၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီတည်ထောင်ခွင့်မပြုခဲ့သော နိုင်ငံရေးပါတီများ အသစ်ပြန်လည်လျှောက်ထားနိုင်

ဒေါက်တာတူးဂျာ ကချင်တိုးတက်ရေးပါတီ
တည်ထောင်ခွင့်မပြုခဲ့သော နိုင်ငံရေးပါတီများ အသစ်ပြန်လည်လျှောက်ထားနိုင်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌက ပြောကြားတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီတည်ထောင်ခွင့်မပြုခဲ့တဲ့ ပါတီများရှိပေမဲ့လည်း အရင်အမည်နဲ့  ပြန်လည်လျှောက်ထားနိုင်ပြီး ခွင့်ပြုနိုင်က ပါတီတည်ထောင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရတယ်။

"ပါတီမှတ်ပုံတင်တာကို ကြိုဆိုပါတယ်။ တည်ထောင်ခွင့်လဲပေးလျက်ရှိပါတယ်။ ၂၀၁၀ တုန်းက တည်ထောင်ခွင့်မရခဲ့တဲ့ ပါတီတွေလဲ အသစ်ပြန်လည်လျှောက်ထားနိုင်ပါတယ်" ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌဦးတင်အေးက ပြောကြားခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီတည်ထောင်ခွင့်ကို ၄၅ ပါတီက လျှောက်ထားခဲ့ပြီး ငါးပါတီမှာ မဲဆန္ဒနယ် အပြည့်ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ သုံးပါတီမှာ တည်ထောင်ခွင့်မရခဲ့ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲမှာ ၃၇ ပါတီသာ ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ ပါတီသစ်လေးပါတီမှတ်ပုံတင်ပြီးဖြစ်ပါတယ်။ လက်ရှိမှာ တရားဝင်ပါတီ ၄၁ ပါတီရှိပြီး မှတ်ပုံတင်ရန် ကျန်နေသော ပါတီသစ်ခြောက်ပါတီ ရှိနေသေးကြောင်း သိရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီထောင်ခွင့်မပြုခဲ့တဲ့ ပါတီတွေဟာ ဘာအကြောင်းပြချက်ခိုင်းခိုင်းလုံလုံမှ မပြနိုင်ဘဲ  ငြင်းပါယ်ခံခဲ့ရတာပါ။ ဒေါက်တာတူးဂျာ ဦးဆောင်တဲ့ ကချင်တိုးတက်ရေးပါတီဆိုရင် အစောဆုံး မှတ်ပုံတင်ခဲ့တဲ့ ပါတီတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီတည်ထောင်ခွင့် မပေးခဲ့ပါဘူး။ ဘာ့ကြောင့် ပါတီတည်ထောင်ခွင့် မပေးသလဲ ဆိုတာကိုတော့ ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းပြချက် မပေးခဲ့ဘူး။ 
ပါတီ တည်ထောင်ခွင့် မပေးတဲ့အတွက် တသီးပုဂ္ဂ္ဂလ အနေနဲ့ ဝင်ပြိုင်ကြမယ်ဆိုပြီး ဒေါက်တာတူးဂျာ အပါအဝင် ကချင်အမျိုးသား ၁၂ ဦးဟာ ကချင်ပြည်နယ်ထဲက လွှတ်တော် မဲဆန္ဒနယ်မြေများမှာ တသီးပုဂ္ဂလကိုယ်စားလှယ်များအဖြစ် အမည်စာရင်း တင်သွင်း လိုက်ကြတယ်။ 

ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ (၁) ရက်ကနေ (၁ဝ) ရက်နေ့အထိ စီစစ်ပါတယ်။ စီစစ်ပြီးတဲ့ အခါမှာတော့ ဒေါက်တာတူးဂျာ အပါအဝင် တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်း (၁၂) ဦးလုံးကို ရွေးကောက်ပွဲဝင်ခွင့် ငြင်းပယ်လိုက်ပါတယ်။ ဘာ့ကြောင့်လဲ။ ဘယ်ဥပဒေနဲ့ ညိစွန်းလို့ပါလဲ။ ထုံးစံအတိုင်း ဘာအကြောင်းပြချက်မှ မပေးပါ။ ဘာအကြောင်းပြချက်မှလည်း မပေးနိုင်ပါ။ အဲဒီတုန်းက ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးသိန်းစိုး ဖြစ်ပါတယ်။

By: သစ်ထူးလွင်

၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီတည်ထောင်ခွင့်မပြုခဲ့သော နိုင်ငံရေးပါတီများ အသစ်ပြန်လည်လျှောက်ထားနိုင် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီတည်ထောင်ခွင့်မပြုခဲ့သော နိုင်ငံရေးပါတီများ အသစ်ပြန်လည်လျှောက်ထားနိုင် Reviewed by သစ်ထူးလွင် on 23:00 Rating: 5

No comments:

Powered by Blogger.