(4 Dec 2011 ရက်စွဲပါ Global Post မှ Kathleen E.Mc Laughim ရေးသားသော China indignant over US push in Asia ကို ဘာသာ ပြန်ဆိုသည်။)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ပီာလာရီကလင်တန်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် ညစာ စားသုံး နေချိန်တွင် တရုတ်နိုင်ငံမှ
တာဝန်ရှိသူအများစုသည် အမေရိကန်၏ လတ်တလော အာရှတွင် သြဇာလွှမ်မိုးရေး
ပြန်လည်တွန်းအားပေးလာမှုကို စိုးရိမ်လျက် ရှိသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း သမ္မတ Obama သည် အာရှတွင်
အမေရိကန်၏ ပါဝါ ပိုမိုလာစေရေး ဖိအားမြှင့်တင်ခဲ့ပြီး တရုတ်နှင့် ၎င်း၏
ဒေသတွင်း ကြီးထွားလာသော ပါဝါအတွက် စိတ်မသက်မသာ ဖြစ်သော သဘောထားကို
ပြသခဲ့သည်။
Obama က ပို၍ စိတ်ဆိုးသော သဘောထားကို စတင်ပြသခဲ့ရာ
အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(APEC) ထိပ်သီးအစည်း အဝေးတွင်
နိုဝင်ဘာလလယ်က တရုတ်အား ကမ္ဘာတစ်ခုလုံးနှင့် ကုန်သွယ်မှုအရ ဆက်ဆံရာတွင်
လူကြီးတစ်ယောက်ကဲ့သို့ ပြုမူကျင့်ကြံရန် ပြောကြားခဲ့ သည်။ ထို့နောက်
များမကြာမီတွင် သမ္မတသည် ကြေညာချက်တစ်ခု ထုတ်ပြခဲ့ရာ အမေရိကန်သည်
သြစတြေးလျတွင် အမေရိကန်တပ်များ ချထားမည်ပာု ဆိုသည်။ တရုတ်၏ ဒေသတွင်း
သြဇာလွှမ်းမိုးလာမှုကို တန်ပြန်ချိန်ခွင်လျှာ ညှိရန်ဖြစ်သည်။
ယခုအပတ်တွင် တရုတ်စစ်တပ်တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက
သတိပေးပြောကြားရာတွင် သြစတြေးလျတွင် တပ်များချထားခြင်းနှင့် အာရှတွင်
အမေရိကန်စစ်တပ်၏ နီးကပ်သော ဆက်ဆံရေးများ ပြုလုပ်လာခြင်းသည်
စစ်အေးကာလစိတ်ဓာတ်(cold war mantality)ကို ပြသနေခြင်းဖြစ်သည်ပာု ဆိုသည်။
“စစ်ရေးအရ မပာာမိတ်ပြုတယ်ဆိုတာ သမိုင်းထဲမှာ ကျန်ခဲ့ပါပြီ။
စစ်ရေးမပာာမိတ်ပြုခြင်းကို အားကောင်းရေး၊ တိုးချဲ့ရေးပာာ စစ်အေးကာလ
စိတ်ဓာတ်ကို ဖော်ပြတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ပာု
တရုတ်ကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Geng Yansheng က သတင်းစာ
ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ဒီလုပ်ရပ်ပာာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့
ပူးပေါင်းဆောင်ရွက်ရေး စိတ်ဓာတ်ကို ထိန်းသိမ်းတာ မပာုတ်ပါဘူး။ ဒေသတွင်း
တိုင်းပြည် တွေ ကြားမှာ ယုံကြည်မှုတည်ဆောက်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး
ကိုလည်း အထောက်အကူမပြုပါဘူး။ နောက်ဆုံး သက်ဆိုင်တဲ့သူတွေရဲ့ ဘုံအကျိုး
စီးပွားကို ထိခိုက်စေမှာ ဖြစ်ပါတယ်” ပာု Geng က ပြောသည်။
ယခု ကလင်တန်သည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး၊
နှစ်ပေါင်း ငါးဆယ်အတွင်း နိုင်ငံအရေးအရ အပယ်ခံနိုင်ငံသို့
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးအနေဖြင့် ပထမဦးဆုံးခရီးစဉ်အဖြစ်
မှတ်တမ်းဝင်ခဲ့သည်။ ကလင်တန်၏ ခရီးစဉ်သည် ပိုမိုလမ်းပွင့်လာစေရေးအတွက်
အခြေခံအုတ်မြစ်အသစ် အဖြစ် မှတ်တမ်းဝင်ပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း
တရုတ်အပြင် မပာာမိတ်များ ရှာဖွေလျက်ရှိသည်ဆိုသည်ကို အချက်ပြလိုက်ခြင်း
ဖြစ်သည်။
ကလင်တန်သည် သူမ၏ ခရီးစဉ်ပြီးကာနီးတွင် ကြေညာခဲ့ရာ၌
အမေရိကန်သည် မြန်မာနိုင်ငံအတွက် အကူအညီတိုးပေးရေးကို ထောက်ခံ
မည်ဖြစ်ကြောင်းနှင့် ၁၉၈၈ ခုနှစ်ကတည်းက ပထမဦးဆုံးအကြိမ်အဖြစ် သံအမတ်ကြီး
ပြန်လည်ထားရှိရန် စဉ်းစားနေကြောင်း ဆိုခဲ့သည်။
အမေရိကန်၏ အာရှတွင် တွန်းအားပေးမှုအသစ်တစ်ခုတိုင်းကို
တရုတ်သည် တာဝန်ရှိသူများမှ တစ်ဆင့်သော်လည်းကောင်း၊ အစိုးရပိုင်မီဒီယာမှ
တစ်ဆင့်သော်လည်းကောင်း မနှစ်သက်သည့် သဘောဖြင့် တုန့်ပြန်ခဲ့ပါသည်။
မြန်မာအစိုးရက တရုတ်၏ ကြီးမားသော ရေအားလျှပ်စစ်စီမံကိန်းအား
ရပ်ဆိုင်းလိုက်ပြီး နောက်များမကြာမီပင် ကလင်တန် မြန်မာနိုင်ငံသို့
လာရောက်လည်ပတ်ခဲ့ရာ Beijing အပေါ် လှုပ်ခတ်သွားစေဦးမှာ အမှန်ပင်ဖြစ်သည်။
သောကြာနေ့က ရှေးရိုးဆန်သော Global Times သတင်းစာ၏ “ကလင်တန်၏
အကူအညီနှင့် ပတ်သက်သည့် မှားယွင်းသည့် ပြောဆိုမှု” ခေါင်းစဉ်ပါ
ခေါင်းကြီးပိုင်းတွင် ကလင်တန်က မြန်မာနိုင်ငံတွင် သယံဇာတများ ရယူရန်သာ
စိတ်ဝင်စားသည့် ရင်းနှီးမြှုပ်နံမှုများ လက်ခံရေးကို သတိပေးခဲ့ သောအခါ
ကလင်တန်၏ မစ်ရှင်နှင့် ရည်ရွယ်ချက်ကို မေးခွန်းထုတ်ခဲ့သည်။ “ဒီစကားလုံးတွေက
မိမိတို့တွေ့နေကျ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ အမေရိကန်ဆိုတာ
ပြသနေတာမပာုတ်ပါဘူး” ပာု သတင်းစာတွင် သရော်သည့် လေသံဖြင့် ပြောကြားခဲ့သည်။
“တရုတ်ရဲ့ နိုင်ငံခြား အကူအညီမှာ အားနည်းချက်တွေ
ရှိနိုင်ပါတယ်။ ဒါပေမယ့် ရည်မှန်းချက်တွေကတော့ အမေရိကန်ထက်အများကြီး
ရိုးသား ပါတယ်” ပာု သတင်းစာက ဆက်ပြောသည်။ “အမေရိကန်ရဲ့ အကူအညီပာာ
တစ်ခါတစ်ရံ လက်နက်ပုံစံဖြစ်ပါတယ်။ သူတို့ပာာ ကြမ်တမ်းတဲ့ နိုင်ငံရေး
သတိပေးမှု ပါလာတက်ပါတယ်။ သူ့ရဲ့ အကူအညီတွေပာာ နိုင်ငံခြားတိုင်းပြည်
လူမှုရေးတွေအတွက် တိုက်ရိုက်အကျိုး ဖြစ်ထွန်းခဲလှပါတယ်” ပာု သတင်းစာတွင်
ဖော်ပြထားသေးသည်။
Obama အစိုးရအနေဖြင့် အာရှတွင်တိုး၍ တွန်းအားပေးလာခြင်းအပေါ်
လူတိုင်းက စိတ်ဆိုးကြသည်တော့ မပာုတ်ပါ။ ရှန်ပိာုင်းရှိ Fudan တက္ကသိုလ်
အမေရိကန်လေ့လာရေး ဗပိာုဌာန ဒါရိုက်တာ Shen Dingli က ပြောကြားရာတွင် တရုတ်၏
နိုးထလာကြောင့်အမေရိကန်နှင့် တရုတ်ကြား တင်းမာမှု တိုးပွားလာခြင်းမှာ သဘာဝအရ
တဖြည်းဖြည်း ဖြစ်လာရခြင်းပာု ရှုမြင်ကြောင်း ဆိုသည်။ ၎င်းက ပြောကြားရာတွင်
တရုတ်သည် စီးပွားရေးအရ အားကောင်းစွာ တိုးတက်ကြီးထွားလာခြင်းကြောင်း တိဗက်၊
ရေပိုင်နက်ကိစ္စနှင့် ဒေသတွင်း သြဇာလွှမ်းမိုးရေး ကဲ့သို့သော ကိစ္စရပ်များတွင်
နိုင်ငံရေးအရ လွှမ်းမိုးနိုင်အောင် မျှော်လင့်ချက်များ ထားလာသည်ပာု ဆိုသည်။
“အမေရိကန်နဲ့ တရုတ်က ဘာလို့ ပြဿနာဖြစ်နေသလဲမပြောတက်ဘူး။
ဘာလို့လဲဆိုတော့ ပါဝါချိန်ခွင်လျှာ ပြောင်းသွားပြီလို့ တရုတ်က ယုံကြည်
နေပါတယ်။ ကျွန်တော့်အမြင်ပြောရရင် အသစ်လည်း မပာုတ်ဘူး။ ဒီထက်
တိုးတက်လာဖို့လဲ မရှိပါဘူး။ ပိုဆိုးသွားမယ့် ဆက်ဆံရေးမပာုတ်ပါဘူး” ပာု Shen
ကပြောသည်။
မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆိုရလျှင် အမေရိကန်၏
သြဇာကြီးထွားလာမှုသည် တရုတ်၏ ကဏ္ဍကို ခြိမ်းခြောက်သည်ပာု တရုတ်အနေဖြင့်
မရှုမြင်သင့်ပေ။ မြန်မာနိုင်ငံအား တစ်ခုတည်းသော မပာာမိတ်အဖြစ်
သော့ခတ်သိမ်းထားရေးသည် တရုတ်ကွန်မြူနစ်ပါတီ၏ တကယ့်အိုင်ဒီယာနှင့်
ကိုက်ညီလိမ့်မည် မပာုတ်ပေ။ ပိုမိုလမ်းပွင့်ပြီး၊ သာတူညီမျှသော
လူ့အဖွဲ့အစည်းအတွက် ပြုပြင်ပြောင်းလဲရေးများကို ထောက်ခံ ကူညီနေမည်သာ
ဖြစ်သည်။
“တရုတ်က စိတ်ဆိုးရမယ်လို့ မဖြစ်သင့်ပါဘူး။ ကွန်မြူနစ်
တိုင်းပြည်တစ်ခုအနေနဲ့ သူတို့မှာ မိတ်ဆွေတွေ ပိုရလာတာကို ပိုပြီး
ပီတိဖြစ်သင့်ပါ တယ်။ တကယ်လို့ကျွန်တော်တို့ပာာ ကွန်မြူနစ်စစ်စစ်တွေ
ဖြစ်မယ်ဆိုရင်၊ ဒီနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေကို ကြည့်ပြီး
ပျော်ရွှင်သင့်ပါတယ်” ပာု Shen က ပြောသည်။
YC
Myanmar News Now
******************************************************************************************
အာရှတွင် အမေရိကန် တွန်းဝင်လာမှု တရုတ်မနှစ်သက်
Reviewed by သစ်ထူးလွင်
on
09:39
Rating:

1 comment:
တရုတ်ဟာ ကွန်မြူနစ်စစ်စစ် ဖြစ်မယ်ဆိုရင် ဘယ်အာဏာရှင်နိုင်ငံတွေကိုမှ မိမိနိုင်ငံအကျိုးအတွက် လက်နက်ရောင်းမှာ မဟုတ်ပါဘူး..တရုတ်ဟာ ကွန်မြူနစ် မစစ်တာကြာပါပြီ..ပြောလို့သာပြောနေတာနော သူတို့ အာဏာပိုင် သားသမီးတွေ အမေရိကားမှာ ကျောင်းလာထားနေတာကြာပီ..
Post a Comment