သ မ ၼတ ဦး သိ န်း စိ န် အ စိုး ရ အ ဖွဲ့ လ စာ တွေ ဘ ယ် လို ယူ ထား သ လဲ



မေး။    ။ သမ္မတ ဦးသိန်းစိန်ရဲ့ လစာ ဘယ်လောက်ရပါသလဲ။

ဖြေ။     ။ သမ္မတ ဦးသိန်းစိန်က တလကို ကျပ်ငွေ သိန်း ၅၀ ရပါတယ်။

မေး။    ။ သမ္မတ ဦးသိန်းစိန်လစာက တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် နည်းနေပါသလား

ဖြေ။     ။ ကျပ် သိန်း၅၀ ဆိုတာ တရားဝင်ငွေလဲနှုန်း တဒေါ်လာ ၆ကျပ်နဲ့တွက်ရင် သမ္မတ ကြီး ဦးသိန်းစိန်ရမဲ့ လစာဟာ တလကို အမေရိကန်ဒေါ်လာ ၈သိန်း ၃သောင်း ကျော်ပါတယ်။ ဒါကြောင့် တရားဝင်ငွေလဲနှုန်ူနဲ့ တွက်ရင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက အမေရိကန်သမ္မတ ကြီး အိုဘားမားရဲ့ တလ ၀င်ငွေထက် ၂၅ ဆ များနေသလို တလ ဒေါ်လာ ၂သောင်းခွဲရတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထက်လဲ ၄ ဆနီးပါး များနေပါတယ်။ တွက်ရလွယ်အောင် တဒေါ်လာကို မှောင်ခိုဈေး ကျပ်တထောင်ထားတွက်ရင်တောာင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက တလကို အမေရိကန်ဒေါ်လာ ၅ ထောင် ရမှာဖြစ်ပါတယ်။



မေး။    ။ အာရှတိုက်က နိုင်ငံအကြီးအကဲတွေလစာနဲ့စာရင် ဘယ်လိုနေပါသလဲ။

ဖြေ။     ။ မှောင်ခိုငွေလဲနှုန်းနဲ့ဆိုရင်တောင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက မြန်မာကို အကူအညီပေးနေတဲ့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသမီးသမ္မတ ကြီး ပရာဒိဗ္ဗ ဒေ၀ီဆင်းပတ္တေးလ် ထက် ဒေါ်လာ ၂ ထောင်များနေသလို အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန်ဆင်း လစာထက် ဒေါ်လာ တထောင်များနေပါသေးတယ်။ အာဆီယံအဖွဲ့ဝင် ဗီယက်နမ် သမ္မတ ရဲ့ လစာက ဒေါ်လာ ၂၄၀ သာရှိတာမို့ မှောင်ခိုငွေလဲနှုန်းနဲ့ဆိုရင်တောင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက ဗီယက်နမ်သမ္မတ  လစာထက်  အဆ ၂၀ များနေပါတယ်။

မေး။    ။ မြန်မာပြည်သူတွေ ဆင်းရဲတွန်းနက်လို့ စီးပွားကျပ်နေချိန်မှာ သမ္မတလစာကို ခုလောက်အများကြီးပေးထားတာ သင့်တော်ပါသလား။

ဖြေ။     ။ ဘယ်လိုမှ မသင့်တော်ပါ။ တနေ့ တဒေါ်လာအောက် ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေက တိုင်းပြည်လူဦးရေရဲ့ ၃၂% ရှိနေတဲ့ မြန်မာနိုင်ငံမျိုးမှာ၊ တဦးချင်း GDP 469 ဒေါ်လာသာရှိတဲ့ မြန်မာလို နိုင်ငံမျိုးမှာ သမ္မတဦးသိန်းစိန်ရဲ့လစာက ပြည်သူတဦးချင်း ဂျီဒီပီထက် ဆယ်ဆကျော် များနေတာမို့ နိုင်ငံတကာကကြည့်ရင် အမြင်မတော် ဆင်တော်နဲ့ခလောက်ဆိုတဲ့ကိန်း ဖြစ်နေပါတယ်။

မေး။    ။ သမ္မတ ဦးသိန်းစိန်ကို လစာတွေ ခုလောက်အများကြီးပေးဖို့ ဘယ်သူက ဆုံးဖြတ်ခဲ့ပါသလဲ။ တခြား ဘာခံစားခွင့်တွေ ပေးထားပါသေးလဲ။

ဖြေ။     ။ သမ္မတ ဦးသိန်းစိန်ကို လစာတွေ ခုလောက်အများကြီးပေးဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တဦးတည်းက စစ်အစိုးရလက်ထက်မှာ လျို့ဝှက် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်မှာ သူထုတ်ချင်တဲ့ ဥပဒေကို ထုတ်ခွင့်ရဖို့ ၂၀၀၈ အခြေခံဥပဒေက ခွင့်ပြုထားပါတယ်။ အရပ်သားအစိုးရ ခေါင်းဆောင်မဲ့သူတွေရဲ့ လစာကို ချီးမြှင့်ငွေ စရိတ်နဲ့ အဆောင်ယောင်များဆိုင်ရာ ဥပဒေ ၅ မျိုးနဲ့ ထုတ်ပြန် သတ်မှတ်ခဲ့တာပါ။ သမ္မတ ကြီး ဦးသိန်းစိန်အတွက် ကား ၆ စီးနဲ့ ယာဉ်မောင်း ၆ ဦး ဆိုပီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဥပဒေနဲ့ ပြဌာန်း ပေးထားပါတယ်။

မေး။    ။ တခြားဆောင်အယောင်တွေ ဦးသိန်းစိန်အတွက် ဘာပေးထားပါသလဲ

ဖြေ။     ။

၁။အိမ်တော်ဝန်နဲ့ အိမ်တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (ပစ္စည်းထိန်း၊ စားဖိုမှူး၊ စားပွဲထိုး၊ ခ၀ါ၊ အိမ်အကူ၊ သန့်ရှင်းရေး စသည်များ)

၂။ အိမ်တော်နဲ့ အိမ်တော်ဝန်း ထိန်းသိမ်းစောင့်ရှောက်ရေး အခမဲ့ ခံစားခွင့်၊

၃။ အိမ်တော်ဆိုင်ရာ လိုအပ်တဲ့ ပရိဘောဂနဲ့ ထိန်းသိမ်းစောင့်ရှောက်မှု စရိတ်

၎။ လုံခြုံရေးအစောင့်အရှောက်၊

၅။ ကိုယ်ရံတော် အရာရှိနှစ်ဦးနဲ့ ကိုယ်ရေးအရာရှိ ၂ ဦး

၆။ ရေအခမဲ့ သုံးစွဲခွင့်၊

၇။ လျှပ်စစ်ဓါတ်အား အခမဲ့ သုံးစွဲခွင့်

၈။ ပြည်တွင်း ပြည်ပ ဖုန်းအခမဲ့ပြောဆိုခွင့်

၉။ မော်တော်ယာဉ် ၆ စီး။

၁၀။ ယာဉ်မောင်း ၆ ဦး။

၁၁။ မော်တော်ယာဉ် ၆ စီးအတွက် အမှန်ကုန်ကျသည့် စက်သုံးဆီ၊

၁၂။  မော်တော်ယာဉ် ၆ စီးအတွက် အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ။

မေး။    ။ သမ္မတ ကြီး ဦးသိန်းစိန်မှာ နိုင်ငံတာဝန်ထမ်းဘို့အတွက် ကား ၆ စီးတောင် လိုပါသလား

ဖြေ။     ။ ဘယ်လိုကားမျိုးတွေ ဘယ်လောက်တန်တဲ့ကားတွေလို့ သတ်မှတ်မထားတဲ့အတွက် ကမ္ဘာမှာဈေးအကြီးဆုံးကားမျိုးကိုတောင် နိုင်ငံဘဏ္ဍာငွေနဲ့ ၀ယ်စီးခွင့်ရှိတယ်ဆိုတဲ့သဘော ဖြစ်နေပါတယ်။

ဒီနေရာမှာ သမ္မတဦးသိန်းစိန်လို တခြားနိုင်ငံခေါင်းဆောင်တွေရော ကား ၆ စီးတောင်သုံးသလားဆိုတာ ပြန်ကြည့်ဘို့လိုပါတယ်။ မြန်မာနိုင်ငံထက် စီးပွားရေးကောင်းတဲ့ အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှား သမ္မတဆိုရင် Mercedes Benze S600L W221 အမျိုးအစား ကျည်ကာကား ၂ စီးကိုသာ သုံးပါတယ်။ တစီးကိုသာ သမ္မတ စီးပီး ကျန်တစီးကို လုံခြုံရေးအတွက် တည်ကြက်ကားအဖြစ်သုံးပါတယ်။ဒါကြောင် သမ္မတဦးသိန်းစိန်က အင်ဒိုနီးရှားသမ္မတ ထက် ကားအစီးရေ ၃ ဆ ပိုသုံးထားပါတယ်။

မလေးရှားဝန်ကြီးချုပ်ဆိုရင်လဲ ကား ၃ စီးဘဲ သုံးပါတယ်။ မြန်မာထက် စီးပွားရေးတိုးတက်တဲ့ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ်ဆိုရင် Mercedes Benze S600L- W220 ကျည်ကာကား တစီး BMW 730LI (E66) တစီးနဲ့ Range Rover ကျည်ကာကား တစီး ပေါင်း ၃ စီးသာသုံးပါတယ်။ တောင်ကိုရီးယားသမ္မတ ဆိုရင် ၂၀၀၅ ခုနှစ်ထဲက၀ယ်ထားတဲ့ BMW7 Series ကားတစီးဘဲသုံးပါတယ်။ မကြာခင်ကမှ သမ္မတ အတွက် ပြည်တွင်းဖြစ် ဟွန်ဒိုင်း ကျည်ကာကား ၃ စီး ထပ်ဝယ်ပေးထားပါတယ်။

မေး။    ။ ဒုသမ္မတ ဦးတင်အောင်မြင်ဦးနဲ့ စိုင်းမောက်ခမ်းတို့ရော လစာနဲ့ အဆောင်အယောင် ဘယ်လိုရပါသလဲ။

ဖြေ။     ။ ဒုသမ္မတ လစာကို တလ ကျပ်ငွေ သိန်း၄၀ ပေးထားပါတယ်။ အဆောင်အယောင်တွေကတော့

၁။အိမ်တော်ဝန်နဲ့ အိမ်တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (ပစ္စည်းထိန်း၊ စားဖိုမှူး၊ စားပွဲထိုး၊ ခ၀ါ၊ အိမ်အကူ၊ သန့်ရှင်းရေး စသည်များ)

၂။ အိမ်တော်နဲ့ အိမ်တော်ဝန်း ထိန်းသိမ်းစောင့်ရှောက်ရေး အခမဲ့ ခံစားခွင့်၊

၃။ အိမ်တော်ဆိုင်ရာ လိုအပ်တဲ့ ပရိဘောဂနဲ့ ထိန်းသိမ်းစောင့်ရှောက်မှု စရိတ်

၎။ လုံခြုံရေးအစောင့်အရှောက်၊

၅။ ကိုယ်ရံတော် အရာရှိတဦးနဲ့ ကိုယ်ရေးအရာရှိ ၂ ဦး

၆။ ရေအခမဲ့ သုံးစွဲခွင့်၊

၇။ လျှပ်စစ်ဓါတ်အား အခမဲ့ သုံးစွဲခွင့်

၈။ ပြည်တွင်း ပြည်ပ ဖုန်းအခမဲ့ပြောဆိုခွင့်

၉။ မော်တော်ယာဉ် ၅ စီး။

၁၀။ ယာဉ်မောင်း ၅ ဦး။

၁၁။ မော်တော်ယာဉ် ၅ စီးအတွက် အမှန်ကုန်ကျသည့် စက်သုံးဆီ၊

၁၂။  မော်တော်ယာဉ် ၅ စီးအတွက် အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ။

မေး။    ။ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် နဲ့ ပြည်ထောင်စု တရားသူကြီးချုပ် ၃ ဦးလစာက ဘယ်လောက်ရပါသလဲ

ဖြေ။     ။ ချီးမြှင့်ငွေ စရိတ်နဲ့ အဆောင်ယောင်များဆိုင်ရာ ဥပဒေအရ တဦးကို တလ ကျပ်ငွေ ၃၅ သိန်း ပေးထားပါတယ်။ အဆောင်အယောင်တွေကတော့-

-အစိုးရအိမ်တွင် အခမဲ့ နေထိုင်ရမည်

-နေအိမ် ပရိဘောဂစရိတ် အခမဲ့

-လုံခြုံရေးအစောင့်အရှောက်

-ပြည်တွင်း ပြည်ပ အခမဲ့ ဆေးကုသခွင့် (ဒီအချက်ကို သမ္မတနဲ့ ဒုသမ္မတမှာ ထဲ့မထားပါ)

-ရေအခမဲ့သုံးခွင့်

-လျှပ်စစ်ဓါတ်အား အခမဲ့သုံးခွင့်

-ပြည်တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်းအခမဲ့သုံးခွင့် (ပြည်ပအတွက် ဘယ်သူက ကျခံရမယ်ဆိုတာ ရေးမထားပါ)

-ကိုယ်ရေးအရာရှိတဦး

-အိမ်အကူနှစ်ဦး

-ထမင်းချက်နှစ်ဦး

-ဥယျာဉ်ထိန်းသိမ်းစရိတ် အခမဲ့

-မော်တော်ယာဉ် ၄ စီး

-ယာဉ်မောင်း ၄ ဦး

-မော်တော်ယာဉ်၎ စီးအတွက် တစီးကို တလ စက်သုံးဆီ ဂါလံ ၆၀ နှုန်း

-မော်တော်ယာဉ် ၄ စီးအတွက် တလ အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ

မေး။    ။ ပြည်ထောင်စုဝန်ကြီးတဦးကို လစာနဲ့ အဆောင်အယောင် ဘယ်လိုပေးထားပါသလဲ

ဖြေ။     ။ ပြည်ထောင်စုဝန်ကြီးတဦးကို တလကျပ် သိန်း၃၀ ပေးပါတယ်။ ပြည်သူ့လွှတ်တော် ဒု ဥက္ကဌ အမျိုးသားလွှတ်တော် ဒု ဥက္ကဌတွေရဲ့လစာနဲ့ အတူတူ ဖြစ်ပါတယ်။ အဆောင်အယောင်တွေကတော့

-အစိုးရအိမ်တွင် အခမဲ့ နေထိုင်ရမည်

-နေအိမ် ပရိဘောဂစရိတ် အခမဲ့ (မပေးပါ)

-လုံခြုံရေးအစောင့်အရှောက်

-ပြည်တွင်း အခမဲ့ ဆေးကုသခွင့်

-ရေအခမဲ့သုံးခွင့်

-လျှပ်စစ်ဓါတ်အား အခမဲ့သုံးခွင့်

-ပြည်တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်းအခမဲ့သုံးခွင့် (ပြည်ပအတွက် ဘယ်သူက ကျခံရမယ်ဆိုတာ ရေးမထားပါ)

-ကိုယ်ရေးအရာရှိတဦး

-အိမ်အကူနှစ်ဦး

-ဥယျာဉ်လုပ်သားနှစ်ဦး

-ဥယျာဉ်ထိန်းသိမ်းစရိတ် အခမဲ့

-မော်တော်ယာဉ် ၃ စီး

-ယာဉ်မောင်း ၃ ဦး

-မော်တော်ယာဉ် ၃ စီးအတွက် တစီးကို တလ စက်သုံးဆီ ဂါလံ ၆၀ နှုန်း

-မော်တော်ယာဉ် ၃ စီးအတွက် တလ အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ

မေး။    ။ ပြည်ထောင်စု ဒုဝန်ကြီးတဦးကိုတော့ တလ ကျပ်ငွေ သိန်း ၂၀ ပေးပါတယ်။  ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ ဒု ရှေ့နေချုပ်၊ ဒု စာရင်းစစ်ချုပ်နဲ့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့  အဖွဲ့ဝင်တွေနဲ့ လစာ အဆောင်ယောင်တူပါတယ်။ အဆောင်အယောင်တွေကတော့-

-အစိုးရအိမ်တွင် အခမဲ့ နေထိုင်ရမည်

-နေအိမ် ပရိဘောဂစရိတ် အခမဲ့

-လုံခြုံရေးအစောင့်အရှောက်

-ပြည်တွင်း အခမဲ့ ဆေးကုသခွင့်

-ရေအခမဲ့သုံးခွင့်

-လျှပ်စစ်ဓါတ်အား အခမဲ့သုံးခွင့်

-ပြည်တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်းအခမဲ့သုံးခွင့် (ပြည်ပအတွက် ဘယ်သူက ကျခံရမယ်ဆိုတာ ရေးမထားပါ)

-ကိုယ်ရေးအရာရှိတဦး

-အိမ်အကူတဦး

-ဥယျာဉ်လုပ်သားတဦး

-ဥယျာဉ်ထိန်းသိမ်းစရိတ် အခမဲ့

-မော်တော်ယာဉ် ၃ စီး

-ယာဉ်မောင်း ၃ ဦး

-မော်တော်ယာဉ် ၃ စီးအတွက် တစီးကို တလ စက်သုံးဆီ ဂါလံ ၆၀ နှုန်း

-မော်တော်ယာဉ် ၃ စီးအတွက် တလ အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ




မေး။    ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ခုလို ဥပဒေမျိုးကို သူ့သဘောနဲ့သူ ဘာကြောင့်ထုတ်ခွင့်ရခဲ့ပါသလဲ

ဖြေ။     ။ အဲသလိုလုပ်ခွင့်ရှိတယ်ဆိုတဲ့အကြောင်းကို အခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၄၄၃ မှာထဲက ပြဌာန်းထားလို့ဖြစ်ပါတယ် ဒီဥပဒေ ၅ မျိုးကို နအဖက ထုတ်တယ်လို့ဆိုတဲ့အတွက် နအဖအဖွဲ့ဆိုတာ အဲဒီဥပဒေထုတ်တဲ့အချိန်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး ၂ ဦးသာကျန်တော့တဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ ဦးသိန်းစိန်အစိုးရတဖွဲ့လုံးရဲ့ လစာ စရိတ်နဲ့ အဆောင်အယောင်တွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေတဦးတည်းက ဆုံးဖြတ်ပီး ဥပဒေထုတ် ပြဌာန်းခဲ့တာပါ။



မေး။    ။ ဒီ ဥပဒေကို ပြင်နိုင်မဲ့အလားအလာ ရှိပါသလား

ဖြေ။     ။ ဒီဥပဒေတွေကို မတရားဘူးဆိုပီး လွှတ်တော်မှာ အတိုက်အခံက ပြင်နိုင်သလားဆိုရင် အတိုက်အခံ အားနည်းနေတဲ့အတွက် လွှတ်တော် ပထမ ၅နှစ်သက်တမ်းအတွင်း ပြန်ပြင်ဘို့ မဖြစ်နိုင်တာ သေချာနေပါတယ်။ သဘောကတော့ လွှတ်တော် ဥက္ကဌတွေဖြစ်တဲ့ သူရဦးရွှေမန်း ဦးခင်အောင်မြင့်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌ ဦးသိန်းစိုးတို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးတို့ ၅ နှစ်အတွင်း ရထားတဲ့ ကား ၄ စီးကို စိတ်ချလက်ချသုံးနို်င်သလို နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌလို ပုဂ္ဂိုလ်မျိုးကလဲ လေရှီး လဟယ် နန်းယွန်းဘက်တွေမှာ ကား ၃ စီးနဲ့ ၅ နှစ်ထိ (မောင်းစရာနေရာ ရှိရှိ မရှိရှိ) စိတ်အေးလက်အေး မောင်းနှင်နိုင်မှာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

မေး။    ။ သမ္မတ အပါအ၀င် အရပ်သား အစိုးရသစ်တဖွဲ့လုံး လစာသစ်ကို အပြည့်အ၀ မခံစားသေးဘဲ နအဖလက်ထက် အစိုးရအဖွဲ့ဝင်တွေ ခံစားတဲ့လစာကိုသာ ခံစားသွားမယ်လို့ သမ္မတ  ဦးသိန်းစိန်ပြောတဲ့အကြောင်း မြန်မာသတင်းစာတွေမှာ ဖော်ပြထားပါတယ်။ အစိုးရသစ်က ဘာကြောင့် လစာလျှော့ယူပါသလဲ

ဖြေ။     ။ အဓိကအချက်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမိန့်နဲ့ ပေးထားတဲ့ သူတို့လစာတွေက ပြည်သူတွေရဲ့ဝင်ငွေနဲ့ အရမ်းကွာနေတော့ ပြည်သူတွေ အုံကြွမှာ စိုးရိမ်ပီး ချွေးသိပ်တဲ့အနေနဲ့ လုပ်ပြတာပါ။ ရာသက်ပန် လျှော့ယူမယ်လို့ မပြောသလို ဘယ်လောက်ကြာအောင် လျှော့ယူမယ်လဲ ကတိပေးမထားပါ။

မေး။    ။ သမ္မတ  ဦးသိန်းစိန်ရဲ့ မိန့်ခွန်းအရဆိုရင် နိုင်ငံတော်ရဲ့ လက်ရှိအခြေနေ နိုင်ငံတော်ရဲ့ ငွေကြေးအခြေအနေနဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ရှေ့ရှုတဲ့အနေနဲ့ လစာသစ်ကို မခံစားသေးဘဲ နအဖလက်ထက်က လစာဟောင်းကိုသာ အစိုးရတဖွဲ့လုံး ခံစားမယ်လို့ ပြောပါတယ်။ ဟုတ်ပါသလား။

ဖြေ။     ။ မဟုတ်ပါ။ နိုင်ငံတော်ရဲ့ လက်ရှိအခြေနေ နိုင်ငံတော်ရဲ့ ငွေကြေးအခြေအနေနဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ရှေ့ရှုတယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမိန့်နဲ့ ထုတ်ထားတဲ့ ဥပဒေကို ဖျက်သိမ်းမှသာ ပြည်သူက ယုံမှာဖြစ်ပါတယ်။

နအဖလက်ထက်က လစာဟောင်းဆိုတာလဲ သိသူနည်းပါတယ်။ စစ်အစိုးရအာဘော်လို့ လူသိများတဲ့ ပိတောက်မြေ ဘလော့ဆိုက်အာဘော်အရဆိုရင် တလ ကျပ်ငွေ သိန်း၅၀ ရမဲ့ သမ္မတ  ဦးသိန်းစိန်က ယခင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ယူခဲ့တဲ့ လစာ တလ ကျပ်ငွေ ၁၂သိန်းသာယူမှာဖြစ်ပီး တလကျပ်ငွေ သိန်း ၃၀ ရမဲ့ ၀န်ကြီးတွေက နအဖ၀န်ကြီးလစာ တလကို ၆သိန်း သိန်း၂၀ ရမဲ့ ဒုဝန်ကြီးတွေက ယခင် နအဖဒုဝန်ကြီးလစာ ၄ သိန်းသာ ယူမယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့က နိုင်ငံခြားသတင်းစာဆရာတဦးကတော့ နအဖ၀န်ကြီးတဦးလစာက ပိတောက်မြေ ဘလော့ဆိုက်ပြောသလိုမဟုတ်ဘဲ တလကျပ်ငွေ ၄ သိန်းဖြစ်ပီး ဒုဝန်ကြီးလစာက ၃ သိန်းသာဖြစ်တယ်လို့ ပြောတဲ့အတွက် ဘယ်လစာကို အမှန်ထားပီး အစိုးရသစ်က ခံစားမယ်ဆိုတာ မသဲမကွဲ ဖြစ်နေပါတယ်။

နအဖအစိုးရလက်ထက် စစ်အစိုးရခေါင်းဆောင်တွေရဲ့လစာကို နအဖက မထုတ်ပြန်ခဲ့လို့ အတိအကျ မသိရတဲ့လစာမျိုးကို သမ္မတ  ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရသစ်က ခံစားမယ်လို့သာပြောပီး လစာကိန်းဂဏန်းကို သမ္မတ က ထဲ့မပြောလို့ ဘယ်လောက်လျှော့ယူမလဲဆိုတာ တိုင်းပြည်ကို မထုတ်ပြန်ဘဲ ရသလားဆိုတာလဲ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နောက်ဆုံးတိုးတဲ့လစာဆိုရင် ၁၂ သိန်းဖြစ်ပီး ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့လစာက ၁ဝ သိန်းဖြစ်ပါတယ်။ ၂ဝဝဝ ခုနှစ် ဧပြီ တရက်နေ့မှာတိုးတဲ့  ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခြေခံလစာက တသိန်း၅သောင်းဖြစ်ပါတယ်။ ၂ဝဝ၆ ခုနှစ်မှာ ထပ်တိုးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့လစာက တလကို ၁၂ သိန်းဖြစ်တာမို့ ၆နှစ်အတွင်း ၇ဝဝ ရာခိုင်နှုန်းတိုးလိုက်တဲ့ သဘောဖြစ်ပါတယ်။

၂ဝဝဝ ခုနှစ် ဧပြီ တရက်နေ့မှာတိုးတဲ့ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာက တလကို တသိန်းဘဲရှိပါတယ်။ ၂ဝဝ၆ ခုနှစ်မှာ ထပ်တိုးတဲ့ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာသစ်က ရှစ်သိန်းဖြစ်ပါတယ်။ ဒါကြောင့် ၆နှစ်အတွင်း မြန်မာ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာလဲ ၇ဝဝ ရာနှုန်းတက်လာပါတယ်။

ဗိုလ်မှူးချုပ်တဦးရဲ့လစာက ၃သိန်းရှိပီး ဗိုလ်ချုပ်တဦးရဲ့လစာက ၄သိန်းရှိပါတယ်၊ စစ်အစိုးရ ဝန်ကြီးတဦးရဲ့လစာကိုလဲ ၄ သိန်းပေးထားတဲ့အတွက် ဝန်ကြီးတဦးနဲ့ ဗိုလ်ချုပ်တဦး တန်းတူ ဖြစ်နေပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာကို ၆သိန်းပေးထားပီး ဗိုလ်ချုပ်ကြီးတဦးရဲ့လစာကို ၈သိန်းပေးထားပါတယ်။

ဆိုလိုတဲ့သဘောက တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ယူထားရတဲ့ နအဖခေတ် ဝန်ကြီးတဦးက ဒု ဗိုလ်ချူပ်ကြီးတဦးလောက် အရေးမပါတဲ့သဘော ဖြစ်ပါတယ်။ နအဖခေတ် ဒုဝန်ကြီး တဦးရဲ့လစာကိုလဲ ၃ သိန်းပေးထားတာမို့ ဗိုလ်မှူးချုပ်တဦးနဲ့ တန်းတူ ဖြစ်နေပါတယ်။ တဘက်ကြည့်တော့လဲ လစာ ၄သိန်းသာရတဲ့ တချိုံဝန်ကြီးတွေ ကား ၂ဒါဇင်ကျော် ထည်လဲ စီးနေတာ ဘယ်ကရတဲ့ငွေနဲ့ဝယ်တာလဲလို့ မေးစရာရှိပါတယ်။

အပေါ်ယံကြည့်ရင် လူထုက ဆင်းရဲနေချိန်မှာ အစိုးရခေါင်းဆောင်တွေက လစာသစ်ကို အပြည့်မခံစားထိုက်ဘူးလို့ သမ္မတ ဦးသိန်းစိန်ပြောတာ ကြိုဆိုထိုက်တယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ လစာသစ်ကို လုံးဝမခံစားတော့ဘူးလို့ ဦးသိန်းစိန်ပြောတာမဟုတ်သလို အချိန်ဘယ်လောက်ကြာကြာ နအဖအစိုးရအဖွဲ့ လစာဟောင်းနဲ့နေမယ်ဆိုတာလဲ သမ္မတ သစ်က ကတိပေးထားတာ မရှိပါဘူး။ ဒါကြောင့် လပိုင်းအတွင်းမှာဘဲ လစာသစ်ကို ပြန်လည်ခံစားတယ်ဆိုပီး လုပ်ခွင့်ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်နေပါတယ်။

ကျော်လှမောင်(ကျောက်ဖြူ) ဒီဇင်ဘာ ၆၊ ၂၀၁၁

Source:
-ချီးမြင့်ငွေ စရိတ်နဲ့ အဆောင်အယောင်များဆိုင်ရာ ဥပဒေ ၅ မျိုး
-Press reports
သ မ္မတ ဦး သိ န်း စိ န် အ စိုး ရ အ ဖွဲ့ လ စာ တွေ ဘ ယ် လို ယူ ထား သ လဲ သ မ္မတ ဦး သိ န်း စိ န် အ စိုး ရ အ ဖွဲ့ လ စာ တွေ ဘ ယ် လို ယူ ထား သ လဲ Reviewed by သစ်ထူးလွင် on 13:42 Rating: 5

8 comments:

မိုးယံ said...

သိန်းစိန်ကို ငါးဆယ်ပေးတာတော့ လွန်မယ်မထင်ပါဘူး... မစို့မပို့ရ... မလောက်မငှနဲ့ ပြန်ခိုး....သံသရာထဲက မထွက်ချင်ကြဘူးကိုး...တိုင်းပြည်တစ်ပြည်လုံးရဲ့ အမှုကိစ္စ ခေါင်းခံလုပ်နေရတာဗျာ... ရိုင်းရိုင်းပြောရရင် သူဌေးတစ်ယောက်က ဈေးသက်သာတဲ့ မော်ဒယ်တစ်ယောက်နဲ့ တစ်ညအိပ်ရင် ကုန်ကျသလောက်ပဲရှိပါတယ်...မြင်နေရတဲ့ သတင်းတွေအရ.... ရပ်ကွပ်ထဲ မုဒိန်းမှုဖြစ်လဲ သမ္မတဆီ တိုင်စာပို့ နေတဲ့..ကျုပ်တို့ပြည်သူတွေရဲ့ ဦးနှောက်နဲ့...အကျင့်ကတော့... တစ်ချိန်က လွတ်လပ်ရေးဖခင် ပြောခဲ့တယ်ထင်တာပဲ..ဘာတဲ့...“ လွတ်လပ်ပြီဆိုရင် လမ်းလယ်တက် ဆေးရိုးလှမ်းချင်တဲ့ စောက်ကျင့်တွေ” ဆိုတာမျိုးပေါ့။

Aye Aye Khaing said...

Above information is wrong. I am not sure that above pose is updated or not. I am sure that Minister's salary = Chairman' salary @ 6L only. not 30L...Although U Than Shwe recommend to pay salaries as mentioned list in your link, U Thein Sein changed that all by his authority and he allow to give salaries are equal amount of all as previous government....

linthiha said...

ခင်ဗျားတို့ကလည်း တစ်ခုခု ပြသာနာဖြစ်ရင် သမ္မတခေါင်းပေါ်ပုံချ သမ္မတ ကိုပဲ ရှင်းခိုင်း သမ္မတ ကိုပဲ အပြစ်ဖို့ကြတယ် ဒီ လစာကြတော့ လာတွက်နေကြတယ် သမ္မတဆိုတာ ဘုရင်ပဲလေ ဘုရင်က ဘုရင်နဲ့တူအောင်တော့ နေရမှာပေါ့ သူတောင်စားလိုနေရမှာလား သူ့နေရာနဲ့သူပေါ့ ခင်ဗျားတို့ကလည်း အပြစ်ပဲပြောချင်နေကြတယ်သူများကို အဲလောက်တောင် ပဲလား စိတ်ဓါတ်တွေက နှစ်ဖက်မျှတွေးကြမှပေါ့ဗျ...

mohto said...

ဆိုလိုချင်တာက တိုင်းပြည်သူပြည်သားတွေ ဆင်းရဲတွင်းနက်နေတာကို ဆိုလိုချင်တာလဲပါပါတယ်။ အဲဒီတော့ တိုင်းပြည်ခေတ်နောက်ကျအောင် ဘယ်သူတောင်းစားတွေက သောက်ကျင့်ပျက်ပြီးလုပ်သွားတာလဲ၊ ခု တိုင်းပြည်ကောင်းအောင်လုပ်ဖို့အရေးမှာ တာဝန်အကြောင်းပြပြီး သောက်ကျင့်ပျက်နေကြအုံးမှာလားလို့ ဆိုလိုချင်တာလဲပါတယ်။ နှစ်ဖက်မျှတွေးပါဟ ... ပြည်သူတွေငတ်နေတာကျ မသိဘူး၊ သောက်ကျင့်ပျက်တာပဲ လိုက်အားပေးနေတယ်။ အဲလိုကောင်တွေကြောင့် မကောင်းဆိုးဝါးတွေ သက်ဆိုးရှည်နေတာ။ တောက် .. ထွီ ။

ming said...

If a myanmar company hire a foreigner as a GM,or Technician,have to give
at least US$5000 in 2004.The GM technician also serves the company for that money.
For the prime minister,minister,how much salary-no problem,
The problems -dont get black money,black luxury,black opportunity,
-he must obey the laws and have to make his ministers ,all his staffs and all citizens obey the laws.
-serve the country for the salary and luxury

Laws(Justify or not) must be for all.The president cannot overtake the laws by Parliament.ALL OBEY.

There is a country whose president and government's salaries are more than US president n government's.It is in Asia.The western journalists asked the First prime minister of that country,"why give so much salary to ur ministers

and u take?"
The First prime minister said ,"Corruption will occur if not enough money"

I mean that salary is also ajusted for company staffs.

If NOT,if no laws or if not obey the laws----
how much renovate the country,
how many foreign investments( possible) come in the country,the local business men and some officials will be rich and others will poor .The poverty and corruption will be ever.And then--rob or hungry-or go and work in other country and accept their look-down

dadaoo said...

I think our leader are thinking they are very much sacrificed for people.

Thwe Khant said...

ဟုတ်ပြီ...ဒီလူတွေမဟုတ်ပဲနဲ့ အခု အတိုက်အခံပါဆိုတဲ့ လူတွေ တက်လာတဲ့အခါ ဒီလစာထက်လျှော့ယူဖို့ ပြင်မှာလား....နိုင်ငံအတွက် အလုပ်လုပ်ပေးတဲ့သူတွေ အနားယူသွားကြတဲ့အခါ ရပ်တည်ဖို့ ဘယ်လိုလုပ်ပေးမှာလဲ..လူမှုဖူလုံရေးရံပုံငွေ ထောင်ပြီးတော့လား....ကိုယ်ပိုင်စီးပွားရေးလုပ်ရင်လည်း နိုင်ငံဘဏ္ဍာ၊ ရထားတဲ့ အာဏာကို အလွဲသုံးစားလုပ်နေတယ်လို့ အထင်ခံရမယ်...ဘယ်လိုလုပ်မလဲ....ဆင်းရဲတယ်ဆိုတဲ့အထဲမှာ အဓိကက ကိုယ်တိုင်ချမ်းသာအောင်မကြိုးစားချင်ကြတာပဲ...ကျွန်တော်လည်းခုထိ ဆင်းရဲသားပဲ..မွေးကတည်းကဆင်းရဲလာတာ...ချမ်းသာချင်တာကတော့ လူတိုင်းလိုလိုပါပဲ...ဒါပေမယ့် ကျွန်တော်မလုပ်တော့ ကျွန်တော်မရဘူး...စားဖို့တောင် အနိုင်နိုင်ပါဆိုတဲ့လူရဲ့ ပင်ပန်းလို့ အပန်းဖြေတဲ့အရက်ဖိုးက အိမ်ရဲ့အသုံးစားရိတ်ထက်ပိုနေတယ်...ပတ်ဝန်းကျင်မှာ မြင်နေရတာပဲ....အဓိကကတော့ လူ့အရင်းအမြစ်ဖွံ့ဖြိုးဖို့လိုနေတာ....တစ်ခြားလူအပေါ် အပြစ်ပုံမချပဲ ကိုယ်တိုင်ကြိုးစားဖို့လိုနေတာ ...အလုပ်လုပ်ပါလျှက်နဲ့ အစိုးရပေါ်လစီကြောင့် ခံစားခွင့်မရတာမှ အစိုးရအပြစ်....အခု အစိုး၇အသစ်ပြောင်းသွားပြီ...ထိုက်သင့်သလောက်လည်း လုပ်နေတယ်...အလုပ် မလုပ်ပဲနဲ့တော့ မွဲလှချည်ရဲ့လို့အော်နေလည်း ဘယ်သူမှ သနားမှာမဟုတ်ဘူး...

htaik said...

My advise : please declare private properties before taking over the post of government.please adjust salary & facilities according to our country & world situation.

Powered by Blogger.