ထိုင်းရေကြီးမှုကြောင့် စက်ရုံများ ရေလွှမ်းခံခဲ့ရသဖြင့် ရွှေ့ပြောင်းအလုပ်သမားများအထိနာခဲ့သည်။
ဘန်ကောက်ရေကြီးသောအခါ မြန်မာနိုင်ငံမှသွားရောက် အလုပ်လုပ်နေသော 'သာဂိ' ချက်ချင်းပင် အလုပ်ဖြုတ်ခံရသည်။ သူ၏ WP ခေါ် အလုပ်လုပ်ခွင့် မရှိတော့၍ ဘန်ကောက်တွင် တရားဝင် နေထိုင်ခွင့်လည်း ဆုံးရှုံးသွားသည်။
သူ့ကို ဖမ်းချုပ်ထားပြီးနောက် မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်သည်။
သို့သော် အသက် ၂၃ နှစ်သာရှိသေးသော ဆောက်လုပ်ရေး အလုပ်သမား 'သာဂိ'သည် ဘတ်ငွေ ၁၆,၀၀၀ (ဒေါ်လာ ၅၀၀) ချေးပြီးနောက် ပွဲစားတစ်ယောက်၏ အကူအညီဖြင့် ဘန်ကောက်သို့ မကြာမီက ပြန်ရောက် လာပြန်သည်။
လူအပြည့်အသိပ်ပါသော ပစ်ကပ်ထရပ်ကားတစ်စီးဖြင့် ရောက် လာခြင်းဖြစ်သည်။
မြို့ဘန်ကောက်တွင် ယခု 'သာဂိ'ငွေပြတ်နေပြန်ပါပြီ။
တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားဘ၀ဖြင့် အလုပ်လက်မဲ့ ဖြစ်နေသည်။
"ရေကြီးတုန်း ကျွန်တော့မှာရှိသမျှ အားလုံး ဆုံးရှုံးသွားကုန်ပြီ။ ကျွန်တော့ အလုပ်၊ ကျွန်တော့စာချုပ်စာတမ်းတွေ နေထိုင်စရာတွေ၊ အခု ဒီလို ကျွန်တော် ပြန်အလာမှာ ကြွေးတွေတင်နေပါတယ်။ ကျွန်တော် အလုပ်ရှာပေမယ့် စာရွက်စာတမ်းတွေမရှိတော့ ဘယ်သူမှ ကျွန်တော့ကို မသုံးဘူး"ဟု 'သာဂိက'ဘန်ကောက်မြို့ ၏ ရေဖုံးနေသေးသော လက်ဖရာအို ခရိုင် အိမ်တစ်အိမ်တွင် အေအက်ဖ်ပီ သတင်းထောက်အား ပြောပြသည်။
မိခင်နိုင်ငံသို့ ပြန်ပို့မခံရမီ ရှစ်ရက်ကြာ အချုပ်ခံရသော 'သာဂိ'၏ ဖြစ်ရပ်မှာ ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်သည်။
တရားဝင်နည်းဖြင့်လည်းကောင်း၊ တရားမ၀င်နည်းဖြင့် လည်းကောင်း၊ ရွှေ့ပြောင်းအလုပ်သမားပေါင်း နှစ်သန်း ရောက်ရှိနေသော ထိုင်းနိုင်ငံတွင် 'သာဂိ' သည် ထိုင်းနိုင်ငံရောက် မြန်မာ့ရွှေ့ပြောင်း အလုပ်သမား ၁၀၀,၀၀၀ ခန့်တွင် ပါဝင်နေသည်။
၎င်းတို့သည် ယခုနှစ်နွေရာသီတွင် ထိုင်း၌ ရေလွှမ်းမိုးမှု ပြင်းထန်လာ ချိန်မှစ၍ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြသူများဖြစ်သည်။ ယင်း အနက် ထက်ဝက်ခန့်မှာ မိမိတို့ သဘောဆန္ဒအလျောက် သွားရောက်ခဲ့သူများဖြစ်သည်။
မှတ်ပုံတင်ထားသော တရားဝင်ရွှေ့ ပြောင်းအလုပ်သမားများအား ၎င်းတို့ အလုပ်လုပ်သည့် ပြည်နယ်ပြင်ပသို့သွား ရောက်ခွင့် မပြုသော ထိုင်းစည်းကမ်း ဥပဒေဖြင့် ငြိစွန်းသည်ဆိုကာ ရင်ညွန့် ခန့်မြင့်သော ရေဖြင့် ပြည်နယ်ပြင်ပသို့ မျောပါသွားသူများလည်း သက်ဆိုင်ရာ မိခင်နိုင်ငံများသို့ ပြန်ပို့ခံရသည်။
ရေလွှမ်းဒေသတွင်း ရှိသော်လည်း ကယ်ဆယ်ထောက်ပံ့မှု မရရှိခြင်းနှင့် ရွှေ့ပြောင်း အလုပ်သမားများအား မထောက်ပံ့ခြင်းအတွက် ကုလသမဂ္ဂက စိုးရိမ်ကြောင်း သတိပေးသည်။ ထိုင်းနိုင်ငံ၏ စီးပွားရေးသည် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ ရွှေ့ ပြောင်း အလုပ်သမားများကို အားထားနေ ရချိန်တွင် လူနေအိမ်ခြေ သန်းချီပျက်စီး ပြီး လူ ၆၀၀ ကျော် သေဆုံးရသော ယခု ရေကြီးမှုတွင် ရွှေ့ပြောင်း အလုပ်သမား များလည်း အထူးပင် အထိနာခဲ့ကြသည်။
ရွှေ့ပြောင်းအလုပ်သမားများအား မတရားခိုင်းစေ ညဉ်းဆဲမှုများကို ယခင်ကတည်း စောင့်ကြည့်လေ့လာခဲ့သော လူ့အခွင့်အရေး စောင့်ကြည့်လေ့လာ ရေးအဖွဲ့မှ ထိုင်းနိုင်ငံဆိုင်ရာ သုတေသီ ဆူနိုင်းဖာဆပ်က ယခု ရေကြီးမှုတွင် ထိုင်းနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားတို့ ၏ အခြေအနေများ ပိုမို ဆိုးဝါးသည့် အဆင့်သို့ ရောက်လာကြောင်း၊ ဘေးဒုက္ခ ကျရောက်စဉ် ယင်းအလုပ်သမားတို့ အပေါ် ထိုင်းအစိုးရနှင့် အာဏာပိုင်များ ကြည့်ရှုထောက်ပံ့မှု အလွန်အမင်း နည်း ပါးကြောင်း၊ ရေကျချိန်၌ ၎င်းတို့၏ လုပ်အား မရှိမဖြစ် လိုအပ်လာသည့် အချက်ကို လျစ်လျူရှုထားကြကြောင်း ထုတ်ဖော်ပြောကြားသည်။
စက်ရုံများ ပြန်လည်ပြုပြင်ထူထောင် ရေးကို ဦးစားပေးဆောင်ရွက်ပြီး လုပ်ငန်း များ ပြန်လည်ပတ်မည်။ အလုပ်သမား သစ်များ ဖြည့်သွင်းမည်မဟုတ်ဟု ထိုင်း အစိုးရက ကြေညာထားသည်။
ထိုင်း အလုပ်သမားရေးရာဝန်ကြီး ဖာဒမ်ချိုင်ဆာဆမ်ဆက်ဗ်ကလည်း လုပ်ငန်းများတွင် အလုပ်သမားမရှိသည့် သတင်းများ ယနေ့ အထိ မရရှိသေး၍ လုပ်သားလျော့ကျမည့် ပြဿနာနှင့် လုပ်အားလျော့နည်းမှုကြောင့် စက်ရုံ အလုပ်ရုံများ ပြန်လည်ပြုပြင်ရေး၊ သို့မဟုတ် ပြန်လည်တည်ဆောက်ရေးကို ထိခိုက်နိုင်သည့် ပြဿနာများ ပေါ်ပေါက် လာနိုင်မည်မထင်ကြောင်း အေအက်ဖ်ပီ ကို ပြောကြားသည်။
မိခင်နိုင်ငံသို့ ပြန်ပို့ခံထားရပြီးမှ ဘန်ကောက်သို့ တစ်ကျော့ပြန်သွားရန် ကြိုးစားနေသော ရွှေ့ပြောင်းအလုပ်သမားများ၊ သို့မဟုတ် ပြန်လည်တည် ဆောက်ရေးကာလတွင် သွားရောက် အလုပ်လုပ်ရန် မြော်တွေးထားသော ရွှေ့ပြောင်း အလုပ်သမားသစ်များ အတွက်ကား 'တစ်ခုတည်းသောလမ်း (လုပ်ငန်း)မှာ မှောင်ခိုအလုပ်'ပင် ဖြစ်သည်ဟု ဘန်ကောက်မြို့ မဟီဒေါတက္က သိုလ်မှ ပြောင်းရွှေ့နေထိုင်ရေးမူဝါဒ ပါရဂူ အင်ဒီဟောက ဆိုသည်။
အောင်သာလင်း ဘာသာပြန်သည်။

ထိုင်းရေကြီးမှုတွင် ရွှေ့ပြောင်းအလုပ်သမားများ အထိနာ
Reviewed by သစ်ထူးလွင်
on
19:36
Rating:
No comments:
Post a Comment