ဖောက်ခွဲရန် ပြုလုပ်ထားသည့် မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တစ်ခုအတွင်း
ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ် ဒီဇင် ဘာလ ၂၀ ရက်နေ့တွင် ဖောက်ခွဲ ရေးသတင်းအရ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး ဟံသာဝတီခရိုင် သုံးဆယ်မြို့ရဲတပ်ဖွဲ့မှ ကိုစိုင်းတင်မင်းထွန်း တောင်ကြီးမြို့တွင်နေသူအား စစ်ဆေးဖော်ထုတ်ခဲ့ရာ မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်ကာ ဖုန်းအငှားလုပ်ငန်း လုပ်ကိုင်သူ ကိုစိုင်းတင်မင်းကို၏ နေအိမ်တွင် မိုင်းနှစ်လုံးထားရှိခဲ့ကြောင်း စစ်ဆေးသိရှိရသည်။
မြောက်ဥက္ကလာပမြို့နယ်ရဲ တပ်ဖွဲ့မှ သက်သေများနှင့်အတူ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်တွင် ကိုစိုင်းတင်မင်းကို၏ နေအိမ်အား ၀င်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းက ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်တွင် ကိုစိုင်းတင်မင်းထွန်း ရောက်ရှိလာပြီး ဖောက်ခွဲရေးပြုလုပ်ရန် မိုင်းနှစ်လုံးပါရှိကြောင်း၊ ကွန်ပါဘူးဖြင့် ပြုလုပ်ထားသည့် မိုင်းတစ်လုံး၊ အလွတ်မိုင်းတစ်လုံး ပါရှိကြောင်း၊ အသက်သွင်းထားသော ၀ါယာကြိုးများကို ကတ်ကြေးဖြင့်ဖြတ်၍ ဖျက်ဆီးခဲ့ကာ အိမ်နောက်ဖေးတွင် မီးရှို့ခဲ့ကြောင်း နှင့်မိုင်းပြုလုပ်ရာတွင် အသုံးပြုသော မီးလောက်ကျွမ်းနေသည့် ကွန်ပါဗူး တစ်ခု၊ စပလိန်ပါ ကြေးနန်းကြိုးအပိုင်းလေးခု၊ နာရီဒိုင်ခွက် အ၀ိုင်းတစ်ခု၊ နာရီဖင်ပိတ် တစ်ခု၊ သံကွင်းအ၀ိုင်းသေး တစ်ခု၊ မီးလုံးသေး တစ်လုံးတို့အား သိမ်းဆည်းရမိပြီးနောက် နေအိမ်နောက် ဖေးမီးဖိုခန်းတွင် မိုင်းဆင်ရာ၌ အသုံးပြုသည့် Classic စာတန်းပါ BL-C4 ဓာတ်ခဲအပြား နှစ်ခု၊ ကတ်ကြေးအနက်ရောင်တစ်ခုတို့ကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၁ ရက်တွင် ကိုစိုင်တင်မင်းကိုမှ ဒီတိုနေတာနှင့် ယမ်းထုပ်ပါအထုပ်နှစ်ထုပ်ကို မြောက်ဥက္ကလာပမြို့နယ်ရှိ ငါးစဉ်းရိုးချောင်းအတွင်း ပစ်ချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ကိုစိုင်းတင်မင်းကိုနှင့် ကိုစိုင်းတင်မင်းထွန်းတို့ နှစ်ဦးအား ဝေဘာဂီရဲစခန်း(ပ)၅၅၁ / ၂၀၁၁၊ ပေါက်ကွဲ အက်ဥပဒေ(၃) ဖြင့် အမှုဖွင့်ပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
EMG

ဖောက်ခွဲရန်ပြုလုပ်ထားသည့် မိုင်းနှင့်ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိ
Reviewed by သစ်ထူးလွင်
on
21:17
Rating:
4 comments:
ဟဲတော်လိုက်တဲ့ အမေပေးရဲတွေ အစီစဉ်လိုက်ဖေါ်ထုတ်လိုက်တာ လုပ်ကြံပြီရေး ထားသလိုဘဲ။
ဒီလိုလူတွေကို ကို တပ်ပြီးမရေးပါနဲ့ဗျာ။
မဟုတ်တာတွေကနေစပြောပြီ။မျက်မြင်သက်သေကပြောတော့ ကုလားဆင်တဲ့။ သစ်ဆွဲကောင်းမှာပေါ့။ မြန်မာနိုင်ငံချာတူးလံရဲကဖမ်းမိတော့ ရှောင်နှကမ်း ရှမ်းနှစ်ကောင် ပြီးတော့ မိုင်းမကွဲခင်ကပင် ဖမ်ဆီးစစ်ဆေးနေကြတာတဲ့ဗျာ။ ဗုးံကွဲတာကမိန်းမအိမ်သာထဲ။ငွေကောက်တဲ့မိနးမကပြောတော့ငွေကောက်ကောင်တာအောက်ကပေါက်တာတဲ့ သူ့ခြေထောက်အောက်ကနေပေါက်တာဒီမိန်းမအောက်ပိုင်းရောရှိသေးရဲ့လားမသိ ကြည့်လည်းပြောကြဆိုကြရေးကြပါဦးဗျာတို့။
တခုလောက်သိချင်ပါသေးတယ်
ဒီတ၇ာခံမိတော့နောက်ဆက်တွဲ
သတင်းဖြစ်တဲ့ ဘယ်အဖွဲ့စည်း
ဘယ်သူက ဘာအတွက်...
ဘာလို့လုပ်တယ်ဆိုတာလေး
ဖေါ်ပြပေးပါအုံးလား
Post a Comment