ရဲအရာရှိအယောင်ဆောင် နှစ်ဦးကို ဖမ်းဆီးအရေးယူ

မြန်မာ ရဲ (ဓါတ်ပုံ-googleimages)
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်၊ ပင်းကြိုးကျေးရွာတွင် ကသာခရိုင်ရဲတပ်ဖွဲ့မှ အရာရှိများဟု အယောင်ဆောင်၍ အလှူငွေကောက်ခံသူနှစ်ဦးကို ယခုလ ၁၄ ရက်က ပင်လည်ဘူးရဲစခန်းမှ ဖမ်းဆီးအရေးယူ အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၃ ရက်ညနေ ၅ နာရီမိနစ် ၃၀ အချိန်တွင် ပင်လည်ဘူးမြို့နယ် ပင်းကြိုင်းကျေးရွာနေ ဒေါ်ခင်စန်း၏ နေအိမ်သို့ အမည်မသိသူနှစ်ဦးရောက်ရှိကာ ၎င်းတို့သည် ကသာခရိုင်ရဲတပ်ဖွဲ့မှ အရာရှိများက ပြောဆို၍ ရွှေဘိုမြို့နယ်၊ ထူးကြီးကျေးရွာ၊ အမှတ် (၃) အခြေခံပညာ အလယ်တန်းကျောင်း ဆောက်လုပ်ရန်အတွက် အလှူငွေကောက်ခံခဲ့ရာ အိမ်ရှင်ဒေါ်ခင်စန်းက မသင်္ကာ၍ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်းတို့မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နေသူ သန်းထွန်း (၃၁ နှစ်)၊ မောင်မောင်နိုင် (၂၆ နှစ်) တို့ ဖြစ်သည်ဟု သိရသည်။

၎င်းတို့၏ ထွက်ဆိုချက်အရ ၎င်းတို့နှစ်ဦးသည် ယခင်ကလည်း ရဲတပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင်ခဲ့ကာ ပင်လည်ဘူးမြို့နယ်၊ မန်တန်ကျေးရွာနေသူ ဒေါ်ဝင်းကြည်၊ ဒေါ်ဖြူတို့၏ နေအိမ်တွင်လည်းကောင်း၊ မြေလင်းကျေးရွာနေ ဒေါ်ညွှန့်၏ နေအိမ်တွင်လည်းကောင်း လိမ်လည်အလှူခံခဲ့ဖူးကြောင်း စုံစမ်းသိရသဖြင့် ၎င်းတို့နှစ်ဦးကို ပင်လည်ဘူးရဲစခန်းမှ (ပ) အမှတ် ၁၄၇/၂၀၁၁ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀/၄၆၈ အရ အမှုဖွင့်အရေးယူထားကြောင်း 7 DAY NEWS Journal တွင် ဖော်ပြထားပါသည်။
By: သစ်ထူးလွင်
ရဲအရာရှိအယောင်ဆောင် နှစ်ဦးကို ဖမ်းဆီးအရေးယူ ရဲအရာရှိအယောင်ဆောင် နှစ်ဦးကို ဖမ်းဆီးအရေးယူ Reviewed by သစ်ထူးလွင် on 17:12 Rating: 5

1 comment:

thida said...

In Myanmar, to make money with the right way is very hard. Even food for daily life is not enough. Because government does not take care of the people. Government himself is not enough for food. And our country people need to work hard. Our country people need education. Government tried to destroy the education sector, including almost all other sectors, in the past. So the people knowledge become low. So... so.. so..

Powered by Blogger.