တရုတ်ရေနံပိုက်လိုင်း စီမံကိန်းမှာ ပါဝင်တဲ့ နော်ဝေ အစိုးရကို ရွှေဂက်စ် ရှုတ်ချ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က တရုတ် ရေနံဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ သတိပေးချက်ကို မျက်ကွယ်ပြုလိုက်တဲ့ နော်ဝေ အစိုးရရဲ့ လုပ်ရပ်အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြစ်တင် ရှုတ်ချ လိုက်ပါတယ်။
Photo: Shwe Gas Movement
ရခိုင်ပြည်နယ်မှ သဘာဝ ဓာတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ပို့ဆောင်မည့် ရွှေ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအတွက် ကျောက်ဖြူမြို့အနီးတွင် စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေပုံ ဖြစ်ပါသည်။ (Photo: Shwe Gas Movement)
နော်ဝေ အစိုးရရဲ့ အငြိမ်းစား ပင်စင်ရံပုံငွေတွေကို ရခိုင်ပြည်နယ်မှာ တရုတ် အစိုးရပိုင် CNPC ကုမ္ပဏီ တည်ဆောက်နေတဲ့ ရေနံနဲ့ ဓါတ်ငွေပိုက်လိုင်း စီမံကိန်းမှာ ရင်းနှီး မြှုပ်နှံမယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပံ့ပိုးပေးရာ ရောက်လိမ့်မယ် ဆိုပြီး နော်ဝေ ကျင့်ဝတ်ကောင်စီ အဖွဲ့က သတိပေး တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နော်ဝေ အစိုးရ ဘဏ္ဍာရေး ၀န်ကြီးဌာနက ဒီသတိပေးချက်ကို လက်မခံဘဲ တရုတ် CNPC ကုမ္ပဏီ လက်အောက်ခံ ပတ်ထရို ချိုင်းနား (Petro China) ကုမ္ပဏီမှာ အမေရိကန် ဒေါ်လာ သန်း (၉၀) ထည့်ဝင် မြှုပ်နှံ မယ်လို့ အခု သီတင်းပတ် အတွင်း ကြေညာခဲ့ပါတယ်။ ဒါကြောင့် နော်ဝေ အစိုးရရဲ့ လုပ်ရပ်ဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်နေသူတွေကို ကူညီ အားပေးရာ ရောက်နေပြီး၊ အရှက် သိက္ခာ ကင်းမဲ့စေတယ်လို့ ရွှေဂက်စ် (Shwe Gas) လှုပ်ရှားမှု အဖွဲ့က ဒီဇင်ဘာလ (၈) ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ တရုတ်ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် မြေသိမ်းမှု၊ နေရာ အဓမ္မပြောင်းရွှေ့မှု၊ လုပ်အားပေး ခိုင်းစေမှု၊ ထင်ရာမဲ့ ဖမ်းဆီးမှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်နေတဲ့ အတွက် ဒီရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းသွားအောင် နည်းလမ်းမျိုးစုံနဲ့ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ လည်း ရွှေဂက်စ် လှုပ်ရှားမှုအဖွဲ့ တာဝန်ခံ ကိုဝမ်းအောင်က ပြောပါတယ်။ နော်ဝေအစိုးရရဲ့ ပင်စင်ရံပုံငွေကို ရခိုင်ကမ်းလွန်က ရွှေသဘာဝ ဓါတ်ငွေ့ ထုတ်လုပ်ရေး လုပ်ကွက်မှာ ပါဝင် လုပ်ကိုင်နေတဲ့ ကိုးရီးယား အခြေစိုက် ဒေ၀ူး အင်တာနေရှင်နယ်၊ ကိုးဂတ်စ် (KOGAS) ကုမ္ပဏီ၊ ပေါ်စကို (Posco)နဲ့ အိန္ဒိယ ဂေးလ် (GAIL) ကုမ္ပဏီတွေမှာလည်း ထည့်ဝင်ထားတယ်လို့ သိရပါတယ်။ 
 
RFA
တရုတ်ရေနံပိုက်လိုင်း စီမံကိန်းမှာ ပါဝင်တဲ့ နော်ဝေ အစိုးရကို ရွှေဂက်စ် ရှုတ်ချ တရုတ်ရေနံပိုက်လိုင်း စီမံကိန်းမှာ ပါဝင်တဲ့ နော်ဝေ အစိုးရကို ရွှေဂက်စ် ရှုတ်ချ Reviewed by သစ်ထူးလွင် on 10:17 Rating: 5

1 comment:

bone said...

လူ့အခွင့်ရေးချိုးဖေါက်နေတာကိုလူတိုင်းကသိတယ်ဗျာ ဒါပေမဲ့ကျနော်တို့ကဘယ်လိုလုပ်လို့ရပါ့မလဲကျနော်တို့ ဆင်းရဲတွင်းကိုကိုယ့်ဘာသာကိုခုန်ဆင်းဖို့ဘဲကျန်တော့တယ်ဗျာဒီကောင်တွေလူစိတ်မရှိတာကိုတော့မပြောချင်တော့ပါဘူး အစိုးရကလဲပိုက်ဆံရရင်သူ့သားသမီးတွေကိုပါ တရုတ်နဲ့အပေါင်းပါနိုင်ငံတွေကိုရောင်းဖို့ရှိတာကို ခင်များတို့မသိကြသေးဘူးလားတော်တော်ညံ့ကြတာဘဲဗျာ ဒီဓာတ်ငွေ့လောက်ကိုမပြောနဲ့အစိုးရကိုဒီကောင်တွေကမလိမ့်တပါတ်လုပ်နေတာကိုသူတို့သိမှာမဟုတ်ပါဘူးဗျာ ချူစားလို့ရသလောက်စားမှာဘဲ ရတဲ့ကောင်တွေကတော့ အော်ဘာတဲ့ဒီမိုကရေစီ ဒီမိုကရေစီ ကောင်းလိုက်တဲ့ဒီမိုကရေစီ တို့အစိုးရ နောက်ထပ်ဘယ်လောက်များရောင်းစားအုံးမလဲမသိတော့ပါဘူးသူ့တို့သမီးချောချောလေးတွေကိုတောင်ရောင်စားပါတယ် ဆိုမှတို့တိုင်းရင်းသားတွေဆိုပြောစရာလိုလို့လားဗျာ ခံစရာရှိတာကိုခံဖို့ဘဲပျင်ကြပါတော့ဘာလောက်ခံရမှာလဲတော့မသိဘူးခံတော့ခံရမှာဘဲ တိုင်းရင်းသားတွေကိုနည်းအမျိုးမျိုးနဲ့ဖိနှိပ် အနိုင်ကျင်းတိုင်းရင်းသားတွေဆီကထွက်တဲ့ သယံဇာတကိုတော့သူတို့ရောင်းစားတိုင်းရင်းသားတွေက မီးခွက်နဲ့နေသားကြနေပြီ ဆိုဘဲလျှစ်စစ်မီးပေးစရာမလိုပါဘူးလို့ထင်နေတယ်နဲ့တူတယ် ဒါလားဒီမိုကရေစီ အစိုးရ အင်းရှေ့ကိုကျနော်တို့မြန်မာနိုင်ငံတော်ကမြန်မာတိုင်းရင်သားတွေဘယ်လိုများလုပ်ကြမလဲ လုပ်စရာကတော့တစ်ခုတော့ရှိတယ်တိုင်းရင်းသားတွေအကုန်လုံး ဒီလိုဆိုရင်တော့ဖြစ်လာနိုင်စရာရှိတယ် ကျနော်နိုင်ငံအတွက် ကျနော်လည်းတစ်ဖက်တစ်လမ်းကကူညီရာလည်းရောက်မယ် ကိုယ့်နိုင်ငံကောင်းစားစေချင်တဲ့ဆန္ဒလည်းဖြစ်တယ် တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံမှုကိုမခွဲခြားရအောင်ကူညီရာလည်းဖြစ်တယ် နိုင်ငံတော်ကထွက်တဲ့ပစ္စည်းတွေကိုနိုင်ငံတော်ကတစ်ဝက်သုံးရမယ် ဒါမှမဟုတ် သုံးပုံတစ်ပုံ ဘဲဖြစ်ဖြစ်တစ်ခုခုရအောင်လုပ်ရမယ် နောက်ပြီး တိုင်းရင်သားတွေကိုလုံးဝအကြောင့်မဲ့သက်သက်မတိုက်ခိုက်ပါဘူးဆိုတဲ့ သဘောတူချက်လည်းရအောင် ပင်လုံညီလာခံမျိုးတိုင်းရင်းသားအားလုံးသဘောတူလက်မှတ်ထိုးရအောင် ကျနော်တို့တိုင်းရင်းသားတွေကအပိုမတောင်းပါဘူး ရသင့်ရထိုက်တာကို လုပ်ပေးထိုက်လုပ်ပေးသင့်တဲ့ဟာတွေတောင်းမယ် ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာတွေတောင်းမယ် ပေးသင့်ပေးနိုင်တဲ့အရာတွေကိုတောင်းရအောင် ကျနော်တို့မြန်မာနိုင်ငံသားတွေဟာတစ်ရုတ်ရဲ့လက်အောက်မှာရောက်နေရသလိုဘဲ ဒီအစိုးရတွေကိုဘယ်နေရာမှာဘာဖြစ်နေတယ်လုပ်ပေးပါ ဒီနေရာမှာဘာဖြစ်နေတယ်လုပ်ပေးပါ..ကျနော်ပြည်နယ်မှာဘာလိုအပ်တယ်ညာလိုအပ်လို့ပြောလို့ရမဲ့လူတွေမှမဟုတ်တာလေကုန်ရုံကလွဲလို့ ဘာမှဖြစ်မလာတာအမှန်ပါ ဒါကြောင့်မြန်မာနိုင်ငံသားတွေအားလုံး.... တိုင်းရင်းသားတွေအားလုံး .......စည်းစည်းရုံးရုံး.... ... . . . . ညီညီညွတ်ညွတ် ......တက်တက်ကြွကြွ.... . . . တက်ညီလက်ညီ.... . ဘယ်တော့ မှနောက်မဆုတ်ဘဲ.......လူမျိုးရေးမခွဲဖြားဘဲ....ရှေ့သို့ချီရအောင်....သေရင်မြေကြီး ရှင်ရင်တော့ဘာဖြစ်လာမလဲ...ဆိုတာကိုတော့..... တို့မြန်မာ့ သွေးကိုပြရမယ် ............ကဲ..........................တို့မြန်မာတွေအားလုံး...................................................လမ်းပေါ်........................................ကို....ထွက်ဖို့......အတွက်...........................ပြင်ဆင် ကြ စို့ .......... အားလုံးကိုလေးစားပါတယ်..............ဘုန်းမြတ်ကောင်း....... ခတ္တ...........မလေးရှား.........................

Powered by Blogger.