သမ္မတအမိန့် ရှေ့တန်းစစ်မျက်နှာသို့ မရောက်သေး

ကချင်ပြည်နယ်မှ ထိုးစစ်များကို ရပ်တန့်ကာ ခုခံတိုက်ခိုက်ခြင်းသာ ပြုလုပ်ရန် သမ္မတမှ ကာ ကွယ်ရေးဦးစီးချုပ်ထံ စာပို့ခဲ့သော်လည်း ဆက်သွယ်ရေးအခက်အခဲကြောင့် ဝေးလံဒေသများတွင် ရောက်ရှိနေ သည့် ရှေ့တန်းတပ်ရင်းအဖွဲ့များဆီသို့ ညွှန်ကြားချက်ထပ်ဆင့် ပေးပို့ရာတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် နိုင်ခြင်းမရှိကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းက ပြောသည်။

" တပ်တွေရဲ့ အစဉ်အလာသဘောအရ ကာကွယ်ရေးဦးစီးချုပ်ကနေ တိုင်းမှူး၊ ဗျူဟာမှူး၊ တပ် ရင်းမှူး၊ တပ်ရင်းကနေမှ ရှေ့တန်းတပ်ရင်း တပ်ဖွဲ့တွေအထိ အဆင့်ဆင့်တွေက ဝေးလံတဲ့နေရာတွေမှာ ရောက် နေတတ်တယ်။ ဆက်သွယ်ရေးမပြည့်စုံတဲ့ နေရာတွေ ရောက်နေတဲ့အတွက် အချိန်ယူရတယ်။ ဒီနေ့အမိန့်ထုတ် ပြီး နက်ဖြန်ရပ်လိုက်တာမျိုးတော့ မရေလောက်ဘူး" ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

သမ္မတက ကာကွယ်ရေးဦးစီးချုပ်ထံသို့ အမိန့်ညွှန်ကြားချက် မပေးပို့ခင်ကတည်းကပင် တိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ဌာနချုပ်တည်ရှိရာ နေရာများသို့ လုံးတိုက်ခိုက်ခြင်းမပြုပါဟု နှုတ်ကတိပေး ထားခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းမှုဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဦးသိန်းဇော်က ပြောသည်။

အမိန့်ညွှန်ကြားချက်မှာ ရှေ့တန်းစစ်မျက်နှာသို့ မရောက်ရှိသေး၍ သော်လည်းကောင်း နှစ်ဦး နှစ်ဖက်စလုံးက ထုတ်ပြန်ချက်ကို မသိရှိသေး၍ သော်လည်းကောင်း အသေးစား ပစ်ခတ်မှုအချို့ရှိနိုင်ကြောင်း ၄င်းတို့က ဆိုသည်။

" အဲဒါကို မုန့်နဲ့ တုတ်နဲ့ပေးတယ်လို့ ပြောလို့မရပါဘူး" ဟု ဦးအောင်သောင်းက ဆိုသည်။

7 DAY NEWS Journal
သမ္မတအမိန့် ရှေ့တန်းစစ်မျက်နှာသို့ မရောက်သေး သမ္မတအမိန့် ရှေ့တန်းစစ်မျက်နှာသို့ မရောက်သေး Reviewed by သစ်ထူးလွင် on 07:00 Rating: 5

8 comments:

Maunglusoe said...

၇ဟတ်ယဉ် လေယဉ် နဲ့ လိုက် ကျဲ ၇င်ရောက်ပါတယ်

nancherry said...

အမိန့် တစ်ခါချအဲ့ဒီလောက်ပဲကြာရသလားကွာ

htaik said...

pls modify & improve communication systems.

htaik said...

please modify & improve communication system & managemenr system

htaik said...

to read 'management' instead of 'managemenr' in above comment.

pknai9c said...

သမ္မတက ဟေ့ ကချင်ပြည်နယ်မှာ ဗုံးသွားကြဲချေ ဆိုရင်တော့ မိနစ်ပိုင်းအတွင်း ပြည်နယ်တစ်ခုလုံး ပြာကျသွားနိုင်တယ်...ဒါပေမယ့် အခုလို အပစ်ရပ် ဖို့ အမိန့် ကျကာမှ နှောင့်နှေးနေရတယ်...ဆက်သွယ်ရေးအခက်အခဲကြောင့်ဆိုတဲ့ အကြောင်းပြချက်ကိုတော့ အရူးတွေပဲ ယုံလိမ့်မယ်

thigh wanna said...

အီးမေးလ် ပို့ လိုက် ပြီးေ၇ာ..... :)

Moe Moe said...

အမိန့်ဆိုတာ ချက်ခြင်းရောက်အောင် လုပ်ရတယ်။ ဆက်သွယ်ရေးနှောင်နှေးတယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စဘဲ။ တစ်ရက်နောက်ကျရင် ရှေ့တန်းမှာ တိုက်ခိုက်နေတဲ့ လူတွေရဲ့ အခက်အခဲတွေ၊ ဒုက္ခတွေကို ကိုယ်ချင်းစာသင့်တယ်။ နပိုလီယန် အချိန်တစ်မီနစ်နောက်ကျလို ၀ါတာလု စစ်ပွဲရှုံးတာကို ဒီက စစ်တပ်အကြီးအကဲတွေ သဘောမပေါက်ဘူးထင်တယ်။

Powered by Blogger.