တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်းကို တစ်လစောပြီးထုတ်ပြန်

၂၀၁၂ ခုနှစ် မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်းကို ဒီဇင်ဘာ ၁ ရက်က စတင်ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်လိုက်သော အချိန်စာရင်းအရ တက္ကသိုလ်ဝင်တန်း ကျောင်းသူ၊ ကျောင်းသားများသည် စာမေးပွဲကို မတ်လ ၁၂ ရက်နေ့မှ စတင်ဖြေဆိုရမည်ဖြစ်ပြီး ၂၂ ရက်နေ့တွင် စာမေးပွဲပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

"ဆရာမရဲ့ လုပ်သက်တစ်လျှောက်မှာတော့ စာမေးပွဲ အချိန်စာရင်းထွက်တာ ဒီနှစ်က အစောဆုံးလို့ထင်ပါတယ်။ ဒီလိုစောတဲ့အတွက် ကျောင်းသားတွေအတွက် အများကြီး အထောက်အကူပြုမယ်လို့လဲ ဆရာမယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ကျောင်းသားတွေက စာမေးပွဲဖြေဆိုရမယ့်လကို ကျောင်းသားတိုင်းကြိုသိကြပေမယ့် အချိန်စာရင်းထွက်လာတာနဲ့ မထွက်လာတာက အနည်းနဲ့အများ ကြိုတင်ပြင်ဆင်ကြတာ ကွာပါတယ်။ ယခုဆိုရင် စာမေးပွဲဖြေဆိုရမယ့် ကျောင်းသားတိုင်းကို ကြိုတင်ပြင်ဆင်ကြဖို့ အသိပေးလိုက်တာလဲဖြစ်တဲ့အပြင် ကျောင်းသားတွေ အနေနဲ့လဲ ကြိုတင်ပြင်ဆင်ကြတော့မှာ ဖြစ်ပါတယ်" ဟု အထက်တန်းဆရာမ တစ်ဦးက သုံးသပ်ပြောကြားသည်။

ယခင်က တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာစာရင်းကို နှစ်စဉ် ဇန်နဝါရီလတွင်သာ ဖော်ပြလျက်ရှိသော်လည်း ယခုနှစ်တွင်မူ ယခင်နှစ်များထက် တစ်လစော၍ ထုတ်ပြန်လာခြင်းလဲဖြစ်ကြောင်း သိရသည်။

"ရင်ခုန်ပါတယ်။ ဘယ်လမှာ စာမေးပွဲဖြေရမယ်ဆိုတာကို သိပေမယ့် အချိန်စာရင်းကို ဖတ်လိုက်ရတဲ့အခါမှာ စာမေးပွဲဖြေဆိုရမယ့် ရက်ကို အတိအကျသိရတဲ့အတွက်လဲ ဒီအချိန်စာရင်းက မိမိကိုယ်မိမိ ပေါ့နေလို့မရတော့ဘူးလို့လဲ သတိပေးနေသလို ခံစားရပါတယ်။ ပုံမှန်ကြိုးစားနေပေမယ့် ယခုဆိုရင် ပုံမှန်ထက်ပိုပြီး ကြိုးစားရတော့မှာဖြစ်ပါတယ်" ဟု တက္ကသိုလ်ဝင်ကျောင်းသားတစ်ဦးက ပြောသည်။

 ပန်းသတင်းဂျာနယ်
Myanmar News Now
တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်းကို တစ်လစောပြီးထုတ်ပြန် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်းကို တစ်လစောပြီးထုတ်ပြန် Reviewed by သစ်ထူးလွင် on 18:03 Rating: 5

1 comment:

ဇာနည် said...

ဒါကျတော့ ဘယ်သူမှ ကျေးဇူးမတင်ကြပြန်ဘူးလား ခက်ပ

Powered by Blogger.