင်း GSM ကို တကမ္ဘာလုံးပတ်ယူသွား၊ နိုင်ငံတိုင်းမှာ လိုင်းချိတ်ထားတယ်။
Incoming,Outgoing နှစ်ခုလုံး ပိုက်ဆံပေးရတယ်။ SMS,MMS ပို့ လို့ ရတယ်။ အင်တာနက်သုံးလို့ ရတယ်။
ပြည်တွင်းမှာသုံးနေတဲ့ GSM ကိုတောင်လိုင်းကောင်းအောင်မလုပ်နိုင်သေးတာ။ အခု Roaming ပွင့်သွားယင် နိုင်ငံခြားက လိုင်းတွေ နဲ့ ပိုတောင်ကြပ်လာနိုင်သေးတယ်။
ဆက်သွယ်ရေးကတော့ ပိုက်ဆံပိုရတာသေချာတယ်။ အဲဒီနိုင်ငံ က ဖုန်းတွေ ပြည်တွင်းသုံးနေယင် အ၀င်လဲပိုက်ဆံရတယ်။ အထွက်လဲ ပိုက်ဆံရတယ်။
မြန်မာ့ဆက်သွယ်ရေးက ကမ္ဘာ့နိုင်ငံအသီးသီး နဲ့ ယှဉ်ရင် နှစ်ပေါင်း ၂၀ ၃၀ လောက် ခေတ်နောက်ကျနေပါပြီ။
အဲတာကို မှီအောင်လိုက်ပါဦး။
Post a Comment