မီးဘေးကယ်ဆယ်ရေး စခန်းနေရာပြောင်းရွှေ့ 

ပုဇွန်တောင်မြို့နယ်အတွင်းရှိ ကူးတို့ဆိပ်ရပ်ကွက် ကူးတို့ဆိပ်လမ်းအတွင်းဖြစ်ပွားခဲ့သော ပေါက်ကွဲမှု ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရသည့် ဒုက္ခသည်များကို ပထမထားရှိရာကယ်ဆယ်ရေးစခန်းဖြစ်သည့် သမိန်ပရမ်းလမ်းမပေါ်ရှိ မဟာဝိဇယဘုန်းကြီးကျောင်းမှ အနီးအနားရှိ အ.မ.က ၂၀ နှင့် ၂၄ တို့သို့ ပြောင်းရွှေ့လိုက်ပြီဖြစ်သည်။

အဆိုပါဘုန်းကြီးကျောင်းမှာ နှစ်ပေါင်း ၁၃၀ ခန့်သက်တမ်းရှိပြီဖြစ်သဖြင့် လူအုပ်ဒဏ်ကို မခံနိုင် မည်စိုးသဖြင့် ယခုကဲ့သို့ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း ယင်းနေရာတွင် တာဝန်ထမ်းဆောင်နေသည့် မီးသတ်ဝန်ထမ်းများထံမှသိရသည်။

ထို့အပြင် ဒုက္ခသည်များအတွက် အစားအသောက်၊ အသုံးအဆောင်ပစ္စည်း များကို ပုဂ္ဂလိကနှင့် အစိုးရဘက်မှ အများအပြားလာရောက်လှူဒါန်းနေကြသဖြင့် လိုအပ်ချက်များမရှိသလောက်ရှိကြောင်း ကယ် ဆယ်ရေးစခန်းရောက် ဒုက္ခသည်များထံမှသိရသည်။

"ပစ္စည်းတွေက သယ်လို့တောင်မနိုင်ပါဘူး။ နောက်နေ့အတွက် အစားအသောက်တွေတောင် ပိုလျှံနေပါတယ်။ အစစတော့ပြည့်စုံပါတယ်။ အိမ်တွေကိုလည်း ပြန်ချပေးမယ်ကြားနေတယ်" ဟု အဆိုပါရပ် ကွက်အတွင်းနေထိုင်သူ ကယ်ဆယ်ရေးစခန်းရောက် အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးကပြောသည်။

ထူးကုမ္ပဏီအပါအ၀င် နာမည်ကြီးပုဂ္ဂလိကကုမ္ပဏီများကလည်း အစားအသောက်နှင့် အဝတ် အထည်များအပြင် ငွေကြေးများကိုပါ အများအပြားထည့်ဝင်လှူဒါန်းထားကြသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးများထံမှသိရသည်။

သေဆုံးသွားသော မီးသတ်ဝန်ထမ်းငါးဦးအတွက် တစ်ဦးလျင် ကျပ် ဆယ်သိန်းစီ ထူးကုမ္ပဏီက လှူဒါန်းသွားမည်ဖြစ်ပြီး ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေကြသည့် ဒုက္ခသည်များအတွက် သိန်းတစ်ရာ့ငါးဆယ်နှင့် ဆေးရုံများသို့ရောက်ရှိကြသည့် ဒဏ်ရာရသူများအတွက် ကျပ်သိန်း တစ်ရာကိုလှူဒါန်းထားကြောင်းသိရသည်။
7Day News
မီးဘေးကယ်ဆယ်ရေး စခန်းနေရာပြောင်းရွှေ့  မီးဘေးကယ်ဆယ်ရေး စခန်းနေရာပြောင်းရွှေ့  Reviewed by သစ်ထူးလွင် on 19:16 Rating: 5

4 comments:

Eagle said...

စလုံးက နေပြီး .အလှုခံငွေများ မိမိတက်နိုင်တက်ဘက်ကနေ လှုဒါန်းဖို့ရန်အတွက်.. ဆက်သွယ်လို့ရနိုင်တဲ့ ဖုန်းနံပါတ်နဲ့ . လူပုဂိုလ် နာမည် ..ရှိပါသလားရှင်..!

singapore said...

91855529

winnaing said...

လှုှုဒါန်းမှု့များကိုနယ်မှပေးပို့ချင်ပါတယ်လိပ်စာရချင်တယ်

Violin Angle said...

Hey guys, you should connect with the group like NLD or go and donate yourself. It's more feel assured. This is only suggesting.

Powered by Blogger.