အင်တာနက်စနစ်အပြင် ငွေကျပ်နှစ်သိန်းခွဲဝန်းကျင်ဖြင့် GSM ဖုန်းများချပေးတော့မည်

b36_02
  အင်တာနက်စနစ်အပြင် ငွေကျပ် နှစ်သိန်းခွဲဝန်းကျင်ဖြင့် ချထားပေးမည့် တန်ဖိုးနည်း GSM ဖုန်းများ ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည်ဖြစ်ကြောင်း၊ စတင်ချထားပေးမည့် တန်ဖိုးနည်းဖုန်းများတွင် ဖုန်းခေါ်ဆိုခများကို တိုးမြှင့် သတ်မှတ်ရန်မရှိဘဲ တစ်မိနစ်လျှင် ငွေကျပ် ၅၀ နှုန်းဖြင့်သာ ကောက်ခံသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။  
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည့်လုံးရေ လေးသန်းစီမံချက်တွင် အင်တာနက်စနစ်ကိုပါ တစ်ပါတည်း အသုံးပြုခွင့် ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တယ်လီဖုန်းသုံးစွဲမှု မြင့်မားလာစေရေးအတွက် ငါးနှစ်စီမံကိန်း အဖြစ် GSM မိုဘိုင်းဖုန်းလိုင်းအင်အား သန်း ၃၀ တိုးချဲ့တပ်ဆင်နိုင်ရေးကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္ပဏီများပူးပေါင်းကာ လုပ်ဆောင်သွားမည်ဖြစ်သည်။ GSM မိုဘိုင်းစနစ် တိုးချဲ့တပ်ဆင်ခြင်းအား စီမံကိန်းကာလ ငါးနှစ်အတွင်း လိုင်း အင်အားသန်း ၃၀ အထိတိုးချဲ့တပ်ဆင်မည်ဖြစ်ကြောင်းနှင့် အဆိုပါသန်း ၃၀ မှ GSM ဖုန်းလုံးရေ လေးသန်းကို ပထမနှစ်စီမံကိန်းအဖြစ် လာမည့် ဖေဖော်ဝါရီလအတွင်း ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ''GSM ဖုန်းလုံးရေ လေးသန်း စီမံချက်ကို ဖေဖော်ဝါရီလလောက်မှာ စတင်ချထားပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ တန်ဖိုးက နှစ်သိန်းခွဲကနေ သုံးသိန်းကြားပဲရှိမှာပါ။ ဖုန်းခေါ်ဆိုခတွေကိုလည်း ပြောင်းလဲသွားဖို့ မရှိပါဘူး။ တစ်မိနစ် ၅၀ ကျပ်နှုန်းပဲ ကောက်ခံမှာပါ'' ဟု ပြောကြားခဲ့သည်။
''ပုဂ္ဂလိကကုမ္ပဏီတွေ ရောင်းချမှုအပိုင်းမှာလည်း One Stop စနစ်နဲ့ ရောင်းချပေးသွားမယ်။ လမ်းဘေးမှာ ၀ယ်လို့ရတဲ့အထိ လွယ်လွယ်ကူကူဝယ်နိုင်ဖို့ စီစဉ်ပေးထားမှာပါ။  အခုချိန်မှာတော့ ဖုန်းလုံးရေလေးသန်းကို ချပေးဖို့ အသုံးပြုရမယ့် infrastructure တွေ၊ ဆောက်ရမယ့် တာဝါတိုင်တွေ စတာတွေမှာ ရင်းနှီးမြှုပ်နှံရင် ကုန်ကျနိုင်မယ့် စရိတ်နဲ့ ဖုန်းရောင်းချရင် ရရှိမယ့် အကျိုးအမြတ်စတာတွေကို တွက်ချက်ပြီး ဈေးနှုန်း သတ်မှတ် မှာပါ။ သေချာတာကတော့ အခုပေးနေ တဲ့ ငွေကျပ်ငါးသိန်းထက်တော့ လျော့ပါမယ်။ ဒီဂျီအက်စ်အမ် လေးသန်း project မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ ကြီးကြပ်မှုကိုပဲ အဓိက ပြုလုပ်သွားမှာဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေကပဲ အဓိကဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။ ဖုန်းလုံးရေလေးသန်းအား စတင် အသုံးပြုခွင့်ပေးသည့်အခါတွင်လည်း တစ်လလျှင်လုံးရေနှစ်သိန်း ရောင်းချနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ ထိုသို့ရောင်းချနိုင်မှသာ ပထမနှစ်အတွက် သတ်မှတ်လုံးရေ ကုန်နိုင်မည်ဖြစ်ကြောင်း သိရသည်။
''အခု ရန်ကုန်မှာ ငါးသိန်း ဂျီအက်စ်အမ်ဖုန်းတွေကို တစ်ရက်တစ်ထောင်နဲ့ တစ်လကို ဖုန်းလုံးရေသုံး သောင်းနှုန်းလောက် ရောင်းရပါတယ်။ အခုလေးသန်းက မြန်မာတစ်နိုင်ငံလုံးရောင်းမှာဆိုတော့ တစ်လကို ဖုန်းလုံး ရေနှစ်သိန်း ရောင်းနိုင်ဖို့ မျှော်မှန်းပါတယ်။ ဒီလိုတစ်လနှစ်သိန်းနှုန်း ရောင်းချနိုင်မှပဲ ပထမနှစ်အတွက် သတ်မှတ်လုံးရေ ကုန်မှာပါ။ ဒုတိယနှစ်အတွက်က ဖုန်းလုံးရေ ငါးသန်း ထွက်လာမှာဆိုတော့ ငါးသန်း မထွက်လာခင် ကုန်အောင်ရောင်းချနိုင် ဖို့ လိုအပ်ပါတယ်''ဟု ၎င်းက ထပ်မံ ရှင်းပြခဲ့သည်။ ၎င်းစီမံကိန်းအတွက် ပုဂ္ဂလိကပိုင်းနှင့် ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများမှာ E Lite ကုမ္ပဏီလီမိတက်၊ ရတနာပုံတယ်လီပို့စ်နှင့် Asia Mega Link ကုမ္ပဏီတို့ ဖြစ်သည်။        
Eleven Media Group
အင်တာနက်စနစ်အပြင် ငွေကျပ်နှစ်သိန်းခွဲဝန်းကျင်ဖြင့် GSM ဖုန်းများချပေးတော့မည် အင်တာနက်စနစ်အပြင် ငွေကျပ်နှစ်သိန်းခွဲဝန်းကျင်ဖြင့် GSM ဖုန်းများချပေးတော့မည် Reviewed by သစ်ထူးလွင် on 10:28 Rating: 5

13 comments:

Anonymous said...

ကျန်ခဲ့ပါပြီကွာ။
ဒို့တိုင်းပြည်က အခုမှ ကခ ရေးတတ်တာကို ဟုတ်လှချည်ထင်နေတယ်။
ပုဂ္ဂလိကပိုင် sim card မဖြစ်သေးသ၍ တိုးတတ်တယ်ဆိုတာအလကားပဲ။
gsm တွေဘာတွေနဲ့ကြီးကြီးကျယ်ကျယ်။
ဒီပြင်နိုင်ငံတွေမှာ အလကားတောင်ရတယ်။
ဘာလဲ လုပ်စားနိုင်လွန်းတယ်။
သိန်း၃၀တန်၊သိန်း၂၀တန်၊၅သိန်းတန်၊ခုလာပြန်ပြီ ၃သိန်း။
ပုဂ္ဂလိပိုင်အပြိုင်အဆိုင် quality နဲ့ customer service ကောင်းအောင်သူ့ထက်ငါ ကြိုးစားဖို့အခွင့်အရေးပေးလိုက်ရင် မဖြစ်နိုင်စရာမရှိပါဘူး။
အခုက လုပ်ပိုင်ခွင့်ကိုမပေးတာ။
မြန်မာတမျိုးသားလုံး ကိုငတုံးငအတွေလို့မထင်ပဲ အခွင့်အရေးလုပ်ပိုင်ခွင့်ကို တတ်မြောက်သူတိုင်းလုပ်ခွင့်ပေးစေ့ချင်တယ်။
ပညာတတ်၊ လုပ်တတ်ကိုင်တတ်သူတွေအခြားတိုင်းပြည်ရောက်နေတာကိုက နိုင်ငံကိုချာတူးလန်စေတယ်။

နွေဦီးသစ်စိမ်း said...

"မြန်မာတမျိုးသားလုံး ကိုငတုံးငအတွေလို့မထင်ပဲ အခွင့်အရေးလုပ်ပိုင်ခွင့်ကို တတ်မြောက်သူတိုင်းလုပ်ခွင့်ပေးစေ့ချင်တယ်။"
အမျိုးများ ကိုယ်ကျိုးစီးပွား ကာကွယ်နေတာပါ..။အမျိုးသားရေးထက် အမျိုးများ အရေးက ပိုအရေး ကြီးနေကြတာ...

ဒိုးလေး said...

အိမ်နီးခြင်းထိုင်းနိုင်ငံမှာ ပုဂ္ဂလိက ကုမဏီတွေက သူတို့ဖုန်းကဒ် ဝယ်သုံးစေချင်လို့ Sim Card ကို အပြိုင်အဆိုင် အလကားပေးနေပြီး ဖုန်းခွန်ကတော့ တလုံးကို အနိမ့်ဆုံး ဘတ် ၅၀၀၊ ၇၀၀ ကနေ သောင်း ဂဏန်းထိရှိပါတယ်။ တို့မြန်မာအစိုးရလည်း တကယ်စေတနာရှိတယ်ဆိုရင် ပုဂ္ဂလိက ကုမဏီတွေကိုလွှဲပြီး အဲဒီလို လုပ်ပေးစေချင်တယ်။ ဒါမှ မြန်မာ့နိုင်ငံရဲ့ ဆက်သွယ်ရေးစနစ်ကောင်းမွန် တိုးတက်လာမှာပါ။ ခုတော့ ရုပ်ရှင်မင်းသားမင်းသမီးနဲ့ သူဌေးတွေပဲ ဖုန်းကိုင်ခွင့်ရှိနေသလိုလို အခြေခံလူတန်းစားတွေမှာ ပိုတောင် စိတ်အားငယ်ရသေးတယ်။ ထိုင်းမှာဆိုရင် ခွေးတောင် စကားပြောတတ်ရင် ဖုန်းကိုင်လိမ့်မယ်။ ဖုန်းဈေးတွေပေါလွန်းလို့ သူများနိုင်ငံတွေကို အတုယူသင့်တာ ယူဖို့အချိန်တန်ပြီ။

hlaing said...

ဘာဘဲဖြစ်ဖြစ်ကြိုဆိုပါတယ်။ကောင်းတာပေါ့။အခုမှစတယ်ဘဲပြောပြောနောက်ကျတယ်ဆိုတာမရှိပါဘူး။ဒီသတင်းကြားရလို့အရမ်းစိတ်ချမ်းသာရပါတယ်။လူတန်းစေ့ဆက်သွယ်ရေးကောင်းစွာဆက်သွယ်နိုင်ကြရင်တိုးတက်မှုပိုမြန်တာပေါ့။ပြောချင်တာကဖုန်းများလာတာထက်ဆက်သွယ်ရေးစနစ်ကိုဒီထက်ပိုကောင်းအောင်ဆောင်ရွက်နိုင်ဖို့မျှော်လင့်ပါတယ်။

လွင်ပြင် said...

အရမ်းကိုနောက်ကျလွန်းတယ်ဗျာ နိုင်ငံတကာမှာ ဖိနပ်ချုပ်တဲ့ကောင်တောင် ဖုန်းကိုင်နေတယ်ဆိုတာ မသိဘူးထင်ပါရဲ့ နိုင်ငံခြားမှာ မြန်မာငွေနဲ့ပြန်တွက်ရင် ၂သောင်း ၃သောင်းလောက်နဲ့ဖုန်းကိုင်လို့ရတယ် မြန်မာပြည်မှာ အခု GSM card လေးကို ၂သိန်းခွဲ သုံးသိန်းဆိုတာ များလွန်းပါတယ် တကယ်ကို တိုးတက်စေချင်တယ် မြန်မာနိုင်ငံ၏ တယ်လီဖုန်းသုံးစွဲမှု မြင့်မားလာစေရေးအတွက် ဆိုရင် ပုဂ္ဂလိက လွဲပေးပြီး ပိုမိုသက်သာအောင် ဆောင်ရွက်သင့်တယ်လို့ ထင်တယ်....

iris said...

လုပ်စားလို့ ရသလောက်လုပ်စားလာတာ သိန်း၅၀ ကနေ ခု ၂သိန်းခွဲထိပေါ့။ပြီးရင် ၁သိန်းတန်ဆိုပြီးလုပ်စားတော့မယ်။ပြည်သူ
တွေအိပ်ကပ်ထဲကပိုက်ဆံတွေကို အမျိုးမျိုးနှိုက်ပြီး အမြတ်ထုတ်
တဲ့ အစိုးရပဲ

kogyithet said...

ကြံ့ခိုင်ရေး ရန်ပုံငွေအတွက် ဆက်သွယ်ရေးနဲ့ ထူး(အီလိုက်တက်ခ်)၊အေးရှားဝေါ(အေးရှားမက်ဂါလင့်)၊ရတနာပုံတို့ပေါင်းပြီးလုပ်စားနေကြတာ။ဘယ်တော့မှပြည်သူကို ဈေးသက်သက်သာသာနဲ့ မပေးဘူးစိတ်ချ။နိုင်ငံခြားက လုပ်နိုင်တဲ့ကုမ္မဏီကိုပေးလိုက်ရင် သူတို့စားကွက်ပျက်သွားမှာပေါ့။ ပြည်သူဆီက ရသလောက်ခွာနေကြတာလေ။ရန်ပုံငွေယူတဲ့ ကြံ့ဖွံ့ကုမ္မဏီနာမည်က IGCSE ပါ။

shein said...

ပြောတာကတော့ ဒီမိုကရေစီ ပြောင်းနေပြီတဲ့...လုပ်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေ အကုန်လုံး သူ့ပထွေး၊ သူ့အဖေ၊ သူ့သားသမီး၊ သူ့အမျိုးတွေ၊ သူ့ဘော်ဒါတွေပဲ ပေးနေတော့ ဘယ်မှာလာပြီး တိုးတက်တော့မှာလဲ။ ဘယ်မှာလဲ လွတ်လပ်စွာ ယဉ်ပြိုင်ခွင့်..။

မောင်မောင် said...

နှစ်ပေါင်းများစွာနောက်ကျနေတဲ့ဆက်သွယ်ရေး..
ဟိုးလွန်ခဲ့ တဲ့ နှစ်တွေက ဆင်းကတ် တစ်ခု ကို ၁၅ သိန်း ဘဏ်သွင်းပြီးဝယ်ထားတဲ့ ပြည်သူတွေနစ်နာတာကို ဘယ်လိုလျှော်ကြေးပေးမလဲ မြန်မာ့ဆက်သွယ်ရေး၊၀န်ကြီး၊ညွှန်မှူးများ၊
တကမ္ဘာလုံး အလကားပေးနေတဲ့၊ ဆင်းကတ် ( SIM) ကို ဒေါ်လာ ၃၀၀ ) ကျော် ရောင်းနေသေးတာက တော့ လွန်လွန်းအားကြီးတယ်။
ကိုယ့်တိုင်းသူပြည်သားရဲ့ အိတ်ကပ်ထဲက ငွေတွေကို နည်းအမျိုးမျိုး နဲ့ 
လိမ်ညာလှည့်ဖြားယူနေကြတဲ့ တိုင်းပြည်အုပ်ချုပ်မင်းလုပ် စီမံခန့် ခွဲနေကြတဲ့ ကောင်တွေ ရပ်တန်းက ရပ်သင့်ပြီ။
လိုင်းအင်အားတာ တိုးချဲ့ နေပြီး ဖင်ကုန်းအော်တာတောင် မကြားတဲ့ မြန်မာ့ဆက်သွယ်ရေး က အခုလက်ရှိဖုန်းတွေကို လိုင်းဆွဲအား
ပိုမိုကောင်းမွန်အောင်လဲလုပ်ပါဦး၊
အများနဲ့အတူ ယှဉ်ပြိုင်နိုင်တဲ့ ပုဂ္ဂလိက လုပ်ပိုင်ခွင့်ပေးပြီးတော့ Customer Service ကို ဖွင့်ပေးဖို့ အချိန်လဲ ရောက်ပြီ။
နောက်ပြီးတော့ ပြောတော့ EDGE, 3G လျှောက်ပြောနေတယ်။ နိုင်ငံတကာ ကို ခုထက်ထိ SMS,MMS ပို့ တာတွေ ပိတ်ထားတုန်းပဲ။ အဲတာကရောဘယ်တော့ဖွင့်မှာလဲ မြန်မာ့ဆက်သွယ်ရေး..မင်းတို့ ဆက်မလုပ်စားသင့်တော့ဘူး...
မင်းတို့ လုပ်ထားခဲ့ တာတွေ မင်းတို့ တာဝန်ယူသင့်ပြီ။
တကမ္ဘာလုံး ခလေးရောခွေးရော မိုဘိုင်းဖုန်းသုံးနေချိန်မှာ မင်းတို့ က မြန်မာပြည်သူပြည်သားတွေ ရဲ့ ငွေတွေကို ထပ်ပြီး မလည်လည် မလှည့်ဖျားပါနဲ့ တော့။

dolone said...

အေးဗျာပြောမနေကြပါနဲ့ အာပေါက်ပါတယ်ဗျာ ဒီသူတောင်းစားအစိုးရကတော့ ပြောကိုမပြောချင်ပါဘူး ...ခွေးလယ်ပင်းမှာရွှေဆွဲကြိုးဝတ်ပေးရင်တောင် အခွန်ကောက်အုံးမှာ ဟီးဟီး

သူရဲလေး.. said...

ဘာပဲဖြစ်ဖြစ် ဝယ်ကိုင်မယ့်သူကတော့ရှိနေတာပဲ ခုဆို တော်တော်များများကိုင်နိုင်နေကြပြီပဲ..Hlaing ပြောတာကို ထောက်ခံပါတယ်..ဆက်သွယ်ရေးစနစ်ပိုကောင်းလာဖို့ပဲ မျှော်လင့်ပါတယ်...လူတွေက အလကားဆိုတာပဲမြင်နေကြတယ်..သိန်3း0 လောက်နဲ့ဝယ်ထားတဲ့ သူတွေကိုလည်းအားနာကြပါဦး...ဒီမိုကရေစီနဲ့လည်း မြန်မာလူမျိုးတွေနဲ့မတန်ပါဘူး ခုပဲကြည့်လေ နဲနဲလေးလွတ် တာနဲ့ ဟိုနေရာမှာလူသတ် ဒီနေရာမှာလူသတ်နဲ့..ခင်ဗျားတို့လိုချင်တဲ့ ဒီမိုကရေစီ နဲ့ရောတန်ရဲ့လား စဉ်းစားကြည့်ကြပါဦး...နောက်ကျတယ်ဆိုတာမရှိပါဘူး...မကျေနပ်ရင် မဝယ်ပဲနဲ့နေကြလေ.....ပြီးတာပဲ....

သော်တိုးဝေ said...
This comment has been removed by the author.
bone said...

သူနိုင်ငံတွေမှာဖုန်းတစ်လုံးကို SiM ကတ်ရောပါမှအနည်းဆုံး 150 အများဆုံး 200 ဆိုကိုင်နိုင်ပါတယ် ဈေးကြီးတဲ့ဟာတွေလည်းရှိတာပေါ့ 400 500 ဆိုရင်အကောင်းဆုံးပေါ့ SiM ကဒ်ကတော့12ကျပ်ဆိုရင်တစ်သက်လုံးသုံးလို့ရတယ်လေ ကျနော်တို့နိုင်ငံ မှာ5သိန်းတန်လို့ CDMA နှစ် 10ဆိုလား နှစ် 20ဆိုလားဘဲ 5သိန်းတန်လို့တော့ပြောတာဘဲ ၀ယ်တော့ 5သိန်း5သောင်းပေးရတယ် သူတို့ ၀န်ထမ်းတွေဘဲပေးတာလေ သူ့တို့ဆီက 5သိန်း5 သောင်းနဲ့ တစ်ခါပြန်ဝယ်ရတယ်အကုန်လုံး8သိန်းလောက်မှဖုန်းတစ်လုံးရတယ် နောက်SIM ကဒ်ထည့်ဖို့ဖုန်းတစ်လုံးဝယ်ရတယ် နယ်မှာဆို တိုင်ထောင်ရသေးတယ် အမြင့်ကြီးထောင်မှမိတယ် မမိတဲ့ခါလည်းမမိဘူးကဒ်တစ်ကဒ်ကိုတစ်သောင်း ဒီလိုနဲ့သုံးနေလိုက်တာ အော်နှစ်ကကုန်မှန်းမသိကုန်တော့မယ် ကုန်တာနဲ့ ကဒ်ကတော့သုံးလို့မှမရတာကိုလွင့်ပြစ်ရတော့မှာပေါ့ သူများနိုင်ငံကိုအထင်ကြီးလို့ပြောတာတော့မဟုတ်ပါဘူး တစ်အိမ်မှာလူ5ယောက်ရှိရင် 6 ယောက်လောက်ကိုင်နိုင်တယ် တစ်ယောက်ကို2လုံးရှိတဲ့သူ 2လုံး 3လုံးရှိတဲ့သူက 3လုံး သူတို့တွေနဲ့မြန်မာနိုင်ငံနဲ့ဘာကွာလို့ သူတို့လည်းထမင်းဘဲစားတာမဟုတ်လား ဆင်းရဲတဲ့နိုင်ငံဆိုပိုလို့တောင်ဈေးချိုရအုံးမယ် ခုလုပ်ပြန်ပြီ2သိန်းခွဲတဲ့ စောင့်လက်စနဲ့စောင့်လိုက်ကြပါအုံး နှစ်ပေါင်3း0 ဆယ်လောက် ဒါဆိုင်ရင်တော့ သူများနိုင်ငံကိုမှီလာမယ်ထင်ပါတယ် မြန်မာငွေနဲ့ ကဒ်တစ်ကဒ်ကိုတစ်သောင်းလောက်နဲ့ရမယ်ထင်ပါတယ် ပြောလိုက်ရင်သခင်မျိုးဟေ့တို့မြန်မာ ဘယ်တုန်းကသခင်မျိုးခဲ့တာလဲ တို့မြန်မာနိုင်ငံသားတွေဟာအရင်တုန်းကကျွန်ဘဲခုလည်းကျွန်ဘဲသူ များနိုင်ငံမှာ အောက်ကျနောက်ကျကျွန်ခံနေရတုန်းဘဲနောက်နှစ်ပေါင်းဘယ်လောက်ကျွန်းခံရအုံးမယ်ဆိုတာမသိဘူး ဒါလည်းသခင်မျိုးလား ပြောချင်ရင်ကျွန်းမျိုးလို့ဘဲ ရဲရဲကြီးပြောလိုက်စမ်းပါ ကျနော်တို့မြန်မာနိုင်ငံကထွက်ရှိတဲ့ သယံဇာတတွေကိုသူများနိုင်ငံတွေကိုရောင်စား တရုတ်အပါဝင်နောက်နိုင်ငံတွေက သူတို့ကို ဖန်ချနေတာကိုမသိဘူးရိုင်းသွားရင်တော့ ခွင့်လွတ်ပါ ဒီကောင်တွေမြန်မာနိုင်ငံကကောင်တွေကိုဘယ်လိုအသုံးချရင်ရမယ်ဆိုတာကိုသိထားတော့နောက်သူမိန်းမသူ့သားသမီး သူ့ဆွေမျိုးတွေကိုပါတရုတ်နဲ့အပေါင်းပါနိုင်ငံတွေကိုရောင်းစားလိုက်ရင်တော်တော်ပိုက်ဆံရမှာဘဲ ဦးသိန်းစိန်နဲ့အပေါင်းပါတွေဆိုတော့ ဈေးကြီးပေးပြီးဝယ်မှာပါသူတို့နိုင်ငံကောင်းစားဖို့ မီးရဖို့ ခုကြည့် မြန်မာနိုင်ငံ ရခိုင်ပြည်မှာထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေကိုရောင်းစားသွားခဲ့ပြီတစ်ကယ်ဆို မြန်မာတစ်နိုင်ငံလုံးနဲ့ဆိုင်တယ် မြန်မာနိုင်ငံမှာဘဲသုံးရမှာပေါ့ နောက်ရွှေတွေ တွင်းထွက်ပစ္စည်းတွေ ကျွန်းသစ်နဲ့ပျဉ်းကတိုး ရေထွက် ငါး ပုဇွန် မြန်မာနိုင်ငံမှာ သယံဇာတတွေအများကြီးဘဲ ဒါတွေကို တို့ မြန်မာနိုင်ငံအတွင်းမှာသုံးလိုက်မယ်ဆိုရင် ဖုန်းလောက်ကိုမပြော နဲ့နွားကျောင်းရင်း လယ်ထွန်ရင်း မီးနဲ့အလုပ်လုပ်လို့ရတယ် တစ်ကမ္ဘာလုံးကိုယှဉ်လို့ရတယ် ဒါ လားဒီမိုကရေစီအစိုးရ အားလုံး ပြီးခဲ့ပါပြီ အားလုံးကိုလေးစားလျှက် နိုင်ငံ့ကိုချစ်တဲ့ မျိုးချစ် လူငယ်............

Powered by Blogger.