စီး​ပွား​ရေး​နှင့်​ မှုခင်း​ဥပ​ဒေ ဂျာနယ် မဂ္ဂဇင်း​များ​ စိစစ်​ရေး​ ကင်း​လွတ်ခွင့်​ရ

စီး​ပွား​ရေး​နဲ့​ မှုခင်း​၊​ ဥပ​ဒေ အမျိုး​အစား​ ဂျာနယ်နဲ့​မဂ္ဂဇင်း​တွေကို စာ​ပေစိစစ်​ရေး​တင်စရာမလိုဘဲ ထုတ်​ဝေခွင့်​ပြုလိုက်ပါတယ်။
လာမယ့်​ ၉ ရက်​နေ့​ကစပြီး​ စာ​ပေစိစစ်​ရေး​ တင်စရာမလိုဘဲ ထုတ်​ဝေခွင့်​ရမယ်လို့​ ဒီ​နေ့​ပြုလုပ်တဲ့​ စိစစ်​ရေး​ အစည်း​အ​ဝေး​တခုမှာ စာ​ပေစိစစ်​ရေး​ဌာန ညွှန်ကြား​ရေး​မှူး​က ​ပြောလိုက်တာပါ၊​။
စီး​ပွား​ရေး​ နဲ့​ မှုခင်း​ဂျာနယ်​ပေါင်း​ ၃၂ ​စောင်နဲ့​ မဂ္ဂဇင်း​ ၂၂ ​စောင်တို့​ စိစစ်​ရေး​ တင်စရာမလိုဘဲ ထုတ်​ဝေခွင့်​ ရရှိကြ​တော့​မယ်လို့​ အစည်း​အ​ဝေး​တက်ခဲ့​တဲ့​ ဂျာနယ်အယ်ဒီတာတဦး​က ​ပြောပါတယ်။
သတင်း​ဂျာနယ်၊ ​ ပညာ​ရေး​နဲ့​ ဘာသာ​ရေး​အမျိုး​အစား​ ဂျာနယ်၊​ မဂ္ဂဇင်း​တွေက​တော့​ ကင်း​လွတ်ခွင့်​မရ​သေး​ဘဲ စိစစ်​ရေး​တင်ပြီး​မှ ထုတ်​ဝေကြရဦး​မယ်လို့​ ဆိုပါတယ်။
ပထမအကြိမ် အနုပညာသတင်း​ ဂျာနယ်​တွေ ကင်း​လွတ်ခွင့်​ပြုခဲ့​တာနဲ့​ အခုတကြိမ် ကင်း​လွတ်ခွင့်​ ပြုခဲ့​တဲ့​ကြား​ထဲ အချိန်​ခြောက်လ ကြာခဲ့​တာမို့​ ကျန်​နေ​သေး​တဲ့​ သတင်း​ဂျာနယ်​တွေ ဘယ်​လောက်ကြာမှ စိစစ်​ရေး​ကင်း​ လွတ်ခွင့်​ရနိုင်ပါမလဲဆိုတာနဲ့​ ပတ်သက်ပြီး​ ရန်ကုန်တိုင်မ်း​ မီဒီယာဂရုက ဦး​ကိုကို(စက်မှု)က အခုလို မှတ်ချက်​ပေး​ပြောဆိုပါတယ်။
“၆ လ​လောက်​တော့​ မကြာနိုင်​လောက်​တော့​ဘူး​လို့​ ကျ​နော့်​စိတ်ထဲမှာ ထင်ပါတယ်။ ဘာလို့​လည်း​ဆို​တော့​ ယ​နေ့​သတင်း​ဂျာနယ်​တွေရဲ့​ အခင်း​အကျင်း​ပုံစံက ကြည့်​ရတာ ​တော်​တော်များ​များ​က ​ရေး​ခွင့်​တွေရလာတယ်။ ဓာတ်ပုံ​တွေ​တော်​တော်များ​များ​ ​တော်​တော်​လေး​ သုံး​ခွင့်​ရလာတဲ့​အခါမှာ ဆင်ဆာဆိုတာက အရင်​လောက် မရှိ​တော့​ဘဲ ပါး​ပါး​လေး​လောက်ပဲ ရှိလာ​တော့​တဲ့​အခါမှာ စီး​ပွား​ရေး​ကိစ္စ၊​ မှုခင်း​ဂျာနယ်ကိစ္စ​တွေ ပြီး​သွား​ရင်​တော့​ သတင်း​ဂျာနယ်​တွေက ကျ​နော်ထင်တယ်။ ၂လ၊​ ၃ လ​လောက်အကြာမှာ သတင်း​ဂျာနယ်​တွေ ကင်း​လွတ်ခွင့်​ပေါ့​၊​ အုပ်စု-၁ ထဲကို ထည့်​ပေး​မယ့်​ အ​နေအထား​တွေ ရှိမယ်လို့​ ​မျှော်လင့်​ပါတယ်။”
ပြီး​ခဲ့​တဲ့​ ဇွန်လအတွင်း​မှာ အနုပညာ၊​ ကျန်း​မာ​ရေး​၊​ က​လေး​၊​ နည်း​ပညာနဲ့​ အား​ကစား​စတဲ့​ စာ​ပေအမျိုး​အစား​ ငါး​မျိုး​ကို ပထမအကြိမ်ကင်း​လွတ်ခွင့်​ ​ပေး​ခဲ့​ပါတယ်။
ခြောက်လအ​ တောအတွင်း​ ဂျာနယ်​တွေ လုပ်ရကိုင်ရတဲ့​ အ​ခြေအ​နေကို အလင်း​တန်း​ အနုပညာဂျာနယ် အယ်ဒီတာချုပ် ဦး​ဝင်း​ငြိမ်း​က ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အနုပညာရှင်​တွေ ​တွေ့​ဆုံတဲ့​သတင်း​ ​ရေး​သား​ဖော်ပြပုံကို ဥပမာ​ပေး​ပြီး​ ခုလို​ပြောပြပါတယ်။
“​ဒေါ်​ အောင်ဆန်း​စုကြည်နဲ့​ ဂီတပညာရှင်​တွေနဲ့​ ​တွေ့​တယ်ဆိုတာ တကယ့်​ တကယ်ကျ​တော့​ သူတို့​က ပညာ​ရေး​ရန်ပုံ​ငွေ ရှာဖို့​အတွက်ကို ​ဒေါ်​အောင်ဆန်း​စုကြည်က အနုပညာရှင်​တွေကို ​ခေါ်​ပြောတဲ့​ကိစ္စပါ။ ပညာ​ရေး​ရန်ပုံ​ငွေ ရှာ​ပေး​ဖို့​ကိစ္စကို ​ခေါ်​တွေ့​တာ​လောက်ပဲ ​ဇောင်း​ပေး​ပြီး​ရေး​တယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ခေါ်​တွေ့​တယ်ဆိုတာကို သီး​ခြား​ highlight လုပ်ပြီး​တော့​ မ​ရေး​တော့​ဘူး​။ ဥပမာ အခု ရုပ်ရှင် အနုပညာရှင်​တွေနဲ့​တွေ့​တာလည်း​ ဗိုလ်ချုပ်​အောင်ဆန်း​ အတ္ထုပ္ပတ္တိကို ဇာတ်ကား​ရိုက်ဖို့​ဆိုတာကို သိရတယ်။ ဒါ​ပေမယ့်​ အဲဒါကြီး​ကို သိပ်ပြီး​တော့​ မတင်ထား​ဘူး​။ ခပ်ဖွဖွ​လေး​ပဲ အနုပညာဘက်ကပဲ ​ဇောင်း​ပေး​ထား​တဲ့​ပုံစံမျိုး​ပေါ့​။ အဲလိုမျိုး​ ကျ​နော်တို့​ဘက်ကလည်း​ ​ရှောင်ရတာလည်း​ ရှိတာ​ပေါ့​။”
အနုပညာဂျာနယ်ဖြစ်တဲ့​အတွက် အခြား​ပြည်တွင်း​သတင်း​တွေ​တော့​ ထည့်​သွင်း​ဖော်ပြခွင့်​ မရ​တော့​ပါဘူး​။
ပြီး​ခဲ့​တဲ့​ နိုဝင်ဘာလအတွင်း​ သမ္မတရဲ့​အကြံ​ပေး​ ဦး​ကိုကိုလှိုင်က စာ​ပေစိစစ်​ရေး​ဆိုတာ ​နောင်နှစ်ထဲရှိ​တော့​မှာ မဟုတ်ပါဘူး​လို့​ ပြည်ပသတင်း​ဌာနကြီး​တခုကို ထုတ်​ဖော် ​ပြောဆိုခဲ့​ဖူး​ပါတယ်။
အမည်မ​ ဖော်လိုတဲ့​ ပြန်ကြား​ရေး​ အရာရှိကြီး​တဦး​ကလည်း​ လာမယ့်​နှစ်ထဲ လွှတ်​တော်ကို တင်သွင်း​ဖို့​ရှိတဲ့​ မီဒီယာဥပ​ဒေကြမ်း​မှာ မည်သည့်​စာနယ်ဇင်း​ကိုမှ ဆင်ဆာဖြတ်ခွင့်​ မရှိ​စေရဆိုတဲ့​စာသား​ ထည့်​သွင်း​ထား​တယ်လို့​ ဒီဗွီဘီကို ​ပြောပါတယ်။ 
ဒီဗွီဘီ
စီး​ပွား​ရေး​နှင့်​ မှုခင်း​ဥပ​ဒေ ဂျာနယ် မဂ္ဂဇင်း​များ​ စိစစ်​ရေး​ ကင်း​လွတ်ခွင့်​ရ စီး​ပွား​ရေး​နှင့်​ မှုခင်း​ဥပ​ဒေ ဂျာနယ် မဂ္ဂဇင်း​များ​ စိစစ်​ရေး​ ကင်း​လွတ်ခွင့်​ရ Reviewed by သစ်ထူးလွင် on 20:26 Rating: 5

2 comments:

Myat Myo Latt said...
This comment has been removed by the author.
Myat Myo Latt said...

စာပေစိစစ်ရေးမရှိတော့ရင် စာရေးဆရာ၊မီဒီယာသမားများအနေနှင့် မိမိတို့
အနုပညာကိုလွတ်လွတ်လပ်လပ်တင်ပြဖန်တီးခွင့်ရမှာမို့ ၀မ်းသာစရာပါ။
ဒါပေမယ့်တစ်ဖက်ကလည်း တာဝန်တွေပိုလာမယ်လို့ထင်ပါတယ်။ ဒါက
ဘာလဲဆိုတော့ စာရေးသူ သတင်းရေးသူတွေဟာ မိမိတို့နဲသက်ဆိုင်တဲ့ လက်ရှိ တည်ဆဲဥပဒေတွေကိုသေသေချာချာလေ့လာသိရှိထားဖို့တော့လို
အပ်ပါလိမ့်မယ်။ ဒါမှသာ ဥပဒေအရတရားစွဲဆိုခံရမှုတွေ ကင်းဝေးနိုင်ပါလိမ့်မယ်။

Powered by Blogger.