လျှပ်စစ်ဓာတ်အား အချိန်ပိုင်းပြတ်တောက်မည်

စွမ်းအင်ဝန်ကြီးဌာန ရဲတံခွန်ကမ်းလွန် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးစင်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်စဉ်ကာလအတွင်း ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ ရပ်နားထားရမည်ဖြစ်၍ စက်မှုဇုန်များ၌ နေ့ပိုင်းတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ရပ်ဆိုင်းထားမည်ဖြစ်ပြီး ည ၁၁ နာရီမှ နံနက် ၅ နာရီ အတွင်းသာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ကျောက်တံတား၊ ပန်းဘဲတန်းမြို့နယ်ရှိ ရပ်ကွက် အချို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကြည်တော်၊ တောင်လုံးပြန်၊ စက်ဆန်း၊ ကန်တော်လေး (အရှေ့၊ အနောက်၊တောင်၊ မြောက်) သိမ်ဖြူ၊ စံပြ၊ ဖဆပလ၊ လွတ်လပ်ရေး၊ တောင်ညွှန့်၊ မီးရထား၊ ဖို့မြေ၊ သာယာကုန်း၊ ရေတွင်းကုန်း၊ သပြေကုန်းရပ်ကွက်နှင့် ယုဇနပလာဇာ၊ မင်္ဂလာဈေး၊ တာမွေမြို့နယ် နတ်မောက်၊ မအူကုန်း၊ အရိုးကုန်း၊ ပုဏ္ဏားကုန်း၊ အောင်မင်္ဂလာ၊ ကျောက်မြောင်းကြီး ရပ်ကွက်နေရာများ၌ အချိန်ပိုင်း ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့က သတင်းထုတ်ပြန်ထားကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
By: သစ်ထူးလွင်
လျှပ်စစ်ဓာတ်အား အချိန်ပိုင်းပြတ်တောက်မည် လျှပ်စစ်ဓာတ်အား အချိန်ပိုင်းပြတ်တောက်မည် Reviewed by သစ်ထူးလွင် on 10:18 Rating: 5

2 comments:

ming said...
This comment has been removed by the author.
kogyisoe said...

မီးပျက်တာ မဆန်းပါဘူး။ မီတာခ တက်မှာလည်း မဆန်းသလိုပါဘဲ။ နှစ်သစ်မှာ မီတာခတွေ တက်ဈေးနှင့် စံစားပေတော့။

Powered by Blogger.