Derek Mitchell |
(7 December 2011 ရက်စွဲပါ The Japan Today မှ U.S envoy on Myanmar to visit Japan, China, S Korea ကို ဘာသာပြန်ဆိုသည်)
နိုင်ငံခြားရေးဝန်ကြီး
ဟီလာရီကလင်တန်၏ တရုတ်မဟာမိတ် မြန်မာနိုင်ငံသို့ ခရီးစဉ်အပြီးတွင်
အမေရိကန်နှင့် တရုတ်တို့သည် လာမည့် အပတ် တွင် မြန်မာနိုင်ငံ၏
ဖြစ်ပေါ်တိုးတက်မှုများအကြောင်း ဆွေးနွေးကြမည်ဟု အမေရိကန် တာဝန်ရှိသူ တစ်ဦးက
အင်္ဂါနေ့က ပြောကြားလိုက်သည်။
မြန်မာနိုင်ငံအတွက် အမေရိကန်အထူးကိုယ်စားလှယ် Derek
Mitchell သည် ယခုအပတ်တွင် ဂျပန်နှင့် တောင်ကိုးရီးယားတို့၌ ဆွေးနွေးအပြီး
ဒီဇင်ဘာ 12-13 တွင် Beijing သို့ သွားရောက်လည်ပတ်မည်ဟု အမည်မဖော်လိုသူ
အဆိုပါတာဝန်ရှိသူက ဆိုသည်။
ကလင်တန်၏ ပြီးခဲ့သည့်အပတ်က ခရီးစဉ်သည် နှစ်ပေါင်း
ငါးဆယ်အတွင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံး အမေရိကန် ထိပ်တန်းတာဝန်ရှိသူ
တစ်ဦး၏ ခရီးစဉ်ဖြစ်ခဲ့ပြီး အတိုက်အခံနှင့် တိုင်းရင်းသားများနှင့်
တွေ့ဆုံမှုကို ဖွင့်ပေးခဲ့သော မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးများကို
အားပေးရန် သွားခဲ့ခြင်း ဖြစ်သည်။
သူမ၏ ခရီးစဉ်သည် ပူးပေါင်းဆောင်ရွက်ရေးအတွက်သာဖြစ်ပြီး
တရုတ်ကို စိန်ခေါ်ရန်ရည်ရွယ်ခြင်း မဟုတ်ကြောင်း တရုတ်က လိုလားသည်။ သို့သော်
သူမ၏ ခရီးစဉ်မှာ အမေရိကန်၏ အာရှတွင် ၎င်း၏ တည်ရှိမှု မြှင့်တင်ရန်
ကြိုးစားချိန်တွင် ပစိဖိတ်အင်အားကြီးများကြား အဆင်မပြေသော ဆက်ဆံရေးများ
ဖြစ်ပေါ်နေချိန်တွင် လာရောက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ စစ်တပ်နောက်ခံပြုအစိုးရသည်
တရုတ်အပေါ်အဓိကထောက်ပံ့ပေးသူအဖြစ် သတ်မှတ်ထားသော်လည်း၊ မြန်မာနိုင်ငံတွင်
ပြည်သူ အများစုက Beijing ၏ လွှမ်းမိုးမှုကြီးလာသောကြောင့် ခါးခါးသီးသီး
ခံစားလာကြရသည်။
အမေရိကန်အနေဖြင့် မြန်မာနိုင်ငံကို ချမှတ်ထားသော
အရေးယူမှုများ ရုတ်သိမ်းပေးရန် တရုတ်က တိုက်တွန်းပြီး ကလင်တန်၏ ခရီးစဉ်ကို
တုန့်ပြန်ခဲ့ သည်။ ဝါရှင်တန်ကမူ နောက်ထပ် ပြုပြင်ပြောင်းလဲမှုများ မရှိသေးပဲ
ရုတ်သိမ်းရန် စောသေးသည်ဟု ပြောကြားခဲ့သည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည်
၎င်း၏ အိမ်နီးချင်းနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးရှိနေစေရန်
မျှော်လင့်ကြောင်း ပြောပြီး တရုတ်၏ စိုးရိမ်ပူပန်နေမှုကို
ဖြေလျော့ပေးခဲ့သည်။
Mitchell သည် ကြာသပတေးနေ့တွင် တောင်ကိုးရီးယား၌
ဆွေးနွေးမည်ဖြစ်ပြီး ထိုနေ့တွင်ပင် ဂျပန်နိုင်ငံသို့ ခရီးဆက်မည်ဖြစ်ကြောင်း
အဆိုပါ အမေရိကန် တာဝန်ရှိသူက ပြောသည်။ အဆိုပါ နှစ်နိုင်ငံသည်
အမေရိကန်မူဝါဒ နှင့် မတူဘဲ မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ဆက်သွယ်မှုကို
ထိန်းသိမ်း ထားသော နိုင်ငံများ ဖြစ်သည်။
ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံကို
အုပ်ချုပ်ခဲ့ပြီး၊ သမိုင်းအကြောင်းအရ မြန်မာနိုင်ငံ၏ ထိပ်တန်းအကူအညီပေးသူ
ဖြစ်ခဲ့သည်။ သို့သော် အမေရိကန်၏ ဖိအားပေးမှုကြောင့် ဂျပန်သည် 2003 ခုနှစ်
ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရပြီးချိန်တွင် အကူအညီအများစုကို
ဖြတ်တောက်ခဲ့သည်။ သို့သော် ဂျပန်နိုင်ငံသည် မကြာမီက အကူအညီများပြန်ပေးရန်
စတင်စကားပြောနေပြီ ဖြစ်သည်။
YC
Myanmar News Now
*********************************
မြန်မာနိုင်ငံအတွက် အမေရိကန်အထူးကိုယ်စားလှယ် ဂျပန်၊ တောင်ကိုးရီးယားနှင့် တရုတ် နိုင်ငံသွားမည်
Reviewed by သစ်ထူးလွင်
on
08:56
Rating:
No comments:
Post a Comment